Decoration လုပ်မယ်ဆိုရင် အရင်ဆုံး ကိုယ့်အိမ်၊ အခြေအနေကိုကြည့်ပြီးမှ စဉ်းစားစေချင်တဲ့ LEO Design & Decoration မှ ကိုမျိုး

amazing_home_decor_ideas.jpg

လူနေမှုအဆင့်အတန်းတွေတိုးတက် မြင့်မားလာကြတာနဲ့ အညီလူတွေဟာမိမိနေထိုင်ရာတိုက်တာ၊ အဆောက်အအုံတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖန်တီးလာမှုတွေ ရှိလာကြပါ ပြီ။ အခုလို ပြောင်းလဲတိုးတက်လာတဲ့ ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး LEO Design&Decoration မှ ကိုမျိုးကို ခုလိုမေးမြန်း ဖြစ်ခဲ့ပါတယ်။

ဆောက်လုပ်ရေးအပိုင်းတွေလုပ်ကိုင်ပေးရတဲ့ အခါမှာ တစ်ခြားအဖွဲ့နဲ့ချိတ်ဆက် ပြီးဆောက်လုပ် တာပါလား။ ကိုယ့် အဖွဲ့အစည်းနဲ့ ကိုယ်ဆောက်လုပ်တာပါလား။

ကျွန်တော်တို့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ဆောက်လုပ်တာဖြစ်ပါတယ်။ တစ်ခြားအဖွဲ့အစည်းနဲ့ လည်း ချိတ်ဆက်ပြီးလုပ်ပေးပါတယ်။

အစ်ကိုတို့ဘက်က တာဝန်ယူရတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ယူပေးရသလို Construction အပိုင်း၊ Decoration အပိုင်းနဲ့ပတ်သက်သမျှအကုန်လုံးကိုလည်း တာဝန်ယူပြီးလုပ်ကိုင်ပေးပါတယ်။

ဒီဇိုင်းရေးဆွဲပေးတာနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ဒီဇိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ ဆီမှာအလုပ်လာအပ်ကြတဲ့ Customer  တွေအတွက် ဒီဇိုင်းရေးဆွဲပေးပါတယ်။ Customer စိတ်ကျေနပ် မှုရှိတဲ့ အထိရေးဆွဲပေးပါတယ်။

ဒီဇိုင်းပညာနဲ့ ပတ်သက်ပြီးလေ့လာမှု ပြောပြပေးပါ။

ဒီဇိုင်းပညာနဲ့ ပတ်သက်ပြီးလေ့လာမှုတွေ ကတော့အင်တာနက် ကနေလေ့လာတာတွေလည်း ရှိပါတယ်။ သူများတကာရဲ့ဒီဇိုင်းပုံတွေကိုလည်း ကြည့်ပြီးသူတို့ ဘယ်လိုရေးဆွဲဖန်တီးထားကြတယ် ဆိုတာကို လေ့လာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်းခေတ်နောက် မကျရအောင် လို့ဒီဇိုင်းနဲ့ ပတ်သက်ပြီးအမြဲလေ့လာဆန်းစစ်နေရပါတယ်။ နိုင်ငံတကာကဒီဇိုင်းတွေ ကိုလည်းလေ့ လာ ကြည့်ဖြစ် ပါတယ်။

Customer တစ်ချို့က ဒီဇိုင်းတစ်ခုပဲရေးဆွဲပေးပါ လို့တောင်းဆိုလာခဲ့ရင်ရောလုပ်ပေးပါသလား။

တောင်းဆိုလာခဲ့ရင်တော့ ဆွဲပေးပါတယ်။ ကိုယ့်ရဲ့ဒီဇိုင်းကိုဆွဲပေးပါ ဆိုရင်လည်းဆွဲပေးပါတယ်။ သူတို့ဒီဇိုင်းကိုပြောလာရင် လည်းဆွဲပေးလိုက် ပါတယ်။ သူတို့လိုချင်တဲ့ဒီဇိုင်းမျိုးက အဆင်မပြေရင်လည်း ကိုယ့်ဘက်က ဖြည့်ပြီးလိုအပ်ချက် တွေဖြည့်ပေးလိုက် ရတာမျိုးတွေ ရှိတတ်ပါတယ်။

Customer တစ်ချို့က အစ်ကိုတို့ကိုတစ်ခြားဆောက်လုပ်ရေးအဖွဲ့နဲ့အတူရောပြီးဝင်ရောက်ကြီး ကြပ်ပေးပါလို့တောင်းဆိုလာခဲ့ရင်ရောလုပ်ပေးပါသလား။-

ကိုယ်က ဒီဇိုင်းပဲဆွဲပေးလိုက်ရင်းနဲ့မှသူတို့ လူနဲ့သူတို့ ဆောက်လုပ်နေရင်း ကိုယ်တွေ ဆွဲပေးလိုက်တဲ့ ဒီဇိုင်းပုံစံအတိုင်းမထွက်ဘုး၊ အဆင်မပြေခဲ့ဘူးဆိုတဲ့အခါမျိုးမှာ ကျွန်တော်တို့ဘက်က အပြည့်အ၀ တာဝန်ယူပေး ဖို့လိုအပ်တယ်ဆိုရင်တော့ ၀င် ပြီးလုပ်ကိုင်ပေးလိုက်ပါတယ်။

ဒီဇိုင်းအိုင်ဒီယာပိုင်းစဉ်းစား ဖြစ်ပုံလေးနဲ့ပတ်သက်ပြီးပြောပြပေးပါ။

ကိုယ်တိုင် အိုင်ဒီယာထုတ်ပြီးစဉ်းစား ဖြစ်ပါတယ်။ ကိုယ်တာဝန် ယူလုပ်ကိုင်ပေးရမဲ့ လုပ်ငန်းပိုင်းအပေါ်မှာ မူတည်ပြီးတော့ ဒီဇိုင်းအိုင်ဒီယာထုတ်ဖြစ်တာများပါတယ်။

လူတွေက ဘယ်အချိန်လောက်ကစပြီး Decoration လုပ်တဲ့အပိုင်းကို ဦးစားပေးလာကြပါသလဲ။

ဟိုးအရင်ကတည်းက Decoration လုပ်လာခဲ့ ကြတာလည်းရှိပါတယ်။ ပြောရရင်တော့ ၂၀၀၀ခုနှစ် မတိုင်ခင်လောက်ကလို့တော့ ထင်တယ်။ လူနေထိုင်မှုပုံစံတွေ တဖြေးဖြေးပြောင်းလဲတိုးတက် လာကြတယ်။ ပြောင်းလဲတိုးတက် လာကြတာနဲ့ အမျှ အခုနောက်ပိုင်းမှာပိုပြီးအမြင်ကျယ် လာကြတယ်။ Decoration ပိုင်းနဲ့ ပတ်သက် ပြီးတွင်တွင် ကျယ်ကျယ် လုပ်လာကြတာများလာတယ်။

Decoration အပိုင်းနဲ့ ပတ်သက်ပြီးဘယ်လိုလုပ် ကိုင်ဆောင်ရွက် ပေးတယ် ဆိုတာပြော ပြပေးပါ။

Decoration အပိုင်းနဲ့ ပတ်သက်ပြီးသူတို့လိုချင်တဲ့ ပုံစံအတိုင်းလုပ်ပေးရတာရှိ သလို၊ ကိုယ်လိုချင်တဲ့  ပုံစံအတိုင်းလုပ်ပေးရတာလည်းရှိပါတယ်။ တစ်ခါတစ်လေမှာကိုယ့်ဘက်ကဒီပုံစံနဲ့ ကိုယ့်ရဲ့အိမ်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင် ဘူးဆိုတာကိုနားလည်အောင် ရှင်းပြပြောပြပေးရတာမျိုးတွေ ရှိပါတယ်။ စိတ်ကျေနပ်တဲ့ အထိပြောပြလိုက်တော့မှပဲသူတို့ဘက်ကလက်ခံတာမျိုးတွေရှိပါတယ်။ များသောအားဖြင့် ကတော့ ကိုယ့်ရဲ့ စိတ်ကြိုက် လုပ်ကိုင်ရတာများပါတယ်။

LEO အနေနဲ့  Decoration ပြုလုပ်ကြ မဲ့သူများအပေါ် မှာကြားချင် တာရှိရင် ပြောပြပေးပါ။

Decoration ပြုလုပ်ကြ မယ်ဆိုရင်တော့ အရင်ဆုံးကိုယ့်  အိမ်ပဲဖြစ်ဖြစ်၊ ဆိုင်ပဲဖြစ်ဖြစ်၊ အခြေအနေနဲ့ နေရာကို ကြည့်ပြီး ကိုယ်လုပ်ချင်တဲ့ ၊ ကိုယ်လိုချင်တဲ့ ဒီဇိုင်းပုံစံနဲ့ ကိုက်မကိုက်ဆိုတာကို စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.