ကိုယ့်ချစ်သူဟာသင်္ဘောသားလား (ဒါမှမဟုတ်) ကိုယ်တိုင်က သင်္ဘောသားလား၊ သဘောင်္သားကောင်လေးတွေကို ချစ်သူတော်ထားရတဲ့ကောင်မလေးတွေဟာ ဘာလို့ကံကောင်းတယ်လို့ပြောကြတာလဲဆိုတာ အောက်ကအချက်လေးတွေကနေတစ်ဆင့်သိရမှာပါ။
(၁) သူတော်ဟာ အရမ်းချစ်တက်ကြပြီး တစ်သတ်လုံးစွဲစွဲမြဲမြဲချစ်တက်ကြတယ်
သင်္ဘောသားမှ တစ်သတ်လုံးစွဲစွဲမြဲမြဲ ချစ်တက်တယ်လို့မဆိုလို၊ဘူးနော်ဒါပင်မဲ့သင်္ဘောသားကောင်လေးတော်တော်များများဟာ စွဲစွဲမြဲမြဲချစ်တက်ကြတယ်ဆိုတာ သေချာသလောက်ပါပဲ။ အဝေးတစ်နေရာကို ခွဲခွာပြီး ကိုယ့်ချစ်သူနဲ့ဝေးဝေးမှာနေရတာတောင် သစ္စာရှိရှိနဲ့တစ်ယောက်ဆိုတစ်ယောက်ချစ်တက်ကြပါတယ်။
(၂) စတိုင်ကျတယ်
အိမ်း ယောက်ျားလေးတိုင်းဟာ ယူနီဖောင်းလေးနဲ့ဆို Smart ကိုကျနေရော ။ ဆိုတော့ သင်္ဘောသားကောင်လေးတွေဟာလည်း ရုပ်ဆိုးရင်တောင် ယူနီဖောင်းလေးတွေနဲ့ခန့်နေတက်တာမို့ စတိုင်ကျကျနဲ့ကြည့်လို့ကောင်းပါတယ်။
(၃) အဖွဲ့စည်းစိတ်ဓာတ် အပြည့်ရှိတယ်
သူတို့ဟာ သင်္ဘောပေါ်မှာ အလုပ်လုပ်တဲ့အခါ တစ်ဦးတစ်ယောက်တည်းဆုံးဖြတ်ချက်နဲ့ လုပ်ရတာမျိုးမဟုတ်ပဲညှိညှိနှိုင်းနှိုင်းလုပ်တာများတာကြောင့် ဘယ်နေရာရောက်ရောက်Team Work စိတ် အပြည့်ရှိတက်ကြပါတယ်။
(၄) ကိုယ်ပိုင်ချိန်အပြည့်အ၀ရတယ်
သဘောင်္သားတစ်ယောက်ကို ချစ်သူတော်ထားတဲ့မိန်းကလေးတွေဟာ တစ်ချိန်လုံးနေ့စဉ်နေ့တိုင်းကိုယ့်ချစ်သူအတွက် အချိန်သီးသန့်ပေးနေစရာမလိုပဲ သူသင်္ဘောပေါ်တက်ပြီးရှာဖွေကြိုးစားနေတုန်း ချစ်သူမိန်းကလေးကလည်း ကိုယ့်ဘ၀ရဲ့ကိုယ်ပိုင် အချိန်တွေကို ပြည့်ပြည့်၀၀ အသုံးချနိုင်ပါတယ်။
(၅) ကြင်နာတက်ကြတယ်
သင်္ဘောသားမှကြင်နာတက်တယ်လို့ပြောတာမဟုတ်ပင်မဲ့ သဘောင်္သားလေးတွေတော်တော်များများဟာ ကြင်နာတက်ကြတယ်ဆိုလည်း မမှားပါဘူး။ သူတို့ကိုယ်တိုင်ဟာလည်း မိသားစုနဲ့ ချစ်တဲ့သူတွေနဲ့ခွဲနေရတဲ့ အရသာကို နားလည်ခံစားတက်တာကြောင့် လူတစ်ယောက်ရဲ့နာကျင်မှုကိုမျှဝေခံစားတက်တဲ့ အကျင့်ရှိကြပါတယ်။
ဆိုတော့ သဘောင်္သားကိုချစ်သူတော်မှကောင်းမယ်လို့မဆိုလိုပင်မဲ့ သင်္ဘောသားရဲ့ချစ်သူဖြစ်ရင်တော့သင်ဟာ အပေါ်ကအချက်တော်တော်များများကိုခံစားရမှာပါ။
ဘာလို့သင်္ဘောသားတွေကို ချစ်သူတော်သင့်တာလဲ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။