မိတ်ကပ်မလိမ်းဘဲ သဘာဝတိုင်းဆွဲဆောင်မှုရှိအောင် ဘယ်လိုပြင်ဆင်မလဲ..

သဘာဝတိုင်းလှပတဲ့ မိတ်ကပ်ပြင်ဆင်မှုဟာ မှန်ကန်အောင်လိမ်းခြယ်တတ်ဖို့ခက်ခဲပါတယ်။ဒါပေမယ့် ဒီနည်းလမ်းလေးတွေသိထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေပြီးမိတ်ကပ်မပါလည်း အေးဆေးပဲ။ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ ပွဲလမ်းသဘင်တွေရှိမှသာ ပြင်ဆင်လိမ်းခြယ်ဖို့ရှိတာပါ။ ရိုးရိုးကျောင်းတက် ၊ ရုံးသွားတာလောက်တော့ သဘာဝကျကျလိမ်းခြယ်ဖို့လောက်ပဲလိုတာပါ။

Moisturizer


မျက်နှာဟာ စိုပြေမှုမရှိရင် မိတ်ကပ်လိမ်းလည်း မျက်နှာက ခြောက်ကပ်ကပ်နဲ့ဆိုတော့ မိတ်ကပ်သားမစွဲဘူးပေါ့။ အစိုဓာတ်အပြည့်ဝရှိဖို့က အရေးကြီးပါတယ်။ သင်ဒီအဆင့်ကိုကျော်သွားလို့မဖြစ်ဘူး။ ကျန်းမာစိုပြေတဲ့အသားရေမရှိရင် မိတ်ကပ်ဘယ်လောက်ဖုံးဖုံး လှမှာမဟုတ်ပါဘူး။

Concealer


Concealer ကို အတော်သင့်လောက်ပဲသုံးတာကောင်းပါတယ်။ ဝက်ခြံတွေရှိလို့ဆိုပြီး အလွန်ကျွံဖုံးအုပ်လိုက်တာက သင့်မျက်နှာကိုပိုပျက်စီးစေတယ်။ သဘာဝတိုင်းလှပတဲ့ အသွင်မျိုးလိုချင်တယ်ဆိုရင် မျက်နှာအသားရေကိုပဲ အဓိကထားပြီး ကောင်းအောင်လုပ်ဖို့လိုပါတယ်။ မျက်ကွင်းညိုတာတွေနဲ့ ဝက်ခြံတွေကိုအမြဲ Concealer နဲ့ဖုံးနေရတာ သိပ်တော့အဆင်မပြေဘူး။ အတတ်နိုင်ဆုံး ဝက်ခြံပေါက်နေစဉ် ဘာမှမလိမ်းပဲ ဝက်ခြံပျောက်စေမယ့် Treatment လေးတွေလုပ်ပေးနေတာပဲ
ကောင်းပါတယ်။

Liner


Liner ဟာ မိတ်ကပ်တွေအထူပိန်းလိမ်းမှ သေးသေးပါးပါးလေးထပ်လိုက်တာကောင်းပါတယ်။ သဘာဝဆန်တဲ့ အသွင်ကိုလိုချင်တယ်ဆိုရင် Linerကို ဝေးဝေးကရှောင်ပါလို့။ ကိုယ့်မျက်လုံးက Linerပါမှကြည့်ကောင်းတယ်ဆိုရင် အတတ်နိုင်ဆုံး ပါးပါးလေးပဲဆိုးပါ။

Mascara


Mascara က လှည့်ကွက်လေးတစ်ခုပါ။ မိတ်ကပ်မလိမ်းထားရင်တောင် Mascaraနဲ့ မျက်တောင်ကော့ထားလို့ရတယ်။ မိတ်ကပ်လိမ်း၊ မျက်လုံးခြယ်ထားရင်တောင်မျက်တောင်ကို Mascara နဲ့မကော့ရင် တစ်ခုခုလိုနေသလိုခံစားရတယ်။ မျက်တောင်ကော့လိုက်တဲ့အခါ မျက်လုံးက သာမန်ထက်လည်း ပိုမိုဝိုင်းးကျယ်လာတယ်လို့ သိရတယ်။

နှုတ်ခမ်းနီအဖျော့


Natural Look ဆို နှုတ်ခမ်းနီကိုအရမ်းတောက်လို့မဖြစ်ဘူး။ မျက်နှာမိတ်ကပ်တောင်မရှိတဲ့အတွက် နှုတ်ခမ်းအရောင်လေးကို ပန်းသွေးရောင်သန်းရင်သန်း မဟုတ်ရင် ကိုယ်အသားရည်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကိုရွေးချယ်သင့်ပါတယ်။ သဘာဝတိုင်း ပန်းရောင်သန်းချင်တယ်ဆိုရင် သကြားနဲ့နှုတ်ခမ်းသားတွေကိုပွတ်ပေးပါ။ စတော်ဘယ်ရီသီးနဲ့လည်း ပွတ်လို့ရပါတယ်။ ပုံမှန်နေ့တိုင်းလုပ်ပေးမယ်ဆိုရလဒ်ထူးခြားလာပါလိမ့်မယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.