ရွှေအိုရောင်ဆံပင်လေးကို အပြီးပိုင်စွန့်လွတ်လိုက်ပြီဆိုတဲ့ ဆီလီနာ ဂိုးမက်

Hair extensions အသစ်လေးနဲ့ အရမ်းလှနေတဲ့ Selena Gomez လေး ပုံစံတစ်မျိုးနဲ့ချစ်ဖို့ကောင်းနေပြန်…

အရင် ရွှေအိုရောင် ဆံပင်ပုံစံထက် အခုဆံပင်စတိုင်လ်လေးနဲ့ကို ပရိသတ်တွေကို ပိုသဘောကျနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၁၃ရက်နေ့က Coach Fashion ပွဲမှာ ဆီလီနာက ဆံပင်အရှည်အညိုရောင်လေးနဲ့ ပွဲတက်ခဲ့ပါတယ်။ ဒီဆံပင်လေးနဲ့ဆိုတော့ သူမကို စပေါ်တုန်းက ဆီလီနာကိုပြန်မြင်နေရသလိုပဲတဲ့ ။မျက်လုံးအပေါ်နားထိ ကျရောက်နေတဲ့ ရှေ့ဆံပင်ဝဲဝဲလေးက သူမကိုရုပ်ပြောင်းသွားစေတယ်။ပွင့်ရိုက် ဂါဝန်လေးနဲ့ အနက်ရောင်ဂျာကင်ဝတ်ဆင်ထားကာ ကင်မရာကိုပြုံးပြနေတဲ့
အပြုံးတွေက အရင်ထက်ပိုပြီးလန်းဆန်းနေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျက်စတင်နဲ့ပြန်ဒိတ်ပြီး မကြာမီတွင် ရွှေအိုရောင်ဆံပင်ကိုပြောင်းလဲခဲ့ပေမယ့် အခုပုံစံလေးက ပရိသတ်တွေ တကယ်သဘောကျရတဲ့ အရင်ဆီလီနာလေးပြန်ဖြစ်သွားသလိုပဲလို့ ပြောကြတယ်။

396 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.