ကမ္ဘာနဲ့အတော် နီးစပ်တဲ့ ကန်တစ်ခုကို မားစ်ဂြိုဟ်ပေါ်တွေ့ရှိ

lake-mars.jpg

 

မားစ်ဂြိုဟ်ပေါ်ကို နာဆာကလွှတ်လိုက်တဲ့ Curiosity ယာဉ်ဟာ နှစ်သန်းထောင်ပေါင်း ၃ ဒဿမ ၇သန်းရှိပြီဖြစ်တဲ့  ကန်ဟောင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိ အမှန်တကယ်ရှိမရှိ ကိုသိရဖို့ သဲလွန်စလဲဖြစ်နိုင်ပါတယ်။

ဒီကန်ကြီးဟာ သိပ္ပံပညာရှင်တွေ အရင်က ထင်ထားတာထက်တောင် သက်တမ်းနည်းပါသေးတယ်။ မကြာသေးမီက ယူဆထားတာထက်ပိုပြီး မားစ်ဂြိုဟ်ပေါ်မှာ သက်ရှိ ရှိနေခဲ့နိုင်တယ်ဆိုတာကိုလည်း ညွှန်ပြနေပါတယ်။ မားစ်ဟာ ကမ္ဘာနဲ့ နီးနီးစပ်စပ် ဆင်တူတယ်လို့ နာဆာရဲ့ Curiosity ဦးဆောင် သိပ္ပံပညာရှင် John Grotzinger က ပြောပါတယ်။ ကန်ကြီးဟာ အလျားမိုင် ၃၀ နဲ့ အနံ ၃မိုင်ခန့်ရှိပြီး တောင်ကျချောင်းကနေ နှုန်းမြေအဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားပါတယ်။

မတ်လတုန်းက Curiosity ဆင်းသက်ရာ မားဂြိုဟ်တစ်နေရာ Yellowknife Bay မှာ တစ်ချိန်တုန်းက ရေရှိခဲ့ဖူးတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာရှိနေတဲ့ ကျောက်တုံးတွေထဲက ဓါတ်သတ္တုတွေထဲမှာ ရေမော်လီကျူးကို Curiosity ကရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီလိုခွဲခြားသိဖို့အတွက် နြူထရွန်ကိရိယာကို သုံးခဲ့ရပါတယ်။

Ref:VB

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.