ဗိုက်အဆီတွေဝေးဝေးပြေးဖို့ ယောဂလေ့ကျင့်ခန်းလေးတွေလုပ်ကြစို့…

၂၀၁၈ နှစ်သစ်လည်းရောက်လာပါပြီ။ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုဒီထက်ပိုလှ ပိုမိုက်အောင် မလုပ်ချင်ကြဘူးလား?ဗိုက်သားလေးပြားချပ်နေရင်တောင် ဘာဝတ်ဝတ်ကြည့်ကောင်းနေမှာနော်။ အချိန်တွေအများကြီးပေးစရာမလို၊အပြင်လည်းသွားစရာမလိုပဲအိမ်မှာပဲလွယ်လွယ်ကူကူနဲ့ဗိုက် အဆီလေးချလို့ရမယ်ဆိုရင်အားလုံးလည်းလုပ်ချင်ကြမယ်ထင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂလုပ်တာက တူမလိုလိုနဲ့ကွဲပြားပါတယ်။နှစ်ခုလုံးကတော့ အဆီကျတာပါပဲ။အခု ပြားချပ်ချပ်ဗိုက်သားလေး ရရှိစေဖို့လွယ်ကူတဲ့ယောဂလေ့ကျင့်ခန်းလေးတွေပြောပြပေးချင်ပါတယ်။

၁။Cobra Pose

ဘယ်လိုလုပ်ရမလဲဆိုရင်…ပထမဆုံး ၀မ်းလျားမှောက်လိုက်ပါ။ပြီးရင်လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း အသာအယာထောက်လိုက်ပါ။ခြေထောက်နှစ်ဖက် ကိုဖြောင့်တန်းစွာ ထားပြီးသင့်ရဲ့ အပေါ်ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းမပါ။ခြေထောက်နဲ့ ခြေချောင်းလေးတွေ ကိုပုံမှာပြထားတဲ့အတိုင်း တန်းတန်းလေးရှိပါစေ။ခန္ဓာကိုယ်ကိုမပြီးရင် အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၃၀လောက်နေပါ။

၂။Camel Pose

ဒီလေ့ကျင့်ခန်းကတော့ ကြမ်းပြင်မှာဒူးထောက်ပြီး အနောက်ကိုကွေးညွှတ်လိုက်ရမှာပါ။သင့်ရဲ့ လက်တွေနဲ့ခြေဖျားကိုထိအောင် လုပ်ပေးရမှာဖြစ်ပါတယ်။အစပထမတော့မရနိုင်ပေမဲ့ တဖြည်းဖြည်းကျင့်သားရသွားရင်အလွယ်တကူရသွားပါလိမ့်မယ်။အဲ့ဒီအနေအထားအတိုင်း ၁မိနစ်လောက်နေပါ။

၃။Seated Forward Bend Pose

ဒီယောဂလေ့ကျင့်ခန်းကတော့ သင့်ရဲ့ ခန္ဓာကိုယ်ကိုရှေ့ကိုကိုင်းညွှတ်နိုင်သလောက်ကိုင်းညွှတ်ပြီး ခြေထောက်တွေကိုလက်နဲ့ပိုက်ထားရမှာပါ။အဲ့ဒီအနေအထားအတိုင်း ၁မိနစ်လောက်နေပေးပါ။

၎။Plank Pose

ဒီလေ့ကျင့်ခန်းက လက်မောင်းကြွက်သားတွေနဲ့ခြေထောက်တွေကိုသန်မာစေရုံသာမက ၀မ်းဗိုက်ကြွက်သားတွေကိုပါသန်မာစေပါတယ်။ပထမဆုံးဝမ်းလျားမှောက်လိုက်ပါ။ပြီးရင်လက်မောင်းကိုဖြောင့်ဖြောင့်ထားပြီး ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းမတင်ပါ။ခြေချောင်းတွေကိုညီအောင်ထားပြီး အဲ့အနေအထားအတိုင်းနေနိုင်သလောက်နေပေးပါ။လုပ်နိုင်သလောက်ထပ်ခါထပ်ခါလုပ်ပေးနိုင်ပါတယ်။

၅။Boat Pose

ဒီလေ့ကျင့်ခန်းဟာလည်း ၀မ်းဗိုက်ကြွက်သားတွေကိုသန်မာစေပါတယ်။ပထမဆုံး ပက်လက်လှန်ပါ။ ခြေထောက်တွေကိုဖြောင့်ဖြောင့်ထားပြီးမတင်ပါ။ပြီးရင် အပေါ်ဘက်ခန္ဓာကိုယ်ကိုလည်းဖြည်းဖြည်းချင်းမပါ။ပုံမှာပြထားတဲ့အတိုင်း ပြည့်စုံပြီဆိုရင်စက္ကန့်၆၀လောက်အဲ့ဒီအတိုင်းနေပေးပါ။

၆။One-Legged Downward Facing Dog Pose

ဒီလေ့ကျင့်ခန်းကသင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးအလေးချိန်ညီမျှအောင်ကူညီပေးနိုင်ပြီး ဗိုက်ကြွက်သားကိုသန်မာစေပါတယ်။ဘယ်လိုလုပ်ရမလဲဆိုရင် ပထမဆုံးမတ်တပ်ရပ်ပြီးခါးကိုမြေပြင်နဲ့ထိအောင်ကွေးညွှတ်လိုက်ပါ။ပြီးရင်ခြေထောက်တစ်ဖက်ကို ဖြောင့်ဖြောင့်ထားပြီးမတင်ပါ။အဲ့ဒီလိုအနေအထားအတိုင်းတစ်ဖက်စီကို ၁၀ခါစီလုပ်ပေးပါ။

၇။Tree Pose

ဒီလေ့ကျင့်ခန်းကလည်း သင့်ရဲ့ဗိုက်ကြွက်သားတွေကျစ်လစ်စေပြီး ခန္ဓာကိုယ်ညီမျှအောင် ထိန်းပေးနိုင်တဲ့လေ့ကျင့်ခန်းလေးပါ။ပထမဆုံးမတ်တပ်ရပ်ပါ။ပြီးရင်ညာဘက်ခြေထောက်ကိုမြှောက်ပြီးဘယ်ဘက်ပေါင်တွင်းကိုထည့်လိုက်ပါ။လက်နှစ်ဖက်ကိုပုံထဲကအတိုင်းထားပါ။ အားလုံးပြီးရင်ပြုံးပါ။အဲ့ဒီအနေအထားအတိုင်း ၁မိနစ်နေပါ။

၈။Bow Pose

ဒီလေ့ကျင့်ခန်းကကြည့်ရင်သာလွယ်တာပါ။လုပ်ရင်တော့တကယ်ခက်ခဲပါတယ်။ပထမဆုံးဝမ်းလျားမှောက်ပါ။လက်နှစ်ဖက်နဲ့ခြေထောက်နှစ်ဖက်ကိုမြှောက်လိုက်ပါ။ပြီးရင်ပုံထဲကအတိုင်း ခြေထောက်တွေကိုလက်နှစ်ဖက်နဲ့ဆွဲလို့ရတဲ့အထိလုပ်ပါ။စက္ကန့်၃၀လောက်နေပြီးဖြည်းဖြည်း ချင်းပြန်လျှော့ချပါ။

၉။Relax Pose

ယောဂလေ့ကျင့်ခန်းတွေပြီးသွားရင်အကြောလျှော့တဲ့လေ့ကျင့်ခန်းပါ။သင့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအကြောတွေပြေလျော့သွားစေဖို့ ဘယ်လိုလုပ်ရမလဲဆိုရင် ပုံထဲကအတိုင်းနံရံမှာခြေထောက်တွေ ကိုမြှောက်ပြီးကပ်ထားပါ။လက်နှစ်ဖက်ကိုဘေးဖြန့်ချပြီးအသက်ကိုဖြည်းဖြည်းချင်းရှုပေးပါ။၁မိနစ်လောက်စိတ်တည်ငြိမ်သွားတဲ့အထိနေပေးရုံပါပဲ။

ပျိုမေတွေအားလုံးလှပပြီးကျန်းမာကျစ်လစ်တဲ့ခန္ဓာကိုယ်လေးပိုင်ဆိုင်ရဖို့မျှော်လင့်ပါတယ်။

 

537 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.