Kim Jong Kook ရဲ့ လေ့ကျင့်သင်ကြားပေးမှုကြောင့် ပိုပြီးယောက်ျားပီသဆွဲဆောင်မှုရှိလာတဲ့ Park Bo Gum

အရင်တုန်းကတော့ ကလေးဆန်ဆန်ရုပ်ကလေးနဲ့ချစ်ဖို့ကောင်းလို့ အသည်း တယားယားဖြစ်ခဲ့ကြတယ်ဟုတ်!အခုကတော့ ဆွဲဆောင်မှုရှိရှိနဲ့ပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်ပြန်ပါပြီ။

TNG ဖက်ရှင်အတွက်ကြော်ငြာရိုက်ပေးနေတဲ့ပုံတွေမှာ အရင်ကထက်ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိလာတာကိုမြင်တွေ့ရပါတယ်။သူ့ရဲ့ ပြောင်းလဲသွားတဲ့ခန္ဓာကိုယ် အချိုးအစားကြောင့် ပရိသတ်တွေက သူ့ကိုကလေးလိုချစ်ဖို့ကောင်းတဲ့မင်းသားလေးအဖြစ်ကနေ ဆွဲဆောင်မှုရှိတဲ့မင်းသားတစ်လက်အဖြစ်ပြောင်းလဲမြင်နေကြပြီလို့သိရပါတယ်။

Park Bo Gum ဟာ Running Man စတား Kim Jong Kook ရဲ့ လေ့ကျင့်သင်ကြား ပေးမှုနဲ့တဖြည်းဖြည်းဒီလို သန်မာကျစ်လစ်ပြီးယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကိုရရှိပိုင်ဆိုင်လာတာ ပဲဖြစ်ပါတယ်။ Kim Jong Kook ဟာ Park Bo Gum ရဲ့ ပါစင်နယ်ထရိန်နာတစ်ယောက်ဖြစ်ပြီး သူ့ကို ကြိုးစားလေ့ကျင့်သင်ကြားပေးခဲ့တဲ့အတွက် Park Bo Gum ရဲ့ ပရိသတ်တွေကလည်း သူတို့မင်းသားလေးအစားကျေးဇူးတင်မဆုံးဖြစ်နေကြတယ်လို့သိရပါတယ်။Kim Jong Kook ရဲ့ အကူအညီနဲ့နောက်ထပ်ဘယ်လောက်ထိပြောင်းလဲဦးမယ်ဆိုတာကိုတောင်မစောင့်နိုင်တော့ပါဘူးတဲ့။အဲ့လောက်ထိ Park Bo Gum ရဲ့ ပရိသတ်တွေက သူတို့အိုင်ဒေါလ်ကိုချစ်ကြပါတယ်။

အခုတော့ TNG ဖက်ရှင်ဘရန်းဒ်အတွက်ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေပြန်ပြီးမျှဝေလိုက်ပါတယ်။

 

197 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.