အစာကြေလွယ်စေသောအစားစာများ

အစားစာစားတဲ့အခါမှာ အစာများသွားလို့ဗိုက်အင့်ပြီးတင်းကြပ်နေတက်တဲ့ အစားစာမျိုးရှိသလို ဗိုက်ထဲရောက်သွားရင် အလိုလို အစာကြေလွယ်ပြီး အစာအိမ်နဲ့အူလမ်းကြောင်း
ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့စားစရာတွေလည်းအများအပြားရှိပါတယ်။ ဆိုတော့ အစာကြေလွယ်စေတဲ့ အစားစာတွေဟာ ဘာတွေလည်းဆိုတာကို အနည်းငယ်စုစည်းဖော်ပြလိုက်ပါတယ်…
(၁) လတ်ဆတ်သော အသီးအနှံများ
လတ်ဆတ်တဲ့အသီးတွေမှာ Vitamins, nutrients, fiber, waterတွေပါဝင်ပါတယ်။ ဒါ့အပြင် သဘာဝလတ်ဆတ်သော အသီး အနှံတွေက လိုအပ်တဲ့ အချိုဓာတ်တွေပြည့်ဝစွာပါဝင်တာကြောင့် အစာချေအားကို ပိုမိုကောင်းမွန်စေတာကြောင့်အစားချက်ရလွယ်ကူပြီး အစာကြေစေပါတယ်။
(၂) ဆန်ပြုတ်
ဆန်ပြုတ်ဟာ ထမင်းထက်ပိုပြီး အစာကြေလွယ်တဲ့ အစားစားပါ။ ဆန်ပြုတ်မှာပါတဲ့ အာဟာရဓာတ်တွေဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး Cholesterol levelကို ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင်အစာအိမ်နဲ့အူလမ်းကြောင်းကိုအစာချက်အားကောင်းအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
(၃) ပျားရည်
ပျားရည်ဟာ ရောဂါတော်တော်များများ အတွက်ဆေးဝါးကောင်းတစ်ခုဆိုလည်းမမှားပါဘူး။ ပျားရည်မှာပါတဲ့သဘာဝ အချိုဓာတ်က အစာချေအားကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အစာအိမ် ရောဂါ အတွက်ပါ သင့်တော်တဲ့ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့Batteriaေ တွကို ချေမှုန်းပေးနိုင်ပါတယ်။
(၄) ကြက်ဥ
ကျန်းမာရေးပညာရှင်တစ်ချို့ရဲ့လေ့လာချက်အရ မနက်တိုင်း မနက်စာအဖြစ် ကြက်ဥတစ်လုံး ကို နေ့စဉ်စားခြင်းဟာ အစာချေအားကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်
ပေါ်မှာရှိတဲ့ မလိုအပ်တဲ့ အဆီတွေကို လျော့ချပေးနိုင်တယ်လို့လည်းသိရပါတယ်။

အစာကြေလွယ်တဲ့အစားအစာအနည်းငယ်ကို သိရှိပြီး အစာအိမ်နဲ့အူလမ်းကြောင်းပိုမိုကျန်းမာလာနိုင်ကြပါစေလို့ဆုတောင်းရင်…

168 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.