တစ်ယောက်နဲ့တစ်ယောက် ချစ်လို့မေတ္တာရှိလို့တည်ဆောက်ထားတဲ့ RS တစ်ခုမှာ တစ်ယောက်ပေါ်တစ်ယောက် အချစ်လွန်ကဲပြီးတော့ပဲဖြစ်ဖြစ် မပိုင်ဆိုင်ရမှာကြောက်တဲ့စိတ်များနေလို့ပဲဖြစ်ဖြစ် သံသယတွေဝင် အတွေးတွေလွန်ပြီး နောက်ဆုံး သိပ်ပျော်ရွှင်စရာကောင်းတဲ့RSတစ်ခုဟာ ပျက်စီးခြင်းတိုင်သွားတာမျိုးဖြစ်တက်ပါတယ်။ ဆိုတော့ဘယ်လို အကြောင်းရာတွေကို အများအားဖြင့်စိုးရိမ်ပူပန်းကြပြီး ချစ်တဲ့သူတွေဝေးသွားတက်ကြသလဲ…
(၁) ကိုယ့်ချစ်သူက ဖောက်ပြန်နေသလား
လူတိုင်းဟာ ကိုယ့်ချစ်သူကို ကိုယ့်တစ်ယောက်တည်းပေါ်ပဲကောင်းစေချင် ချစ်စေချင်တက်ကြတာပါ။ အချိုးလေးတွေအနည်းငယ်ပြောင်းလဲနေပြီဆိုရင် သူနောက်တစ်ယောက်အသစ်တွေ့နေပြီလားကိုယ့်ကို မချစ်တော့ဘူးလား၊ ကြိတ်ဖောက်ပြန်နေတာလား ကိုယ့်ပေါ်မှာ များစိတ်မရှိတော့တာလားစသဖြင့် အတွေးပေါင်းစုံနဲ့စိတ်ဆင်းရဲတက်ကြပါတယ်။အဲ့လို စိုးရိမ်မှုတွေသံသယစိတ်တွေသ၀န်တိုစိတ်တွေကတစ်ဖြည်းဖြည်းလွန်များလာပြီးတစ်ယောက်ကိုတစ်ယောက်သံသယစိတ်များ မေတ္တာနည်းကာ တစ်ဖြည်းဖြည်းဝေးကွာလာတက်ကြပါတယ်။
(၂) ကိုယ်ကသူ့အတွက် မကောင်းဘူးလား
ကိုယ့်ချစ်သူအတွက် ကိုယ်က မကောင်းတဲ့သူ ကိုယ့်ချစ်သူအတွက် ကိုယ်က အဆင်မပြေတဲ့သူကောင်းအောင်မထားနိုင်တဲ့သူဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ သံသယစိတ်တွေဟာ တစ်ဖြည်းဖြည်းနဲ့များလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်တစ်ဖြည်းဖြည်းပိုဝေးကွာလာပါတယ်။
(၃) သူကကိုယ့်အတွက် မပြည့်စုံဘူးလား
လူတစ်ယောက်ကို စချစ်ကတည်းက သူ့ရဲ့အချစ်ကိုယ့်ရဲ့အချစ်တစ်ခုတည်းကို ကြည့်ပြီး ချစ်ခဲ့ကြပင်မဲ့ အချိန်အတော်တန်ကြာလို့တစ်ယောက်အကြောင်းတစ်ယောက်သိလာတဲ့အခါသူဒီလို အကျင့်တွေကို အသက်ကြီးတဲ့ထိလုပ်နေရင်ဒုက္ခပဲ သူတစ်သတ်လုံးကောင်းပါ့မလားစသဖြင့် အတွေးပေါင်းစုံ သံသယပေါင်းစုံနဲ့ကိုယ့်ချစ်သူအပေါ်ယုံကြည်မှုမရှိပဲ သူဟာကိုယ့်အတွက် အဆင်ပြေတဲ့သူမဟုတ်နိုင်ဘူးဆိုတာမျိုးတွေးမိကာ တစ်ဖြည်းဖြည်းနဲ့ဝေးကွာသွားတက်ပါတယ်။
(၄) သူ့အပေါင်းသင်းတွေ သူ့မိဘတွေက ကိုယ့်ကိုသဘောမကျဘူးလား
သူနဲ့ကိုယ်နှစ်ယောက် အဆင်ပြေနေသော်ငြားလည်းသူ့မိဘတွေမှ ကိုယ့်ကို သဘောကျပါ့မလား သူ့အပေါင်းသင်းတွေကော ကိုယ်နဲ့ကြိုက်နေတာကို သဘောကျရဲ့လားစသဖြင့် အတွေးမျိုးစုံဝင်မိကာ တစ်ဦးပေါ်တစ်ဦး အချစ်ပေါ့လာကြပြီး ဖြစ်ပါ့မလားဆိုတဲ့စိတ်နဲ့ ဝေးဝေးလာတက်ကြပါတယ်။
(၅) ထိတွေ့ဆက်ဆံမှုနည်းနေလား
ကိုယ့်ချစ်က အရင်လောက်ကိုယ့်အပေါ်နီးနီးကပ်ကပ်မနေပဲ အလုပ်လေးများလို့အချိန်မပေးနိုင်တာမျိုး၊ အရင်လောက်ထိတွေ့ဆက်ဆံမှုအားနည်းနေတာမျိုးဖြစ်နေပြီဆိုရင်ငါကသူ့အတွက် ရင်ခုန်စရာမကောင်းတော့လို့လား ဆွဲဆောင်မှုမရှိတော့လို့လား ဆိုတဲ့သိမ်ငယ်စိတ်တွေရှုပ်ထွေးနေတဲ့စိတ်တွေ နဲ့တစ်ယောက်ပေါ်တစ်ယောက် မေတ္တာပျက်ကာအချင်းချင်းစိမ်းကားပြီးသွေးအေးသွားတက်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ်သာလူတတစ်ယောက်ကို တကယ်ချစ်တယ် ကိုယ်ချစ်တဲ့သူကလည်းကိုယ့်ပေါ်မှာတကယ်ချစ်တယ်ဆိုရင် ကျန်တဲ့ စိတ်ရှုပ်စရာတွေသံသယတွေကိုဘေးဖယ်ထားပြီး
နှစ်ယောက်တူတူ ပျော်ရွှင်စွာ ဖြတ်သန်ုးနိုင်ပါတယ်။ သံသယတွေစိုးရိမ်စိတ်တွေကနေ ဝေးသွားတဲ့ အဆင့်ကို မရောက်ရှိကြဖို့ဆန္ဒပြုရင်း…
RSတစ်ခုကို အဓိကပျက်စီးစေနိုင်သောစိုးရိမ်ပူပန်မှုများ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။