လေယာဉ်ပေါ်ရောက်ရင်သတိထားရမယ့်အရာတွေ

ဘယ်လိုလဲ…လေယာဉ်ပျံကြီးစီးပြီးအဝေးကြီးကိုထွက်သွားမယ်ပေါ့။အပန်းဖြေခရီးတွေထွက်မယ်ပေါ့။ ဘယ်လိုအကြောင်းနဲ့ပဲလေယာဉ်စီးဖို့ပြင်ပြင် လေယာဉ်ပေါ်ရောက်ရင် သတိထားရမယ့်အရာလေးတွေတော့သိထားဖို့လိုပါမယ်နော်။ အဲဒါတွေကတော့ …

 

သင့်မှာအရိုးတစ်ခုခုကျိုးထားတာရှိရင်

ခြေထောက်ကျိုးထားတယ်၊လက်ကျိုးထားတယ်၊ဒါပေမယ့်အလုပ်ကိစ္စကလည်းအရေးကြီးတယ်၊သွားမှဖြစ်မယ်ဆိုတဲ့အခြေအနေမျိုးမှာ ဘာလုပ်ကြမလဲ။ တကယ်တော့လေယာဉ်စီးတယ်ဆိုတာ ကိုယ့်မှာတစ်ခုခုနဲ့ဖြင့်ထိခိုက်ဒဏ်ရာရထားရင် ရှောင်ကြဉ်သင့်တဲ့အရာတစ်ခုပါ။လေယာဉ်ပေါ်မှာ ဘယ်လောက်ပဲသန့််အောင်လုပ်ထားပါစေ ပိုးမွှားတွေကတော့များသေးတာပါပဲ။ ဒီတော့ ဆရာဝန်ကိုကာကွယ်ဆေးတို့ပိုးသတ်ဆေးတို့သေချာတောင်းပြီး သောက်သွားပါ။ အရိုးတွေဘာတွေကျိုးထားတဲ့သူတွေကတော့ လေယာဉ်မစီးတာကောင်းပါတယ်။လေယာဉ်ကအမြင့်ကြီးကိုပျံတဲ့အခါမှာ လေဖိအားပြောင်းလွဲမှုတွေကြောင့် ကျိုးသွားတဲ့အရိုးကဘယ်တော့မှပြန်မဆက်တော့တာတို့ဘာတို့ဖြစ်နိုင်လို့ပါ။

 

မျက်နှာကိုလက်နဲ့ထိကိုင်ခြင်းကိုရှောင်ကြဉ်ပါ

မျက်နှာကိုလက်နဲ့ပွတ်တာ၊ဆံပင်တွေသပ်တာ၊အလှပြင်တာ စသဖြင့် မျက်နှာကိုလက်နဲ့ထိရမယ့်ဟာမှန်သမျှရှောင်ပါ။လူပေါင်းရာချီစုထားသလိုဖြစ်နေတဲ့အချိန်မှာဘယ်အရပ်ကပိုးမွှားတွေက ဘယ်အရပ်ကိုလွင့်လာမယ်မှန်းဘယ်သူမှမသိနိုင်ဘူးလေ။မကိုင်ရမနေနိုင် ကိုင်ချင်စိန်ဖြစ်နေတယ်ဆိုရင်တော့ လက်သန့်ဆေးရည်ကောင်းကောင်းလေးသာဆောင်ထားပါတော့။

 

အစားအစာတင်တဲ့ ဗန်းတွေနဲ့ လက်တင်တဲ့နေရာတွေကို သတိထားပါ

အချို့ခရီးသည်တွေက အစားအစာတွေတင်စားတဲ့ ခေါက်ချလို့ရတဲ့ဗန်းကို ကလေးတွေ သေးခံဘောင်းဘီလဲပေးဖို့အသုံးပြုတတ်ကြသလို လက်သည်းတွေတင်ညှပ်ဖို့လည်းအသုံးပြုတတ်ကြပါသတဲ့။ ကိုယ့်အရင်စီးသွားတဲ့သူက ဘယ်လိုတွေအသုံးပြုသွားမှန်းမသိနိုင်ဘူးဆိုတော့ wet tissue အိတ်လိုက်သာဆောင်ထားပါ။ လက်တန်းတွေ အစားအစာတင်စားတဲ့ဗန်းတွေဘာတွေကိုသေချာသုတ်ပါ။ပြီးရင်လက်ကိုပါသုတ်ပါ။ဟုတ်သော်ရှိမဟုတ်သော်ရှိ စိတ်သန့်တာပေါ့။

 

ရေများများသောက်ပါ

လေယာဉ်ပေါ်မှာတိုက်တဲ့ ကော်ဖီိတွေ လက်ဖက်ရည်တွေ၊အရက်တွေဝိုင်တွေကို အလကားရတိုင်းတစွတ်စွတ်ကောက်နှိပ်မနေပါနဲ့။အဲဒါတွေက သင့်ဆီိးအိမ်ကိုဒုက္ခလှလှတွေ့စေတဲ့အပြင် ရေဓာတ်ခန်းခြောက်ခြင်းကိုလည်းအားပေးပါတယ်။ အဲဒါတွေအစားရေများများသောက်ပါ။ ရေဓာတ်ပြည့်နေတော့ လေယာဉ်မူးတာတွေဘာတွေကိုလည်းသက်သာစေပါတယ်။

 

ခေါင်းပေါ်က Air con ပေါက်ကိုမပိတ်ပါနဲ့

ဒါကတော့နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ပါ။ ကားနဲ့ပဲသွားသွား လေယာဉ်နဲ့ပဲသွားသွား သတိပြုရမှာပါ။ အများစုက အရမ်းချမ်းတယ်ဘာညာဆိုပြီး ခေါင်းပေါ်က Air con ပေါက်တွေကိုပိတ်ထားကြတာများပါတယ်။ အဲဒီလိုပိတ်လိုက်ခြင်းအားဖြင့် လေလှည့်ပတ်စီးဆင်းမှုလျော့နည်းသွားစေပြီး ဘက်တီးရီးယားတွေပေါက်ဖွားဖို့အခွင့်အလမ်းဖွင့်ပေးလိုက်သလိုဖြစ်စေပါတယ်။လူတော်တော်များများကပိတ်လိုက်တဲ့အခါမှာ အလုံပိတ်အခန်းကြီးတစ်ခုလိုအာနိသင်မျိုးသက်ရောက်ပါတယ်။တုပ်ကွေးဖြစ်နေတဲ့သူတစ်ယောက်ယောက်များပါလာလို့ကတော့ လေယာဉ်တစ်ခုလုံးတုပ်ကွေးမုန်တိုင်းတိုက်ပြီသာမှတ်။

780 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.