Bella Thorne နဲ့ Patrick Schwarzenegger တို့ရဲ့ချစ်စရာ သီချင်းဗီဒီယိုလေးကို ကြည့်ကြည့်လိုက်ပါဦး ….
အသစ်ထွက်ရှိတော့မယ့် Midnight Sun ရုပ်ရှင်မှာ Bella Thorne ကိုယ်တိုင်ပါဝင်သီဆိုထားတဲ့သီချင်းလေး Burn So Bright ထွက်ရှိလို့လာပါပြီ။ သီချင်းဗီဒီယိုလေးကြည့်ပြီး သူတို့ဇာတ်ကားလေးကိုမျှော်ရတာ မောနေပြီလို့ထင်ပါတယ်။ ထင်ထားတာထက် အများကြီးကောင်းနေမယ်ဆိုတာ ဇာတ်လမ်းနမူနာကြည့်တည်းကသိနိုင်ပါတယ်။ ငယ်ရွယ်တဲ့ မင်းသမီးချောလေးအတွက် အောင်မြင်မှုအများကြီးရနိုင်မယ့် ဇာတ်ကားဆိုလည်းမမှားပါဘူး။
@bellathorne this song is my daily anthem. I love everything about this song! Your voice is beautiful, the lyrics are beautiful, the music is beautiful and the message in the song is beautiful #burnsobright pic.twitter.com/G96icf4bTL
— Christina (@readysetrock75) February 10, 2018
Burn So Bright သီချင်းထဲမှာ Bella က သူမရဲ့အသံပါဝါကို ပြထားပါတယ်။ Midnight Sun ရုပ်ရှင်မှာတော့ Bella က အသက် (၁၇)နှစ် Katie Price အဖြစ်သရုပ်ဆောင်ထားပြီး ရှားပါးရောဂါတစ်ခုကိုခံစားနေရတယ်။ သူမရောဂါက နေရောင်ခြည်နဲ့ ထိတွေ့လို့မရတာပါ။ ဒါကြောင့် သူမက နေ့ဆိုအပြင်မထွက်နိုင်ဘူး။ ညဘက်တွေပဲ အိမ်အပြင်ဘက်ထွက်ပြီး လျှောက်သွားနိုင်တယ်။ ညဘက်တွေလျှောက်သွားရင်း သူမရဲ့ငယ်ချစ်ဦးနဲ့ တွေ့ဆုံပြီး ချစ်ကြိုးတွယ်သွားပုံကိုရိုမန်တစ်ဆန်ဆန်ရိုက်ပြသွားတာ တကယ်ကိုကြည်နူးစရာလေးပါပဲ။ အချစ်ကားကြိုက်သူတွေတော့ Feel ရဦးမှာပေါ့လေ။ ၂ဝ၁၈ မတ်လ (၂၃)ရက်နေ့ဆိုထွက်ပါပြီ။