ဒီနေ့ညမှာ တူရကီမြေကို သွားပြီး ဂါလာတာစာရေးအသင်းကို ရင်ဆိုင်ရတော့မယ့် ဂျူဗင်တပ်စ်အတွက် ယခုနှစ် ဥရောပချန်ပီယံလိဂ်(၁၆)သင်းအဆင့် တက်ရောက်ရေးမှာ အတားအဆီးအခက်အခဲတွေရှိနေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ အုပ်စုဗိုလ်နေရာကို ရီးရဲလ်မက်ဒရစ်က သေချာနေပြီဖြစ်ကာ လက်ရှိဒုတိယနေရာမှာ ရပ်တည်နေ တဲ့ ဂျူဗင်တပ်စ်က (၆)မှတ်၊ တတိယနေရာက ဂါလာတာစာရေးက(၄)မှတ်၊ အောက်ဆုံးက ကိုပင်ဟေဂင်က (၄) မှတ်ဖြစ်နေပါတယ်။ ဒီအနေအထားမှာ ဂျူဗင်တပ်စ်အနေနဲ့ သရေတစ်မှတ်ရရုံနဲ့တင် အုပ်စုဒုတိယနေရာကို (၇)မှတ်နဲ့သေချာသွားမှာဖြစ်ပြီး ရှုံးခဲ့မယ်ဆိုရင်တော့ (တကယ်လို့ ကိုပင်ဟေဂင်က ရီးရဲလ်ကိုအဝေးကွင်းနိုင်ခဲ့ ရင် )ယူရိုပါလိဂ်တောင်မှ ၀င်ခွင့်မရတဲ့အနေအထားဖြစ်သွားနိုင်ပါတယ်။
ဒီပွဲမှာ ဂါလာတာစာရေးအိမ်ကွင်းပရိ သတ်များရဲ့ အားပေးမှုများကြောင့် ဂျူဗင်တပ်စ်အသင်း အခက်အခဲဖြစ်သွားနိုင်တယ်လို့ ပြောနေကြတဲ့အပေါ် မှာ ဂိုးသမားဘူဖွန်က “ ပရိသတ်တွေက ဂိုးသွင်းတာကို တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။ အခုပွဲမှာလည်း ဒီအတိုင်းဖြစ် လာမယ်လို့ ယုံတယ်။ တူရကီပရိသတ်တွေ အသံဆူညံလာချိန်မှာ ကျွန်တော်တို့အသင်းဘက်က ဘယ်လိုတုန့်ပြန်မလဲ၊ ဘယ်လိုစိတ်နေစိတ်ထားရှိမလဲ ဆိုတာကသာ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။ ချန်ပီယံလိဂ်မှာထက် ကျွန်တော်တို့က စီးရီးအေမှာ ပိုကောင်း အောင်ကစားနိုင်တာတော့ဟုတ်ပေမယ့် ဒီနေ့ညမှာ ချန်ပီယံလိဂ်ခြေစွမ်းကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ သူတို့ဆီမှာ တိုက်စစ်ကစားသမားကောင်းတွေရှိတယ်။ ဒါကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာက အရေးကြီး ဆုံးပါပဲ”လို့ မှတ်ချက်ပြုစကားပြောခဲ့ပါတယ်။