ပြတ်စဲပြီးသကာလဘယ်လိုနေရင်ကောင်းမလဲ

ကိုယ့်ချစ်ရသူကောင်လေး နဲ့ပြတ်စဲပြီးလောလော လတ်လတ် အချိန် မှာမိန်းကလေးတော်တော်များများ ဟာသွေးပူပြီး ဘယ်လိုနေလို့နေရမှန်းမသို စိတ်ထွေထွေပြားပြားနဲ့ခံစားနေတက်ကြပါတယ်။ ဆိုတော့ ပြတ်စဲပြီးလောလောလတ်လတ်ကာလဖြစ်တာကြောင့်ကိုယ့်ချစ်သူကောင်လေးနဲ့ပြန်အဆင်ပြေနိုင်သေးသလို တစ်သတ်လုံးအတွက်ပြီးသွားတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဒါကြောင့် ဘယ်ပဲဖြစ်ဖြစ် အပြီးပိုင်ပြတ်သည်ဖြစ်စေ ခဏတစ်ဖြုတ် စိတ်အခန့်မသင့်လို့ပြတ်သည်ဖြစ်စေ ဘာကြောင့်ပဲဖြစ်ဖြစ်ပြတ်စဲပြီး လောလောလတ်လတ်သကာလမှာဘယ်လိုအကောင်းဆုံးနေထိုင်သွားမလဲဆိုတာ …
(၁) ကိုယ့်ချစ်သူကို ချက်ချင်းပြန်အတွဲပါနဲ့
နှစ်ဦးသဘောတူ ပြတ်ဆဲထားတာ ပူပူနွေးနွေး ရှိနေချိန်မှာ သူ့ဘက်က ပြန်လာရင်တောင်ပြန်မသွားပါနဲ့။ အနည်းဆုံး အချိန် သုံးလလောက်ယူစဉ်းစားပါ။ မဆင်မခြင်နဲ့ပြန်တွဲပြီး ခဏခဏ ပြတ်လိုက်တွဲလိုက်လုပ်နေတာထက်စာရင် သုံးလလောက်အချိန်ယူပြီး တစ်ယောက်ကို တစ်ယောက် အဲ့အချိန်ထိစိတ်ရှိနေသေးတယ်ဆိုမှ တစ်မျိုးစဉ်းစားပါ။
(၂) ချစ်သူအသစ်လည်း မရှာပါနဲ့
တစ်ယောက်နဲ့ပြတ်လို့နောက်တစ်ယောက်နဲ့တွဲလိုက်မယ်ဆိုတဲ့စိတ်မျိုး မမွေးပါနဲ့။ တစ်ယောက်နဲ့ပြတ်ဆဲပြီး မကြာသေးခင်မှာနောက်တစ်ယောက် ကချစ်ပါတယ်ဆိုတာတောင်ခဏလောက် အချိန်ယူပြီး မှ စဉ်းစားပါ။ တစ်ဒဏ်ရာကနေ နှစ်ဒဏ်ရာ မဖြစ်စေပါနဲ့။
(၃) အချစ်ဆိုတာနဲ့ဝေးဝေးမှာနေပါ
လက်ရှိမှာကိုယ့်ကို နာကျင်ပူလောင်မှုတွေပေးနေတဲ့ အချစ်ဆိုတဲ့ အရာကြီးနဲ့ဝေးဝေးမှာ ခဏလောက်သွားနေလိုက်ပါ။ ခဏလောက် ကိုယ့်ရဲ့ပူလောင်မှုတွေ မငြိမ်းချမ်းမှုတွေကို စွန့်လွှတ်ပြီး နောက် အပူတစ်ခု ထက် မရှာပဲ အချစ်ဆိုတာကြီးနဲ့ဝေးဝေးမှာ ခဏလောက် အနားယူလိုက်ပါ။
(၄) သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ပျော်ပါ
ကိုယ့်ရဲ့RSဘ၀တုန်းက မတွေ့ခဲ့ရတဲ့သူငယ်ချင်းတွေ၊ ရှေးဟောင်းနှောင်းဖြစ်ပြောတက်တဲ့ ငယ်သူငယ်ချင်းတွေနဲ့တွေ့ပြီး ကြည်နူးစရာဖြူစင်တဲ့ အချိန်လေးတွေကို ပြန်လည်ဖန်တီးပါ။
(၅) ကိုယ်ပိုင် အချိန်တွေ အားရအောင်ယူပစ်လိုက်ပါ
ရည်းစားရှိနေတုန်းက ကိုယ့်အချိန်တွေထဲက ၃ပုံတစ်ပုံကျော်ကျော်လောက်ကသူ့အတွက် အချိန်ပေးခဲ့ကြရပါတယ်။ ဆိုတော့ပြတ်စဲပြီးသကာလ ပြန်ချစ်မယ်မချစ်ဘူး မဆုံးဖြတ်နိုင်စဉ်ကာလမှာတော့
ကိုယ့်ကိုယ်ပိုင် အချိန်တွေကို အတက်နိုင်ဆုံး ကိုယ်စိတ်ချမ်းသာအောင် ပျော်စရာကောင်းအောင် စိတ်အေးချမ်းသာအောင် ဖန်တီးကြိုးစားနေထိုင်သင့်ပါတယ်။
(၆) လှတပတနေပါ
မိန်းကလေးဆိုတာမျိုးဟာ ကိုယ့်ချစ်ရသူနဲ့ပြတ်စဲလိုက်ရတဲ့အချိန်မှာ ဘယ်လိုမှာ ပြင်ချင်ဆင်ချင်စိတ်မရှိနိုင်ပါဘူး။ ဒါပေမဲ့ကြိုးစားပြင်ဆင်ပြီး သပ်သပ်ရပ်ရပ်နေထိုင်လိုက်ရင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာနိုင်ပြီး အနည်းငယ်စိတ်သက်သာရစေနိုင်ပါတယ်။

စိတ်ခံစားချက်နက်ရှိုင်းပြီး လူတစ်ယောက်ပေါ်နှစ်နှစ်ကာကာချစ်တက်တဲ့မိန်းကလေးတွေဟာ ကိုယ့်ချစ်သူနဲ့ပြတ်စဲချိန်မှာတစ်ခြားသူတွေထက်ပိုခံစားနာကျင်ရပါတယ်။ ဒါပင်မဲ့ကိုယ့်ရဲ့မတည်ငြိမ်သေးတဲ့ RS ကိုတည်ငြိမ်အောင်ပြန်လည်စဉ်းစားရင်း ကိုယ့်ဘ၀ကို အနစ်မြုပ်မခံပဲ ရှင်သန်နိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.