တကယ့်လူချမ်းသာတစ်ယောက်ဆိုတာ

လူတိုင်းဟာ ချမ်းသာချင်တဲ့စိတ်ရှိကြတာသဘာဝပါပဲ ။ ကိုယ့်ဘ၀ကို ဘယ်နေရာမှာဘယ်လိုကြိုးစားပြီး ဘယ်လိုချမ်းသာအောင်ကြိုးစားမလဲဆိုတာ စိတ်ထဲမှာ အမြဲအတွေးရှိနေပြီးသားပါ။ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တွေးခေါ်ပုံချင်း အယူအဆချင်းမတူတာကြောင့် ဘ၀တွေဟာခြားနားသွားကြတာပါ။ ဆိုတော့တကယ့်လူချမ်းသာတစ်ယောက်ဟာ လူချမ်းသာမဖြစ်ခင်မှာ ဘယ်လိုတွေတွေးခေါ်ယူဆခဲ့ကြလို့တကယ်ကိုပြည့်စုံကြွယ်ဝနေကြတာလဲဆိုတဲ့ အနီးစပ်ဆုံး အချက်အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်…
(၁) အပြောနည်းပြီး အလုပ်များတယ်
အောင်မြင်ဖို့ပဲဖြစ်ဖြစ် ငွေကြေးပြည့်စုံချမ်းသာဖို့ပဲဖြစ်ဖြစ် နှစ်ခုစလုံးဟာ ပါးစပ်ကပြောရင်သာလွယ်မယ် ဖြစ်လာဖို့က အများကြီးကြိုးစားမှရမှပါ။ တကယ်ပြည့်စုံချင်တဲ့သူတွေဟာ ပါးစပ်ကနေ ငါဒီလ ဘယ်လောက်ရှာမယ် ဘယ်လောက်သုံးမယ် ဘယ်လောက်စုမယ် စသဖြင့် အတွေးနဲ့ ပါးစပ်ဖျားမှာတင်အရသာခံပြောပြီး ပြီး ဆုံးသွားတာမျိုး မလုပ်ပါဘူး။ကိုယ့်စိတ်ထဲမှာ ဒီလ ဘယ်လောက်ဝင်အောင်ကြိုးစားမယ်၊ ဒီလောက်လုပ်တစ်ခုမှာ အကျိုးမြတ်ဘယ်လောက်ဖြစ်အောင်လုပ်မယ်လို့စဉ်းစားထားရင် စဉ်းစားထားတဲ့အတိုင်းအောင်မြင်အောင်လုပ်ဖို့ အပတ်တကုတ်ကြိုးစားတက်ကြပါတယ်။
(၂) ကိုယ့်စည်းကိုယ်ထိန်းတယ်
ကိုယ့်ရဲ့လက်ရှိငွေကြေးကို အမြဲလိုလို စည်းနဲ့ကမ်းနဲ့သုံးစွဲတက်တယ်။ ကပ်စေနည်းတာမျိုး မဟုတ်ပဲ မလိုတဲ့နေရာမှာ ငွေကို မဖြုန်းမိအောင် ကိုယ်တိုင်ချမှတ်ထားတဲ့စည်းကမ်းကို ကိုယ့်ဘာသာ ပြန်လည်စောင့်ထိန်းတက်တဲ့ အကျင့်ရှိကြတယ်။
(၃) စုတက်တဲ့အကျင့်ရှိတယ်
ငွေကြေးပြည့်စုံချမ်းသာတဲ့သူတွေဟာ ပိုက်ဆံစုဆောင်းရတာဝါသနာပါတဲ့သူအများစုဆိုလည်း မမှားပါဘူး။ ရှိတဲ့ အချိန်မှာရှိသလို ရှေ့နောက်မကြည့်ပဲ သုံးပြီး မရှိရင်မသုံးဘူးကွာဆိုတဲ့ညဏ်တိမ်တဲ့အတွေးမျိုး မတွေးပဲ ကိုယ်နောက်ပိုင်းကျန်းမာရေးကိစ္စသော်လည်းကောင်း လူမှုရေးကိစ္စသော်လည်းကောင်း အသုံးပြုနိုင်ဖို့အတွက် ပိုက်ဆံလေးတွေကို အပုံလေးတွေပုံပြီးစုစည်းလေ့ရှိပါတယ်။
(၄) ပေးကမ်းဖို့ဝန်မလေးဘူး
စုပ်လေကွဲလေ ကြဲလေမြဲလေ ဆိုတဲ့စကားလိုပါပဲ လူတစ်ယောက်ဟာ အပေးကမ်း အလှူ အတန်းနည်းပါးတယ်ဆိုရင် သူ့ဘ၀မှာဘယ်လောက်ပဲချမ်းသာနေအုံးတော့မတည်မြဲနိုင်ပါဘူး။ ကိုယ်ပြည့်စုံတဲ့ အခါ မရှိတဲ့သူများကိုလည်းတက်နိုင်သလောက် လှူတန်းတာမျိုး လုပ်ခြင်းဟာ တကယ်ပြည့်စုံချမ်းသာနိုင်တဲ့လူချမ်းသာတစ်ယောက်ရဲ့ အမူအကျင့်တစ်ခုပါ။
(၅) ငွေနောက်မလိုက်ဘူး
လုပ်ငန်းတစ်ခုကိုလုပ်ဆောင်တဲ့ အခါ ရှုံးများသွားမလား အကျိုးများယုတ်မလား ဆိုပြီး ကိုယ့်မှာရှိတဲ့ငွေကိုကုန်သွားမှာကြောက်ကြပါတယ်။ တကယ်တော့ငွေကို မက်လို့ငွေနောက်လိုက်
ရင် ပညာတွေဟာလွတ်သွားတက်ပါတယ်။ ဒါကြောင့် ငွေကို လိုက်စရာမလိုပဲ ငွေကကိုယ့်နောက်လိုက်လာအောင် ပညာတွေကို ပြည့်စုံအောင်အရင်ဆည်းပူးသင့်ပါတယ်။ ဒါမှသာဘာအလုပ်မဆို ခြေတုန်ချတုန် မဖြစ်ပဲ အဆင်ပြေပြေနဲ့ အကျိုးမြတ်ရအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
တကယ်တော့ ပိုက်ဆံချမ်းသာချင်တဲ့သူ ဟာ တကယ်ချမ်းသာတဲ့သူအဖြစ်လာနိုင်ပါဘူး။ ပြည့်စုံအောင်ကြိုးစားရင်းကြိုးစားရင်းနဲ့ငွေတွေကိုယ့်နောက်လိုက်လာမှသာ ချမ်းသာမှုအပြည့်
အ၀ကို စိတ်သန့်သန့်ခံစားလို့ရမှာပါ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.