Valentine’s Day မှာ အများအားကျအောင် ရိုမန်တစ်ဆန်ခဲ့ကြတဲ့ David Beckham နဲ့ Victoria Beckham

David Beckham နဲ့ Victoria Beckham ဆိုရင်အနုပညာရှင်တိုင်းလိုလိုက အားကျရတဲ့ နာမည်ကျော် စုံတွဲပါ။နှစ်ယောက်လုံးကအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်ကြပြီး အတူတူလက်တွဲလာကြတာ ၁၈နှစ်ကျော်ပါပြီ။ ချစ်စရာကောင်းပြီးလှပဥာဏ်ကောင်းတဲ့ကလေး ၄ယောက်ကိုလည်းပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။

သူတို့ရဲ့ Valentine’s Day ဖြတ်သန်းပုံကိုလည်းအားလုံးသိချင်နေကြမယ်ထင်ပါတယ်။ တကယ်တော့ရိုးရိုးလေးပါပဲ။ Victoia Beckham က David Beckham နဲ့အတူပွေ့ဖက်ထားတဲ့ပုံလေးကိုအင်စတာဂရမ်မှာတင်ခဲ့ပြီး ” ပျော်ရွှင်စရာချစ်သူများနေ့ပါ။ အများကြီးချစ်တယ်”ဆိုပြီး David Beckham နဲ့အတူ ကလေး၎ယောက်ကိုပါ Tag တွဲပြီးရေးသားခဲ့တာဖြစ်ပါတယ်။

နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးတယ်ဆိုတာမြင်တာနဲ့ သိသာစေလောက်အောင် နူးနူးညံ့ညံ့ပွေ့ဖက်ထားတာဖြစ်ပြီး David ကလည်း အဲ့ဒီပုံလေးကိုပြန်ပြီးရှယ်ထားခဲ့ပါတယ်။သူကလည်း “ပျော်ရွှင်စရာချစ်သူများနေ့ပါ။ဒီနေ့က တစ်ကမ္ဘာလုံးအနှံ့အချစ်တွေ၊ပျော်ရွှင်စရာတွေနဲ့ပြည့်နေတဲ့နေ့လေးပါ”ဆိုပြီး ကလေး၎ယောက်ကို Tag ပြီးရေးသားခဲ့ပါတယ်။

သူတို့စုံတွဲက တစ်ယောက်ကိုတစ်ယောက်အချစ်မပြယ်သေးပဲ အမြဲတမ်းအချစ်ကို ဖော်ပြနေတဲ့အပြင် သူတို့ရဲ့ အချစ်ကိုလည်း မီဒီယာပေါ်မှာချပြဖော်ပြတတ်တဲ့ စုံတွဲလေးဖြစ်ပါတယ်။သူတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုပြန်ပြီးဖော်ပြလိုက်ပါတယ်။

650 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.