သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေအပေါ်အကောင်းဆုံးတုံ့ပြန်လိုက်တဲ့ Gigi Hadid

စူပါမော်ဒယ် Gigi ဟာ NYFW မှာကျင်းပပြုလုပ်တဲ့ ဒီဇိုင်နာနှစ်ယောက်၊ Bottega Veneta နဲ့ Jeremy Scott တို့ရဲ့ပွဲမှာ runway လျှောက်ပြီးနောက် သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး trolls လုပ်မှုများအပေါ် သာသာနဲ့နာနာအကောင်းဆုံးတုံ့ပြန်ခဲ့တယ်။ သူမရဲ့တွစ်တာပို့စ်အရ သူမဟာ သိုင်းရွိုက်အကျိတ်ဖြစ်နေလို့ ခန္ဓာကိုယ်အလေးချိန်ဟာ အတက်ကျဖြစ်နေကြောင်း ပရိသတ်တွေသိအောင် ဖွင့်ဟခဲ့ပါတယ်။အခုတော့ သူမနေကောင်းပြီ…ကျန်းမာရေးပုံမှန်ပြန်ဖြစ်နေကြောင်းလည်း ပြောခဲ့ပါတယ်။

Hadid လိုပဲ အခြား အနုပညာရှင်တွေလည်း ဒီလိုဝေဖန်မှုတွေအပေါ် အကောင်းဆုံး ပြန်လည်တုံ့ပြန်ကြတာပါပဲ။ တစ်ခါတစ်လေ တစ်ချို့ သောဝေဖန်မှုတွေဟာ လူတစ်ဖက်သားအပေါ်စော်ကားရာရောက်လွန်းတော့ ဘာမှမပြောပဲနေရင် ပိုဆိုးစေတယ်။
” တစ်ဖက်လူဘာဖြစ်နေလည်းဆိုတာ သေချာမသိပဲ ရမ်းသန်းပြောမယ့်အစား
ကိုယ့်အတွက်အကျိုးရှိမယ့်အရာတွေ သင်ယူနေပါ။ ကိုယ့်ရဲ့အင်အားတွေကို
ဒီထက်ပိုမိုကောင်းမွန်တဲ့ ၊ လေးစားထိုက်တဲ့နေရာတွေမှာပဲ အသုံးချလိုက်ပါ ” လို့
Gigi ကတော့ ပြောလိုက်ပါပြီ။

လက်ရှိတွဲနေတဲ့ Zayn Malik နဲ့လည်း အမုန်းပွားသူတွေဆီက မကောင်းတဲ့ဝေဖန်မှုတွေကို Gigi ရရှိခဲ့တယ်။ သူမခန္ဓာကိုယ်ကို ဝေဖန်တာ ဒါပထမဆုံးမဟုတ်တော့တဲ့အတွက် သူမအရင်ကလို စိတ်မထွေပြားတော့ပါဘူး။ Love Advent အတွက် သူမ ဓာတ်ပုံရိုက်တုန်းက မလှပတဲ့ပုံတွေပါသွားတဲ့အတွက်တော့ သူမရှက်ရွံမိနေကြောင်းသိရပါတယ်။

176 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.