ဓာတ်ပုံရိုက်တာဟာ ဥပဒေကိုဆန့်ကျင်တာလို့သတ်မှတ်ထားတဲ့ နိုင်ငံများ

ခရီးသွားပြီဆို ဓာတ်ပုံလေးရိုက်ရမှဆိုတဲ့သူတွေအတွက် အခက်တွေ့စရာပါပဲ။ ဘယ်သူမဆိုကိုယ်ရောက်ခဲ့ဖူးတဲ့နေရာတွေကိုအမှတ်တရဓာတ်ပုံလေးရိုက်ပြီး သိမ်းထားချင်ကြမှာပါ။ ဒါပေမဲ့ ဓာတ်ပုံရိုက်တာဟာဥပဒေကိုဆန့်ကျင်တာလို့သတ်မှတ်ထား တဲ့နိုင်ငံတစ်ချို့ရှိပါတယ်။ဘယ်နိုင်ငံတွေလဲဆိုရင်…

၁)Amsterdam, Netherlands
Netherlands နိုင်ငံ၊Amsterdam မြို့ဟာ လှပပြီးအရောင်စုံကာဓာတ်ပုံရိုက်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့လိုဏ်ဂူတွေ၊ကော်ဖီဆိုင်တွေ၊ပြည့်တန်ဆာတွေနဲ့ထင်ရှားပါတယ်။ ဒါပေမဲ့ မြို့ခံလူတွေကတော့ခရီးသွားတွေကပြတင်းပေါက်မှာရပ်နေတဲ့ပြည့်တန်ဆာအမျိုးသမီးလေးတွေကိုဓာတ်ပုံရိုက်တာကိုအရမ်းမုန်းကြပါတယ်။တကယ်လို့ Amsterdam မြို့ကို ကင်မရာတွေ ၊ဖုန်းတွေယူသွားမယ်ဆိုရင် ကံကောင်းရင်ပစ္စည်းတွေလွှင့်ပစ်ခံရပြီး ကံဆိုးရင်တော့
အရိုက်နှက်တောင်ခံရနိုင်ပါတယ်တဲ့။

၂)South Korea

South Korea နိုင်ငံမှာတော့ အမျိုးသမီးတွေကိုဓာတ်ပုံရိုက်မယ်ဆိုရင်သူတို့ရဲ့သဘောတူ ခွင့်ပြုချက်ပါမှ ရိုက်ကူးနိုင်ပါတယ်။လူများတဲ့နေရာမှာတောင်ဒီလိုမျိုးလျှပ်တပြက် ရိုက်လိုက်လို့မရပါဘူး။ဒီစည်းမျဉ်းကိုချိုးဖောက်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခု အဖြစ်သတ်မှတ်ပြီး ဒေါ်လာ ၈၈၀၀(ကိုရီးယားဝမ်ငွေ ၁၀သန်း)ဒဏ်ငွေဆောင်ရနိုင်ပြီး ထောင်ဒဏ် ၅နှစ်အထက် ကျခံရနိုင်ပါတယ်။

၃)USA
ယူအက်စ်ပြည်နယ်တွေမှာတော့ တောင်ကိုရီးယားနိုင်ငံတွေလောက်တော့မပြင်းထန်ပါဘူး။ တကယ်လို့ယူအက်စ်မှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ပထမဆုံးပိုင်ရှင်
ကိုခွင့်တောင်းပြီး ခွင့်ပြုချက်ရမှဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ပြီးတော့ အရေးကြီးဆုံးကဥပေဒစည်းမျဉ်းကို အမြဲလေးစားအာရုံစိုက်ပြီးလိုက်နာဖို့ပါပဲ။

၎)United Arab Emirates
United Arab Emirates နိုင်ငံမှာ တားမြစ်ထားတဲ့နေရာတွေကိုဓာတ်ပုံရိုက်ကူးခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁လကနေ ၃လအထိကျနိုင်ပြီး ဒေါ်လာ ၁၃၆၁ကျပ်ဒဏ်ငွေဆောင်ရနိုင်ပါတယ်။ အစိုးရအဆောက်အဦးတွေ၊တံတားတွေ၊နန်းတော်တွေမှာဓာတ်ပုံရိုက်ကူးခွင့်မပြုထားဘူးလို့ သိရပါတယ်။

၅)North Korea
North Korea နိုင်ငံကိုသွားလည်ပတ်ချင်တယ်ဆိုရင် သင့်ရဲ့လှုပ်ရှားမှုတွေ၊အပြုအမူတွေကအစ သေချာပြင်ဆင်ဂရုစိုက်မှရပါလိမ့်မယ်။North Koreaမှာဂိုက်မပါပဲ ဟိုတယ်မှာနေထိုင် ခွင့်မပြုထားသလို ဂိုက်ရဲ့ခွင့်ပြုချက်မရှိပဲဘယ်လိုဓာတ်ပုံကိုမှရိုက်ကူးခွင့်မရှိဘူးလို့ သိရပါတယ်။တကယ်လို့ချိုးဖောက်ခဲ့မယ်ဆိုရင်ဒဏ်ငွေဆောင်ရတာဖြစ်နိုင်သလို တခြားတစ်ခုခု ဆိုးဝါးတာတွေလည်းဖြစ်လာနိုင်ပါတယ်။

၆)England
England နိုင်ငံမှာတော့ အပျော်တမ်းဓာတ်ပုံရိုက်ချင်တယ်ဆိုရင် နိုင်ငံအနှံ့ဘယ်နေရာဖြစ်ဖြစ် ရိုက်ကူးနိုင်ပါတယ်။ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံပညာရှင်တွေဆိုရင်တော့ဓာတ်ပုံ ရိုက်ကူးဖို့အတွက်ခွင့်ပြုချက်လိုတယ်လို့သိရပါတယ်။အထူးသဖြင့် Trafalgar Square နဲ့ Parliament Square မှာရိုက်ကူးမယ်ဆိုရင်လန်ဒန်မြို့တော်ဝန်ရဲ့  ခွင့်ပြုချက်လိုအပ်ပါတယ်။

၇)Japan
Japan နိုင်ငံမှာဘုရားကျောင်းတွေ၊ရုပ်ထုတွေကိုဓာတ်ပုံရိုက်ကူးခြင်း မပြုဖို့တားမြစ် ပိတ်ပင်ထားပါတယ်။ လျှပ်တပြက်ရိုက်ကူးမိတာကတောင် ၀ိညာဉ်တွေကို
စိတ်ဆိုးမိစေပါတယ်တဲ့။Japan နိုင်ငံမှာဓာတ်ပုံရိုက်မယ်ဆိုရင်သေချာလေ့လာပြီးမှ ရိုက်ဖို့စဉ်းစားသင့်ပါတယ်။

၈)Algeria
Algeria နိုင်ငံဟာ ရှေးရိုးစွဲနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အထူးသဖြင့် နိုင်ငံရဲ့ တောင်ဘက်ပိုင်း မှာဆိုရင် အမျိုးသားတွေရဲ့ခွင့်ပြုချက်ရရင် ဓာတ်ပုံရိုက်ကူးနိုင်ပြီးအမျိုးသမီးတွေကို ဓာတ်ပုံရိုက်ချင်ရင်တော့ ခင်ပွန်းဖြစ်သူ၊ဒါမှမဟုတ် အဖေဖြစ်သူရဲ့ခွင့်ပြုချက်ရမှရိုက်ကူးနိုင်တယ် လို့သိရပါတယ်။ဒါ့အပြင်တံတားတွေ၊မိန်းမပျိုလေးတွေ၊စစ်တပ်ဆိုင်ရာပစ္စည်းတွေဓာတ်ပုံရိုက်တာ ကိုတားမြစ်ထားပါတယ်။

753 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.