မိဘနဲ့ သားသမီးဆက်ဆံရေးအဆင်ပြေချောမွေ့စေဖို့ (မိဘတွေဖတ်ရန်)

ကလေးကိုပြုစုပျိုးထောင်ခြင်း Parenting ဆိုတဲ့အလုပ်ဟာ သိပ်ကိုကျယ်ပြန့််ပါတယ်။အဲဒါနဲ့ပက်သက်ပြီးထွက်ထားတဲ့ စာအုပ်စာတမ်းတွေလည်းအများကြီးရှိပါတယ်။ အလွန်ကျယ်ပြန့်ပြီးမဆုံးနိုင်တဲ့ ဘာသာရပ်မို့ ဒီ Article က အခြေခံ ယေဘုယျအရေးကြီးတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပဲ တင်ပြသွားနိုင်မှာပါ။  ခေါင်းစဉ်ခွဲတွေအထိ အသေးစိတ်သွားနိုင်မှာမဟုတ်ပါဘူး။

 

အတ္တမကြီးပါနဲ

ကိုယ့်အတ္တတွေက ကလေးကို အပူမဟပ်မိပါစေနဲ့။ ငါကနင့်ကိုမွေးထားတာမို့ နင်က ငါ့စိတ်အတိုင်းနေရမယ်၊ငါဖြစ်ချင်တာတွေပဲလုပ်ရမယ်ဆိုတာမျိုးက မဟုတ်သေးပါဘူးလို့ပဲပြောပါရစေ။ ကိုယ့်လက်ထက်တုန်းက ကိုယ်သောက်သုံးမကျလို့ မရခဲ့တဲ့ ဆရာဝန်လိုင်းကို ကိုယ့်သားလက်ထက်ကျ သေချာပေါက်ရစေရမကွဆိုပြီး ကလေးကို ဖိအားပေးတာမျိုးကတော်တော်ဆိုးတဲ့ parenting နည်းစနစ်ပါ။ ကိုယ်ကဆရာဝန်ဖြစ်ချင်ပေမယ့် ကလေးက အဆိုတော်ပဲဖြစ်ချင်ရင်လည်းဖြစ်ချင်မှာပဲလေ။ လုံးဝမတူတာလည်းဖြစ်နိုင်တာပဲ။ ကိုယ်ကသူ့ဘဝကိုကောင်းစားစေချင်တာဆိုရင် ကိုယ်ဖြစ်ချင်တာကိုသေချာရှင်းပြ၊သူဖြစ်ချင်တာကိုနားထောင်ပေး၊အကောင်းဆုံးအဖြေတစ်ခုကိုရှာရုံပေါ့။

 

ဖိမဆူပါနဲ့

ဘယ်လောက်ကြီးမားတဲ့အမှားပဲ ဖြစ်ပါစေ ကလေးကို သတိရတိုင်းဖိမဆူပါနဲ့။ ဒါချည်းပဲ ဆယ်နှစ်ဆယ်မိုးလောက်ပြန်ပြန်ပြောပြီးဆူနေမယ်ဆိုရင်တော့ ကလေးကလည်း ဒါလေးပဲလုပ်ပြီိးဒီလာက်အပြောခံရတာ မတန်ဘူး၊ ဒါမျိုးတွေထပ်လုပ်ပစ်မယ်ဆိုပြီးအရွဲ့တိုက်ကောင်းတိုက်လာနိုင်ပါတယ်။ မိဘနဲ့သားသမီး ခွာပြဲတယ်ဆိုတာတွေက အဲဒီလိုဖိဆူတာတွေကဖြစ်လာတာပါ။ အကျိုးသင့်အကြောင်းသင့်ပြောပြလို့နားမဝင်တဲ့ကလေးမရှိပါဘူး။

 

မချုပ်ချယ်ပါနဲ့

ကိုယ့်ကလေးအန္တရာယ်ဖြစ်မှာစိုးလို့ ကန့်သတ်ချက်တွေထားတယ်ဆိုတာက မိဘတိုင်းလုပ်တတ်ပါတယ်။ ဒါပေမယ့် ဟိုမသွားရဒီမသွားရတအားနင်းထိုးချုပ်ချယ်တာမျိုးကတော့ ကလေးရဲ့စိတ်ကိုပုန်ကန်ဖို့လောင်စာဖြည့်ပေးနေသလိုသက်ရောက်စေပါတယ်။ သတိပြုရမှာက သင့်ကလေးက အသက်ရှုနေတဲ့လူပါ၊သင့်လိုပဲလူသားတစ်ယောက်ပါ၊သင့်မိဘက သင့်ကိုဝယ်ပေးထားတဲ့အရုပ်မဟုတ်ပါဘူး။ဒါကြောင့်မျက်စိဒေါက်ထောက်လိုက်ကြည့်နေတာမျိုးတွေ မဟားတရားချုပ်ချယ်တာမျိုးတွေ ရှောင်ကြဉ်ပါ။

 

နားလည်မှုပေးပါ

ကလေးက တခြားကလေးကိုအသားလွတ်ကြီးဆော်ထဲ့လိုက်တာတို့ မိဘတွေကိုပြန်ခံပြောနေတာတို့ဆိုရင် နားလည်ပေးစရာမလိုပါဘူး။ဆော်သာဆော်ပါ။ ဒါပေမယ့် အိမ်ပြန်နောက်ကျရခြင်းအကြောင်းတွေ၊ အပြင်ထွက်လည်ဖို့ခွင့်ပြုပေးရမယ့်ခိုင်လုံတဲ့အကြောင်းပြချက်တွေ၊ဖုန်းကိုရုတ်တရက်မကိုင်မိခြင်းအကြောင်းတွေကိုတော့ ကလေးကပြောရင်နားထောင်ပေးလိုက်ပါ၊ပြီးမှ ဆက်ဆုံးဖြတ်ပါ။ နင်ဘာမှဆင်ခြေပေးမနေနဲ့ဆိုပြီး တစ်ဖက်ပိတ်ဆူပူအော်ဟစ်နေရင်တော့ သင့်ကလေးဟာ အနှေးနဲ့ အမြန်လမ်းပေါ်ရောက်မှာပါ။သင်ကမှအိမ်မှာပျော်အောင်မထားတာကိုး။

 

လက်ရှိဖော်ပြသွားတာတွေကတော့ မိဘနဲ့ကလေး ဆက်ဆံရေးအဆင်ပြေစေဖို့ အရေးကြီးတဲ့အချက်လေးတွေပါ။ အဓိကက သူ့ဘက်ကိုယ့်ဘက်မျှမျှတတတွေးပေးဖို့ပါပဲ။ ကိုယ်တို့လူငယ်တွေရဲ့ကံကောင်းတဲ့အချက်က ကိုယ်တို့ကမိဘတွေဖြစ်လာနိုင်သေးတော့ ကိုယ်တို့ကလေးတွေကို ကိုယ်ချင်းစာနိုင်တာပဲ။ ကိုယ်တို့မိဘတွေနဲ့ကိုယ်တို့ကြားမှာသိပ်ကိုတိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးက ခြားသွားလေတော့ Generation Gap ဖြစ်ပြီး ဘယ်လိုမှကိုညှိယူလို့မရတော့တဲ့အဖြစ်တွေဖြစ်ကုန်တာပါပဲ။မှတ်ထားနော်။ သင်ငယ်ဘဝမှာခံစားခဲ့ရတဲ့ပျော်ရွှင်မှုတွေ သင့်ကလေးလည်းခံစားရတာသေချာပါစေ၊ဒါပေမယ့် ဝမ်းနည်းမှုတွေ ခံပြင်းမှုတွေကိုတော့  သင့်ကလေးအလှည့်ကျမခံစားရအောင်ကာကွယ်စောင့်ရှောက်ပေးဖို့ကသင့်တာဝန်ပါ။ ငါတို့တုန်းကဒီလိုပဲခံစားခဲ့ရတာပဲ မင်းတို့လည်းခံကြစမ်းကွာဆိုရင်တော့ ခွေးအ အမြီးလိုက်ဖြတ်တဲ့ပုံပြင်လိုဖြစ်သွားပါလိမ့်မယ်။ ကိုယ်တို့က ခွေးအတွေထက်တော့ အသိညဏ်ရှိကြတယ်မဟုတ်လား။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.