ဟောလိဝုဒ်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Kang Dong Won

တောင်ကိုရီးယားမင်းသားချော Kang Dong Won ဆိုရင်မသိသူမရှိကြလောက်ပါဘူး။ တကယ့်ကိုရုပ်ရည်က ယောက်ျားပီသပြီး သရုပ်ဆောင်ကလည်းပီပြင်တာကြောင့် မိန်းကလေး အနုပညာရှင်တွေကတောင် သူတို့ချစ်သူရည်းစားထားတဲ့အခါမင်းသား Kang Dong Won လိုပုံစံမျိုးကိုရွေးချယ်ချင်တယ်လို့ပြောရတဲ့အထိပါပဲ။

မင်းသား Kang Dong Won ဟာကိုရီးယားအနုပညာလောကမှာသာမက ဟောလိဝုဒ်ထိပါ ထိုးဖောက်ဖို့ခြေလှမ်းပြင်နေပါပြီ။သူ့ရဲ့ ပထမဆုံးဟောလိဝုဒ်ဇာတ်ကားဖြစ်တဲ့ Tsunami LA ဆိုတဲ့ကားမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးထားပြီး ၂၀၁၉မှာထွက်ရှိမယ် လို့လည်းသိရပါတယ်။

နောက်ဆုံးကိုရီးယားဇာတ်ကားဖြစ်တဲ့ In Lang ဇာတ်ကားအပြီးမှာပဲဟောလိဝုဒ်ဇာတ်ကား Tsunami LA ဇာတ်ကားကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ  နာမည်ကျော် ဇာတ်ကားတွေဖြစ်တဲ့ Tomb Raider ၊ Con Airကားတွေရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Simon Westကဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ကြီးမားတဲ့ပင်လယ်ရေလှိုင်းကြီးတစ်ခုက ကယ်လီဖိုးနီးယားပြည်နယ်၊လော့အိန်ဂျလိစ်မြို့ကိုရိုက်ခတ်သွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးရိုက်ကူးထားတာပါ။

မင်းသား Kang Dong Won ဟာ ဒီဇာတ်ကားမှာ ရေအောက်ပြတိုက်မှာအလုပ်လုပ်တဲ့ ရေလွှာလျှောစီးသူအဖြစ်ခေါင်းဆောင်ရိုက်ကူးရမှာပါ။ “ဒီဇာတ်လမ်းအကျဉ်းချုပ်ရောက်ရှိလာပြီး ကမ်းလှမ်းခဲ့တုန်းက ဇာတ်လမ်းကနည်းနည်းရှုပ်ထွေးပေမဲ့လက်ခံခဲ့ပါတယ်။ တခြားရုပ်ရှင်နဲ့ ပတ်သက်ပြီးဆွေးနွေးနေပေမဲ့လည်း အခုပထမဆုံး Tsunami LA ကိုရိုက်ကူးဖို့ဆုံးဖြတ်ခဲ့တာပါ လို့ မင်းသားက ပြောပြခဲ့ပါတယ်။ပြီးတော့ အခုလို ဟောလိဝုဒ်ဇာတ်ကားမှာခေါင်းဆောင် အဖြစ်ကမ်းလှမ်းခံရလို့ အရမ်းကိုဝမ်းသာအံ့သြရပါတယ်။တကယ်လို့သူဟာ ဟောလိဝုဒ် ဇာတ်ကားတွေမှာရိုက်ကူးအောင်မြင်ခဲ့ရင် ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်တဲ့ အခါမှာလည်း ပိုပြီးကောင်းမွန်ကြီးမားအောင် သူတို့တွေနဲ့ပူးပေါင်းဖို့ကူညီပေးနိုင်မှာပါ” လို့ပြောပြခဲ့ပါသေးတယ်။

ဒါရိုက်တာ Simon West ကလည်း “သူ့ရဲ့ ဟောလိဝုဒ်ဇာတ်ကားမှာ အခုလိုကိုရီးယားမင်းသား တစ်ယောက်နဲ့ရိုက်ကူးရမှာကို အရမ်းကိုစိတ်လှုပ်ရှားပါတယ်။တစ်ကမ္ဘာလုံးကပရိသတ်တွေ အားလုံးသည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားစွာကြည့်ရမယ့်ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ဖို့က သူတို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ပါပဲ။ပြီးတော့ ဒီလိုစွန့်စားခန်းရိုက်ကူးဖို့အတွက်မင်းသား Kang Dong Wonကိုခေါင်းဆောင်အဖြစ်ပါဝင်ရိုက်ကူးဖို့အရမ်းကိုလိုလားပါတယ်”လို့ပြောခဲ့ပါတယ်။

ဒါ့အပြင်မိန်းကလေးပရိသတ်တွေအတွက်သတင်းကောင်းတစ်ခုကတော့ ပျိုတိုင်းကြိုက် တဲ့နှင်းဆီခိုင် မင်းသားက အသက် ၃၇နှစ်ရှိနေပြီဖြစ်ပေမဲ့ အခုချိန်ထိ လက်ထပ်ဖို့အစီအစဉ် မရှိသေးပါဘူးတဲ့။လက်ထပ်ချင်မှလည်းလက်ထပ်ဖြစ်မှာပါတဲ့။အနာဂတ်ကိုလည်း ဘယ်သူ ကမှကြိုပြီးဟောကိန်းမထုတ်နိုင်ပါဘူး။ငယ်ငယ်တုန်းကလည်း လက်ထပ်ဖို့နဲ့ပတ်သက်ပြီး တစ်ခါမှမစဉ်းစားခဲ့ဖူးသလို အခုချိန်ထိလည်း လက်ထပ်ဖို့အကြောင်းနဲ့ပတ်သက်ပြီး မစဉ်းစားသေးပါဘူးလို့ပြောပြခဲ့ပါတယ်။

 

 

 

533 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.