အငိုမျက်လုံးအပြုံးမျက်နှာ

လူတိုင်းဟာ သူ့အပူနဲ့သူ သူ့အကြောင်းနဲ့သူရင်ထဲမှာ စိတ်ဒဏ်ရာလေးတွေ အနည်း အများပဲကွာမယ် ရှိတော့ရှိကြတယ်ဆိုတာ အမှန်တရားပါ။ ဒီလိုစိတ်ဒဏ်ရာရှိတိုင်း နေ့စဉ်လုပ်ငန်းတာဝန်တွေကို ပျက်ကွက်ပြီးစိတ်ဆင်းရဲနေလို့မှ အဆင်မပြေတာ။ ဆိုတော့ စိတ်ထဲမှာဒဏ်ရာတွေရှိပင်မဲ့ ပြန်လည်ရပ်တည်နိုင်ဖို့ဘယ်အရာတွေကို ခွန်အားအဖြစ်သတ်မှတ်ပြီး ရှေ့ဆက်ကြမလဲ။ ဘယ်သူတွေအတွက်ကိုယ့်ဝမ်းနည်းစိတ်တွေကိုဖုံးကွယ်ပြီး ကြိုးစားနေထိုင်ကြမလဲဆိုတာ…
(၁) ကိုယ့်မိသားစုအတွက်ကြိုးစားနေထိုင်ပါ
မိသားစုဆိုတာ ဘယ်လောက်ပဲ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ပါစေ အချိန်တန် ကိုယ်ဒုက္ခရောက်တဲ့အခါကိုယ်နဲ့အတူ စိတ်ပင်ပန်းမှုတွေကို မျှဝေခံစားတက်ကြပါတယ်။ကိုယ်တိုင်စိတ်ဆင်းရဲနေရရင်သူတို့လည်း ခံစားရတာမို့ကိုယ်ချစ်တဲ့မိသားစု ကိုယ့် အတွက်စိတ်မဆင်းရဲရအောင် ကိုယ်တိုင်သူတို့ရှေ့မှာစိတ်ချမ်းသာအောင်နေပြဖို့လိုပါတယ်။ ဒါကြောင့်စိတ်ပင်ပန်းနေရင်တောင် ကြိုးစားပြီး မိသားစု ကပေးတဲ့ခွန်အားနဲ့ရှေ့ဆက်ပါ။
(၂) ကိုယ့်အပေါ်ကောင်းတဲ့သူတွေအတွက်ကြိုးစားနေထိုင်ပါ
လောကကြီး မှာ ကိုယ့်ကိုယ် လိုအပ်နေတဲ့သူတွေ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေတစ်ပုံကြီးပါ။ ဒီလိုလူတွေအတွက် အားမွေးထားပြီး ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေကို အမြင်အောင်ဖုံးကွယ်ထားဖို့လိုပါတယ်။ သူတို့ပေးတဲ့မေတ္တာနဲ့ကိုယ့်ဘ၀ကို ကောင်းမွန်စွာရှေ့ဆက်နိုင်ဖို့အတွက် စိတ်ထဲမှာကြေကွဲနေရင်တောင် မျက်နှာမှာပြုံးနေပါစေ။
(၃) ကောင်းတဲ့ချိန်ကို မျှော်လင့်ရင်းနေထိုင်ပါ
ကိုယ့်ဘ၀မှာကောင်းတဲ့အချိန်လေးတွေလည်းရှိလာနိုင်ပါတယ် ဆိုတာကို စိတ်ထဲမှာသွင်းပြီး လက်ရှိဖြစ်နေတဲ့အရာတွေအတွက် ၀မ်းနည်းကြေကွဲမနေပဲ ကောင်းမွန်တဲ့ အချိန်တွေကို မျှော်လင့်တမ်းတရင်းရှေ့ဆက်လျှောက်နိုင်အောင်အားမွေးပါ။
(၄) နာကျင်မှုတိုင်းကို မခံစားမိအောင်ကြိုးစာပါ
ကိုယ့်ဘ၀မှာကြုံလာသမျှနာကျင်မှုတိုင်းကို ကိုယ့်စိတ်ထဲ အရမ်းထားပြီး မခံစားမိအောင်သတိထားပါ။ နာကျင်စရာကိစ္စကြုံရတိုင်းသာ အမြဲလိုလို ထိုင်ခံစားနေမယ်ဆိုရင် အဲ့နာကျင်မှုကြီးကပဲကိုယ့်ရဲ့ကောင်းမွန်တဲ့ဘ၀နဲ့အချိန်တွေကို ၀ါးမျိုပစ်နိုင်ပါတယ်။
(၅) ဖြေသိမ့်တက်အောင်ကြိုးစားပါ
ဖြစ်လာသမျှ အကြောင်းအကောင်းဆိုတဲ့ စိတ်ကလေးကို မွေးမြူပါ။ တစ်ချို့အရာတွေဟာ ကိုယ့်ဘ၀မှာဖြစ်လိမ့်မယ်လို့မထင်ထားပေမဲ့ ဖြစ်လာခဲ့တဲ့အချိန်မှာလက်ခံတက်အောင်ကြိုးစားပါ။
စိတ်ထဲမှာနာကျင်နေပင်မဲ့ ငိုချင် ခံစားချင်နေပင်မဲ့ ကိုယ့်ဘ၀အတွက် ကိုယ့်မိသားစု အတွက် ကိုယ့်ကိုလိုအပ်တဲ့သူတစ်ချို့အတွက် အပြုံးမျက်နှာနဲ့ရှေ့နိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.