Presentationလို့ပြောတာနဲ့စိုးရိမ်တက်ကြတဲ့သူတွေအတွက်

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် presentation ကောင်းကောင်းတင်ဆက်နိုင်ဖို့လိုအပ်ပါတယ်။ Presentation အပိုင်းဆိုတာ အလုပ်ခွင်ကျောင်းတွေ မှာမှ မဟုတ်ပါဘူး။လူအများကြားထဲမှာကိုယ်ပြောချင်တဲ့ စကားကို လူအများနားလည်အောင်ထိထိမိမိ ပြောတက်ခြင်းဟာလည်း ကောင်းသောတင်ဆက်နိုင်ခြင်းပါပဲ။ ဆိုတော့ ဘယ်နေရာရောက်ရောက်တင်ဆက်မှု အပိုင်းကို ခြေအေးလက်အေးနဲ့စိုးရိမ်ကြောက်ရွံ့နေစရာမလိုပဲ အဆင်ပြေပြေနဲ့ယုံကြည်မှုရှိရှိတင်ဆက်နိုင်ဖို့ဘယ်အချက်လေးတွေလိုအပ်သလဲဆိုတာ…
(၁) အကြောင်းရင်းကို နှိုက်နှိုက်ချွတ်ချွတ် သိအောင်ကြိုးစားပါ
Presentation အတွက် ကိုတင်ဆက်ရမဲ့ခေါင်းစဉ်ကို အရင်ဆုံးသေချာသဘောပေါက်နားလည်အောင်လုပ်ဖို့လိုပါတယ်။ ခေါင်းစဉ်ဟာ အရမ်းလန်းနေဖို့ထက် လူတိုင်းနဲ့မစိမ်းတဲ့အပိုင်းမျိုးကိုပိုရွေးချယ်သင့်ပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့ခေါင်းစဉ်(ဒါမှမဟုတ်) ကိုယ်ကျရာခေါင်းစဉ်ကို သေချာပိုင်နိုင်စွာ အသေးမွှားလေးကအစ သိရှိအောင်ကြိုးစားလေ့လာသင့်ပါတယ်။ ဒါမှသာကိုယ်ပြောတဲ့အခါ တိတိကျကျပြောနိုင်ပြီး နားထောင်တဲ့သူကမေးတဲ့အခါတိတိကျကျဖြေနိုင်မှာဖြစ်ပါတယ်။
(၂) လေ့ကျင့်ပါ
ကိုယ်ပြောမဲ့အကြောင်းအရာကို Presentationမလုပ်ခင်မှာကြိုတင် လေ့ကျင့်ပါ။ ဘယ်အပိုင်းပြီးရင် ဘယ် အပိုင်းပြောမယ် ဘယ်အပိုင်းနဲ့ဘယ်အပိုင်းက ဆက်စပ်နေတယ်ဆိုတာကိုကြိုတင်ပြင်ဆင်လေ့ကျင့်ထားပါ။
(၃) ကိုယ်ပိုင်ဟန်ကိုအသုံးပြုပါ
Presentation တင်ဆက်တဲ့အခါ ကိုယ့်ကိုယ်ပိုင်ဟန်နဲ့ကိုယ် တင်ဆက်ပါ။ သူများပြောဟန်နဲ့တူအောင်ပြောစရာမလိုပါဘူး။ အဓိကက ကိုယ့်ပုံစံလေးနဲ့ကိုယ် သူများအမြင်မှာ ရှင်းရှင်းလင်းလင်းပေါ်ပေါ်လွင်လွင်လေးဖြစ်နေအောင် ပြောတက်ဖို့လိုပါတယ်။
(၄) ရိုးရှင်းနားလည်လွယ်အောင်ပြောပါ
စကားလုံးအကြီးကြီးတွေနဲ့ကြားရသူ အထင်ကြီးအောင်ပြောတက်ဖို့မလိုပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ကိုယ်ပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကို နားထောင် နေတဲ့လူတွေစိတ်ထဲ မှာရှင်းလင်းပြတ်သားစွာနားလည်သွားနိုင်ဖို့ပဲလိုပါတယ်။ ကိုယ့်ရဲ့စကားပြောတက်တယ်ဆိုတဲ့အရည် အချင်းဟာ ဒီလိုချက်ချက်လက်လက်ပြောတက်တဲ့နေရာမှာသိပ်ကို အသုံးဝင်လှပါတယ်။
(၅) နားထောင်မဲ့သူရဲ့မျက်လုံးကို ကြည့်ပြောပါ
နားထောင်မဲ့သူတွေရဲ့မျက်လုံးကို ကြည့်ပြီး တင်ဆက်ပါ။ ကိုယ့်ရဲ့တင်ဆက်မှုမှာကိုယ်ပြောနေတဲ့အရာတွေဟာ မှန်ကန်ကြောင်း ကိုယ့်အကြောင်းအရာကို ကိုယ်သေချာနားလည်ကြောင်းပြတဲ့အနေနဲ့ တင်ဆက်မှုလုပ်စဉ်မှာ နားထောင်သူတွေရဲ့မျက်လုံးကိုကြည့်ပြီး ရဲရဲဝံ့ဝံ့ ယုံကြည်စွာနဲ့ပြောဖို့လိုအပ်ပါတယ်။
Presentation ဆိုတာနဲ့စိုးရိမ်စိတ်တွေနဲ့ကြောက်နေစရာမလိုပဲ ယုံကြည်မှုရှိရှိတင်ဆက်နိုင်ပါစေလို့ဆုတောင်းရင်း…

276 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.