ပင်လယ်ကြမ်းပြင်အောက် သိုမှီးထားတဲ့ ရေချိုပမာဏဟာ ၁၉၀၀ခုနှစ်ကတည်းက ကျွန်တော်တို့အသုံးပြုခဲ့တဲ့ ရေချိုပမာဏထက် အဆ ၁၀၀ ကျော်ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကုဗကီလိုမီတာ ၅ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီရေချိုတွေကို ထုတ်ယူသုံးစွဲဖို့ဆိုတာတော့ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်။
သောက်ရေအတွက် ပင်လယ်အောက်မှာ ရှာဖို့ဆိုတာ မဖြစ်နိုင်ဆုံးအခြေအနေပါ။ မဖော်ယူရသေးတဲ့ ပမာဏများများ သိုလှောင်ထားတဲ့ ရေချိုတွေကို ပင်လယ်ရေအောက်မှာ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ ရတယ်ဆိုတာကတော့ အတိအကျပါပဲ။
ရေနံနဲ့ ဂတ်စ် အကွက်တွေကို ပင်လယ်ကြမ်းပြင်မှာ ရှာဖွေရေးလုပ်နေတုန်း ပင်လယ်ကြမ်းပြင်အောက်မှာ သိပ်သည်းများပြားလှတဲ့ ရေအောင်းလွှာတွေ ရှိနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဇင်ဘာလ ၅ရက်နေ့ထုတ် Nature ဂျာနယ်မှာပါလာတဲ့ လေ့လာမှုအရ သြစတြေးလျ၊ တရုတ်၊ မြောက်အမေရိက နဲ့ တောင်အာဖရိကတို့ရဲ့ ကမ်းနဲ့ ပင်လယ်ကြား continental shelf နေရာတွေမှာ ရေချိုကို ရှာတွေ့တယ်လို့ ပါပါတယ်။ ပင်လယ်ကြမ်းပြင် ရေသိုလှောင်ထားတဲ့နေရာတွေမှာ အငန်ဓါတ်နည်းတဲ့ ရေပမာဏ ကုဗကီလိုမီတာ ၅သိန်း (သို့) ကုဗမိုင် ၁သိန်း ၂သောင်းခန့် ရှိတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
Ref:ibtimes