သားသမီးကိုချစ်လွန်းလို့ ဘာမှမခိုင်းရက်၊ ဟိုဟာဆိုလည်း ဒီအမေ၊ ဒီဟာဆိုလည်းဒီအဖေက လုပ်ပေးတော့ ကလေးဟာအရွယ်ရောက်လာချိန် သူများကလေးတွေနဲ့ယှဉ်ရင် ဘာမှမလုပ်တတ်တော့ဘူး။ ဒီလိုမဖြစ်ရလေအောင် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ဘယ်လိုအရာတွေမှာ လက်လျောပေးပြီး ဘယ်လိုအရာတွေမှာ သူ့ဘာသာလုပ်တတ်အောင် သင်ပေးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အစားဝင်ဖြေပေးခြင်း
သားသမီးတွေ စကားပြောတတ်ခါစအချိန်လေးတွေဟာ အရမ်းချစ်ဖို့ကောင်းပါတယ်။ သူစိမ်းက ကလေးကို နာမည်ဘယ်လိုခေါ်လဲမေးလာရင် မိဘတွေက အစားဝင်ဖြေပေးတတ်ကြတာများတယ်။ ကလေးကိုမေးရင် ကလေးဘာသာ ဖြေပါစေ။ ဒါမှ သူစိမ်းတွေနဲ့စကားပြောရာမှ ကြောက်လန့်မှုမရှိတော့မှာပါ။ မိဘအနေနဲ့လည်း ကလေးတွေကိုစကားပြောဆိုရာတွင် လိမ္မာရေးကြားရှိအောင်
သေချာသင်ကြားပေးထားသင့်တယ်။
သူငယ်ချင်းလို
မိဘတွေဟာ ကိုယ့်သားသမီးနဲ့ သူငယ်ချင်းလိုနေနိုင်အောင် ကြိုးစားကြပါတယ်။ ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်းရှိအောင်လို့ပေါ့။ မိဘတွေဘာလို့ ဒီလိုဖြစ်ချင်လည်း နားလည်နိုင်ပေမယ့် သေချာစဉ်းစားကြည့်တဲ့အခါ သူငယ်ချင်းလို ဆက်ဆံရေးမျိုးဆိုရင်လည်း မလေးစားတွေဖြစ်လာမယ်။ ဒါကြောင့် တစ်ချို့ ကိစ္စတွေမှာ သားသမီးတွေဘက်က ပွင့်ပွင့်လင်းလင်းပြောလာအောင် သင့်ဘက်က လမ်းဖွင့်ပေးဖို့လိုပါတယ်။ ချုပ်ချယ်သင့်တာကလွဲလို့ အရာရာမှာ လိုက်မတင်းကြပ်ရင် သင့်ကလေးလည်း ပွင့်လင်းလာပါလိမ့်မယ်။
လိုချင်တာနဲ့ လိုအပ်တာ
ကလေးက လိုချင်တာတစ်ခုရှိလို့ ပူဆာရင် သူ့ကိုပြောဆို ဆုံးမတတ်ဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးရွက်တွေဆို ကလေးတွေမကြိုက်တာ သဘာဝပါပဲ။ ဒါကို သူ့အလိုလိုစားချင်အောင် တစ်ခုခုနဲ့မြှားပြောရမှာသင့်တာဝန်ပါ။ ” နင် အမြဲတမ်းသကြားလုံးပဲ စားချင်နေတာပဲ” လို့ ကလေးကိုအပြစ်သွားတင်ရင် ငိုပြီး ဂျီကျနေမှာကလွဲရင် ဘာမှဖြစ်မလာဘူး။ ဒီအသီးရွက်ကို သူမစား,စားအောင် မြှားပြီးပြောရမယ့်တာဝန်က သင့်မှာရှိတယ်။ စကားအပြောတတ်ဖို့ပဲ လိုတာပါ။
ကူညီပေးခြင်း
အသက် ၂ – ၃နှစ်ကလေးတွေဟာ အကျီ င်္ဝတ်တာ ၊ ချွတ်တလောက်တော့ လုပ်တတ်နေပါပြီ။ ပန်းကန်ဆေး၊ အဝတ်လျှော်တာလောက်က မသင်ပြပေးပဲနဲ့တောင် သူတို့ကောင်းကောင်းသိတယ်။ အဲ့ဒီအရွယ်ထက်ကျော်လွန်သွားပြီဆို ကလေးတွဟာ သူတို့ဘာသာပဲ လုပ်ချင်ကြပါတော့တယ်။ တတ်နိုင်သလောက် သူတို့ဘာသာလုပ်တတ်အောင် သင်ကလမ်းပြပေးပါ။ အတွေ့အကြုံတွေ ယူခိုင်းပါ။ သင်ဟာ သားသမီးကိုတစ်သက်လုံး လိုက်မလုပ်ပေးနိုင်ဘူးလေ။ သူတို့ဘာသာလုပ်တတ်အောင်လမ်းပြပေးပါ။
ရွေးချယ်တတ်ပါစေ
ကလေးဘဝမှာတော့ သူတို့ရဲ့အကျီ င်္၊ လွယ်အိတ်နဲ့ အသုံးဆောင်တွေ ၊ အစစအရာရာအားလုံးဟာ မိဘတွေကပဲစီမံခန့်ခွဲပေးခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါ သူတို့အကြိုက်၊ သူတို့ဖြစ်ချင်တာကို လွတ်လပ်စွာရွေးချယ်နိုင်ပါစေ။ တစ်ခုခုဆို သင်က ဒါလုပ်မှာဖြစ်မယ်ဆိုပြီး သင့်စိတ်ကြိုက်တိုင်း၊ စိတ်ချမ်းသာဖို့တစ်ခုတည်းနဲ့ ကလေးကို မချုပ်ချယ်မိပါစေနဲ့။ သူ့စိတ်သဘောတိုင်း လွတ်လပ်စွာရွေးချယ်နိုင်ပါစေ။