ယောက်ျားလေးတွေ သဘောကျတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အပြုအမူလေးတွေ

တစ်ချို့ မိန်းကလေးတွေက သူတို့သဘောကျတဲ့ ယောက်ျားလေးတွေနဲ့တွေ့တဲ့အခါ သဘောကျရင်ကျကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံလေ့ရှိပါတယ်။ တစ်ချို့ မိန်းကလေးတွေကျတော့လည်း ဖွင့်မထုတ်တတ်ဘူး ဒါပေမယ့် အမူရာလေးတွေနဲ့ သိနိုင်တယ်တဲ့။ လူတစ်ယောက် စိတ်ထဲဘာဖြစ်နေလဲဆိုတာ တစ်ချို့ အမူရာတွေကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုအမူရာတွေဖြစ်မလဲ ကြည့်လိုက်ရအောင် !

အပြုံး


မိန်းမတစ်ယောက်ဟာ အရမ်းယုံကြည်မှုရှိနေတဲ့ပုံစံထက် ပြုံးပြုံးရွှင်ရွှင်လေးနေတတ်တဲ့ မိန်းကလေးကို ယောက်ျားတွေက ပိုသဘောကျကြောင်း သိပံ္ပပညာရှင်တွေက သက်သေပြခဲ့တယ်။ ပြုံးတဲ့အခါ ” ငါနင်နဲ့အတူရှိနေရတာ ပျော်တယ် ” လို့ ပြောတာနဲ့ အဓိပ္ပာယ်အချင်းအတူတူပါပဲတဲ့။ မိန်ကလေးတစ်ယောက်ဟာ သင်နဲ့စကားပြောနေချိန် ပြုံးပြုံးလေးနဲ့ သင့်မျက်လုံးကိုသေချာစူးစိုက်ကြည့်နေရင် (သို့) ဖုန်းပြောရင်ပဲဖြစ်ဖြစ် ရယ်သံလွင်လွင်လေးကြားနေရရင် သဘောကျတယ်တဲ့။

စိတ်ဝင်စားကြောင်း ပြ


ယောက်ျားလေးတွေလည်း မိန်းကလေးဘက်က သူ့ကိုစိတ်ဝင်စားကြောင်းပြရင် သဘောကျတယ်တဲ့။ ဒါကြောင့် ယောက်ျားတစ်ယောက်ကို ဝါဿနာ၊ အတွေးအမြင်၊ ခံယူချက်နဲ့ ရည်မှန်းချက်တွေအကြောင်းမေးကြည့်ပါ။ သူအပြောများတဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်ပြီး မေးခွန်းများများထုတ်ပါ။ သူပြောတဲ့အကြောင်းတွေ သင်နားမလည်ရင် သူ့ကိုသင်ပြန်မေးဖို့ မမေ့ပါနဲ့။ ပေါ့ပေါ့ပါးပါးပဲ နေပါ။

အကူညီတောင်း


ယောက်ျားတွေက သူတို့ဟာသန်မာကြောင်း မိန်းကလေးတွေရှေ့မှာ ထုတ်ပြချင်ကြတယ်။ အခုခေတ်မှာတော့ မိန်းကလေးတွေပါ ယောက်ျားလေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်လာပြီဆိုတော့ ယောက်ျားလေးတွေမှာ ဒီလိုလုပ်ပြဖို့ အခွင့်ရေးသိပ်မရတော့ဘူး။ မိန်းမတစ်ယောက်ဟာ တစ်ခုခုအခက်တွေ့နေချိန် (ဥပမာ- ပစ္စည်းအလေးတွေ မသယ်နိုင်တာမျိုးဆို) သူတို့ကို အကူညီသာတောင်းလိုက်ပါ။ ချောချောချုချုကူညီပါလိမ့်မယ်။ မိန်းမတစ်ယောက်ဘက်က ဒီလိုမျိုးအားကိုးတစ်ကြီး အကူညီတောင်းတာမျိုးကိုလည်း သူတို့သဘောကျတယ်လေ။

ကျေးဇူးတင်စကား


အကူညီတောင်းပြီးသွားရင် သူ့ကိုတိုက်ရိုက်ကျေးဇူးတင်စကားပြောတဲ့ မိန်းကလေးအား ပိုသဘောကျတယ်။ ကျေးဇူးတင်စကားဟာလည်း ရင်ခုန်စရာကောင်းဖို့တော့ လိုသေးတယ်။ ကျေးဇူးတင်ပါတယ်လို့ တုံးတိကြီးပြောမယ့်အစား အရမ်းအကူညီဖြစ်ခဲ့ပါတယ်…၊ နင်သာမရှိရင် ငါလုပ်နိုင်မှာမဟုတ်ဘူး… ဆိုတဲ့ ဒီစကားတွေဟာလည်း ကျေးဇူးတင်တယ် ဆိုတဲ့စကားထက်အများကြီးလေးနက်ပါတယ်။

ပွင့်လင်းခြင်း


ပွင့်လင်းလေ သဘောကျလေပဲ။ သူတို့နဲ့ပတ်သတ်ပြီး အတူတူလုပ်ချင်တဲ့အရာလေးတွေကို ပွင့်ပွင့်လင်းလင်းပြောလာရင် ယောက်ျားတွေက သိပ်သဘောကျတယ်။ မိန်းကလေးတွေရဲ့ တစ်ချို့ စကားတွေဟာ နားလည်ရခက်၊ သွယ်ဝိုက်ရှုပ်ထွေးလွန်းလို့ တစ်ခါတစ်လေ သူတို့ဥာဏ်မမှီဘူး။ ဒီတော့ ပွင့်ပွင့်လင်းလင်းသာပြောပါ။မေးပါ။

အပြောင်းလဲမရှိ


တစ်ချို့ လူတွေမှာ ဖြစ်တတ်တယ်။ မနေ့တုန်းက ကောင်းကောင်းမွန်မွန် ဆက်ဆံနေပေမယ့် ဒီနေ့ကျ ပုံစံမှန်မဟုတ်တော့တာမျိုးပေါ့။ ထူးဆန်းပြီး နားလည်ရခက်တဲ့ပုံစံမျိုးတွေမလုပ်ပါနဲ့။ သူတို့ကို စိတ်ရှုပ်စေပါတယ်။ မနေ့က သူ့ကိုအရမ်းသဘောကျသလို ပုံစံမျိုးပြပြီးတော့ နောက်တစ်နေ့ကျ သင်မဟုတ်သလိုပုံစံမျိုးလုပ်တာမျိုးပါ။ ပြဿနာကို သင်ကိုယ်တိုင်က ဖန်တီးနေသလိုပဲ။ အမြဲတမ်းမပြောင်းလဲတဲ့ ပုံစံအမှန်ကိုသာ ယောက်ျားလေးတွေက သဘောကျပါတယ်။

သူငယ်ချင်း


ယောက်ျားတစ်ယောက်ရဲ့အာရုံစိုက်မှုလိုချင်တဲ့အခါ သူ့ရဲ့သူငယ်ချင်းတစ်ယောက်လိုရှိပေးနေမယ်ဆိုတဲ့ ပုံစံမျိုးပြုမူတတ်ကြတယ်။ သူသဘောကျတဲ့မိန်းကလေးတွေအကြောင်းမေးပြီး သူ့ကိုအကြံဥာဏ်ပေး ၊ ကူညီတာမျိုးပေါ့။ ဘယ်သူမှ သူငယ်ချင်းကို နာကျင်စေချင်မှာမဟုတ်ဘူး။ ခုခေတ်မှာ ချစ်ရင်ချစ်တယ်၊ မချစ်ရင် မချစ်ဘူး…ပွင့်လင်းမြင်သာလာပြီမို့ ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားရင် သူငယ်ချင်းဆက်ဆံရေးတွေ၊ ဘာတွေလုပ်မနေနဲ့။ လွတ်လွတ်လပ်လပ်သာ သူ့ကိုသဘောကျတဲ့ပုံစံမျိုးပြလိုက်ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.