အရေးအကြောင်းကင်းစင် ကြည်လင်လှပတဲ့မျက်နှာလေးဖြစ်စေဖို့…

အသက်ကြီးချင်တဲ့သူတွေရှိလားဆိုရင် မရှိဘူးလို့ အားလုံးလိုလိုဖြေကြမယ်ထင်ပါတယ်။ ဒီနေ့ခေတ်မှာလည်းခေတ်မီတိုးတက်နည်းပညာတွေနဲ့မျက်နှာအသားအရည်နုပျိုအောင် နည်းအမျိုးမျိုးနဲ့ကာကွယ်နေကြပါပြီ။မျက်နှာနုပျိုအောင်ဆေးတွေထိုးတယ်၊ခွဲစိတ်ပြုပြင်တယ် စသဖြင့်နည်းလမ်းအမျိုးမျိုးကြားမှာ သဘာဝနည်းလမ်းတွေကလည်း အခုချိန်ထိအသုံးဝင်နေဆဲပါ။ ပိုက်ဆံကုန်မှ ငွေကုန်ကြေးကျခံမှ အသားအရည်နုပျိုမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ သဘာဝနည်းလမ်းတွေနဲ့ အရေးအကြောင်းတွေကိုကာကွယ်နိုင်နေပါပြီ။ဘယ်လိုနည်းလမ်းတွေ လဲဆိုတာကြည့်ရအောင်။

၁။ပထမဆုံးနည်းလမ်းကတော့…

မျက်နှာချေးချွတ်ပေါင်းတင်မယ်။လိုအပ်တဲ့ပစ္စည်းတွေက

၁)သံပုရာသီးတစ်လုံး

၂)ပျားရည်စားပွဲတင်ဇွန်း ၂ဇွန်း၊၃ဇွန်း

၃)ဂွမ်းလုံး

သံပုရာရည်နဲ့ပျားရည်ကိုရောလိုက်ပါ။အသားအရည်က Sensitive skin ဆိုရင်ရေနည်းနည်းလောက်ထည့်ပါ။ ပြီးရင်ဂွမ်းလုံးလေးနဲ့မျက်နှာအနှံ့ ပွတ်လိမ်းပေးပါ။ ခြောက်သွေ့တဲ့အချိန်အထိထားပြီး ရေဆေးချလိုက်ပါ။တစ်ပတ်ကို ၁ကြိမ်လုပ်ပေးမယ်ဆိုရင် အရေးအကြောင်းကင်းစင်ပြုံးပျော်ရွှင်လို့တောင်ပြောရလောက်အောင် မျက်နှာအရေးအကြောင်းဖြစ်တာကိုကာကွယ်နိုင်ပါလိမ့်မယ်။

၂။ဒုတိယနည်းလမ်းကတော့…

Mask လုပ်မယ်။လိုအပ်တဲ့ပစ္စည်းတွေက

၁)မုန်လာဥတစ်လုံး

၂)ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း

မုန်လာဥကိုရေဆေးပြီးပါးပါးလှီး။ပြီးရင် မွှေစက်ထဲထည့်မွှေပါ။မုန်လာဥဖျော်ရည်ရပြီဆိုရင် ပျားရည်ရောပြီးမွှေလိုက်ပါ။မွှေပြီးရင်မျက်နှာပေါ်လိမ်းပါ။မိနစ် ၂၀လောက်စောင့်ပြီးရင် ရေဆေးချလိုက်ပါ။တစ်ပတ်ကို ၂ကြိမ်လုပ်ပေးမယ်ဆိုရင် အသားအရည်နုပျိုဖြူဖွေးစေမယ့်အပြင် အရေးအကြောင်းတွေစောစောဖြစ်တာကိုလည်းကာကွယ်ပေးပါတယ်။

၃။တတိယနည်းလမ်းကတော့…

လိုအပ်တဲ့ပစ္စည်းတွေကတော့

၁) ဂျုံမှုန့် စားပွဲတင်ဇွန်း၁ဇွန်း၊၂ဇွန်း

၂) နနွင်းမှုန့်စားပွဲတင်ဇွန်း ၁ဇွန်း ၊ ၂ဇွန်း

နွားနို့အစိမ်း ရောမွှေလို့ရရုံအနေတော်ယူလိုက်ပါ။ပြီးရင် အားလုံးကိုရောမွှေလိုက်ပါ။ မွှေပြီးရင်မိတ်ကပ်ဘရပ်ရှ်လေး နဲ့မျက်နှာပေါ်လိမ်းလိုက်ပါ။နာရီဝက်လောက်စောင့်ပြီးရင် ရေနွေးနွေးလေးနဲ့သစ်ချလိုက်ပါ။နှစ်ပတ်တစ်ခါလောက်ပုံမှန်လုပ်ပေးရင် မျက်နှာအရောင် တောက်ပလာပြီးအရေးအကြောင်းတွေဖယ်ရှားပေးပါတယ်။ကျန်းမာလန်းဆန်းတဲ့မျက်နှာသွင်ပြင်မျိုးရရှိစေပါတယ်။

၎။နောက်ဆုံးနည်းလမ်းတစ်ခုကတော့…

လွယ်ကူပြီးတော့အကျိုးသက်ရောက်မှုရှိတဲ့နည်းလမ်းတစ်ခုပါ။အားလုံးသိကြတဲ့ Vaseline အလှဆီကိုသုံးပေးရမှာပါ။လိမ်းနေကျ ညလိမ်းကရင်မ်အစား Vaseline ကိုပုံမှန်ပါးပါးလေး မျက်နှာမှာလိမ်းပေးပါ။ညအိပ်ရာမ၀င်ခင်လိမ်းပေးလို့ရပါတယ်။မနက်မိုးလင်းရင် မျက်နှာကို ကြက်သီးနွေးရေလေးနဲ့သစ်ပေးပါ။နေ့တိုင်းပုံမှန်လုပ်ပေးရင် မျက်နှာအရေးအကြောင်းတွေ လျော့နည်းသွားစေပါတယ်။ဝက်ခြံထွက်လွယ်တဲ့အသားအရည်မျိုးဆိုရင်တော့ မလိမ်းသင့်ပါဘူး။

ပျိုမေတို့အားလုံး ငယ်ရွယ်နုပျိုတဲ့မျက်နှာအသားအရည်လေးပိုင်ဆိုင်ရအောင် ဒီနည်းလမ်းတွေသုံးဖို့မမေ့ကြနဲ့နော်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.