တောင်ကိုရီးယားဂီတအဖွဲ့တစ်ခုဖြစ်တဲ့ MBLAQ အဖွဲ့ဝင်ဟောင်း Lee Joon ဟာ သရုပ်ဆောင်လောကဘက်ကိုကူးပြောင်းလာပြီးတဲ့နောက် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေအများကြီးရရှိခဲ့တဲ့မင်းသားတစ်လက်ပါ။
တောင်ကိုရီးယားမင်းသားချော Lee Joon ဟာ ၂၀၁၇၊အောက်တိုဘာလက စစ်မှုထမ်းဆောင် ခဲ့တာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားခဲ့တယ် လို့သတင်းတွေထွက်ရှိခဲ့ပါတယ်။
Seoul Shinmun ကိုရီးယားသတင်းစာက Lee Joon ဟာ လက်ကောက်ဝတ်ကို လှီးဖြတ်ပြီးသတ်သေဖို့ကြိုးစားခဲ့တာကို အဆင့်မြင့်ရဲအရာရှိတစ်ယောက်ကိုပြသခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် သူ့ကို စစ်တပ်ရဲ့ Green Camp လို့ခေါ်တဲ့ စစ်သားဘ၀နဲ့နေထိုင်ရတာ အခြေမကျ၊ခက်ခဲတဲ့စစ်သားတွေအတွက် အစီအစဉ်လုပ်ပေးထားတဲ့နေရာကိုပို့ခဲ့တယ် လို့ဖော်ပြခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး Lee Joon ရဲ့ မိသားစုတွေကလည်းစိုးရိမ်တကြီးတုန်လှုပ်ခဲ့ကြတယ် လို့သိရပါတယ်။ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး Lee Joon ရဲ့ Prain TPC အေဂျင်စီက “ဒါတွေက အားလုံးရဲ့ ထင်မြင်ချက်သက်သက်သာဖြစ်ပါတယ်။ Lee Joon ဟာ သူ့လက်ကောက်ဝတ်ကိုလှီးဖြတ်ပြီးအရာရှိကိုပြသတာ၊Green Camp ကိုရောက်နေတာစတဲ့သတင်းတွေကမှားယွင်းနေပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်း Lee Joon ရဲ့ မိသားစုကိုမစိုးရိမ်ဖို့၊ဒီသတင်းတွေမှားယွင်းနေတယ် ဆိုတာ အတည်ပြု ပြောကြားပြီးပါပြီ။ဆောင်းပါးသတင်းစာမှာပါတဲ့သတင်းတွေကြောင့် သူ့မိသားစုကအတော်လေး စိုးရိမ်နေကြပါတယ်။အဲ့ဒါကြောင့်သတင်းမီဒီယာတွေကို Lee Joonနဲ့သူ့မိသားစုကို လေးစားသောအားဖြင့် ဒီလိုထင်မြင်ချက်သာရှိတဲ့သတင်းတွေကိုမရေးဖို့၊ရှောင်ဖို့ပြောခဲ့ပါတယ်လို့ တရားဝင်ပြောကြားခဲ့ပါတယ်။
၂၀၁၈နှစ်သစ်အစမှာလည်း Lee Joon ဟာ မင်းသမီး Jung So Min နဲ့ချစ်သူတွေဖြစ်နေကြောင်း ပရိသတ်တွေကိုအတည်ပြုအသိပေးခဲ့တာဖြစ်ပါတယ်။
Source:Soompi