ဘဝကြီးက ကိုယ်ထင်သလိုဖြစ်မလာလို့ ပျော်ရွှင်ရမှာကိုတောင် ကြောက်ရွံ့ နေပြီ လား?

ကြောက်ရွံ့ ခြင်းအမျိုးမျိုးထဲမှာ ပျော်ရွှင်ရမှာကို ကြောက်နေတာဟာ လူတိုင်းလိုလိုဖြစ်နေတတ်တယ်။ အထူးသဖြင့် ခံရပေါင်းများတဲ့လူတွေပေါ့။ ချစ်ရတဲ့သူတွေ ထားသွားခြင်းကို ခံရတဲ့လူတွေမှာ ဖြစ်နေတတ်တယ်။ ပျော်ရွှင်စရာ ကိစ္စတစ်ခုကြုံလာပြီဆိုရင်တောင် ဘယ်လိုပျော်ရမှန်းမသိတော့ဘူး။ ပျော်ရွှင်စရာဆိုတာ ကြီးမားတဲ့ တန်ဖိုးတစ်ခုလို့ တွေးထင်နေကြတယ်။

မတော်တဆ လူတစ်ယောက်ကို ချစ်မိသွားရင်တောင် စဉ်းစားတော့မယ်။ ဘယ်တော့ ထားသွားခံရမှာလဲ ? သူလည်း အတူတူပါပဲ…နောက်ဆုံးတော့ ငါပဲကျန်ခံရမှာလို့ တွေးမိကြပါလိမ့်မယ်။ ဘ​ဝမှာ ဖြစ်ပြီးရင် ပျက်နေမယ်။ ဘယ်အရာမှ မမြဲဘူးလို့ သင်လက်ခံထားလိုက်ရင် သင်ဟာအမြဲတမ်း တွေးပူနေရမှာထက်စာရင် စိတ်ချမ်းသာမှုကိုတော့ ရနေပါလိမ့်မယ်။

ပျော်စရာရှိ ပျော်၊ ငိုစရာရှိ ငိုလိုက်ကွာ… ဒါတွေက မင်းနဲ့အတူအမြဲတမ်းရှိနေမှာမှ မဟုတ်တာ။ မိသားစုတစ်ကွဲပြားနဲ့ ကြီးပြင်းလာရလို့၊ အရမ်ချစ်ရတဲ့သူ သေဆုံးသွားလို့ ၊ သိပ်ချစ်ရတဲ့ ချစ်သူက ထားသွားလို့ .. အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် အမြဲတမ်း မှိုင်တွေ ငေးမောပြီးတော့ပဲ နေတော့မှာလား..

လူ့ဘဝကို ရတုန်းရခိုက် အပြည့်ဝခံစားစရာရှိတာခံစားလိုက်ပါ။ ပျော်စရာလေးတွေလာတုန်း ဝမ်းနည်းနေရင် ပျော်စရာအချိန်က ဘယ်မှာရှိတော့မှာလဲ… လူ့ဘဝက တိုတိုလေးနော်။ စိတ်ချမ်းချမ်းသာသာနေသွားရဖို့က အရေးကြီးတယ်။ ငယ်ငယ်တုန်းက ဒီစကားတွေနဲ့ ရင်းနှီးဖူးမှာပေါ့။
‘ အရမ်းပျော်မနေနဲ့.. မနက်ဖြန် နင်ငိုရလိမ့်မယ်..
ပေါ့တီးပေါ့ပျက်မနေနဲ့.. အချိန်မရွေးထဖြစ်နိုင်တယ်…
အရမ်းမခုန်လိုက်နဲ့… ဒဏ်ရာကြီးကြီးမားမားရလိမ့်မယ်..
ဟေးလားဝါးလားလုပ်နေရင် အသက်ကြီးမှ နောင်တရလိမ့်မယ်… ”
ဟုတ်ပါတယ်။ တစ်ချို့ တစ်ဝက်က မှန်ပါတယ်။ ဒါပေမယ့် ဒီလိုတွေဖြစ်မှာစိုးလို့ ပျော်စရာရှိ မပျော်ရတော့ဘူးလား.. လူတွေလေ အသွေးနဲ့အသားနဲ့၊ ခံစားချက်တွေနဲ့ တည်ဆောက်ထားတာ။ စိတ်ခံစားချက်ရှိနေသရွေ့  ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဆိုတာကြုံနေရမှာပဲ။ ဘယ်ကိစ္စမဆို ကိုယ်တိုင်မကြုံတွေ့ဖူးပဲ မသိနိုင်ဘူး။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်မှာစိုးတာကြောင့် မလုပ်ပဲနေနေတာထက် ဒီခံစားချက်ဟာ ဘယ်လိုလဲဆိုတာ ကိုယ်တိုင်သိနိုင်အောင် ရဲရဲသာစမ်းသပ်ပါ။ တစ်ချို့ လူတွေ ခံရပေါင်းများတော့ ကျန်ရစ်ဖြစ်တဲ့ကိစ္စဟာ သူတို့အတွက် အသေးမွှားလိုတောင်ဖြစ်နေပြီ။

လူမှန်ရင် ပျော်ရွှင်နိုင်ရမယ်။ ပျော်ရွှင်နိုင်မှ လူဖြစ်ရကျိုးနပ်မယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပါစေ။ မနှိပ်စက်ပါနဲ့။ ငါဟာ မထိုက်တန်လို့များလားဆိုတဲ့ အတွေးတွေနဲ့ပေါ့။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိပြီးသားပါ။ ဒါကြောင့် ဒီလိုအတွေးတွေနဲ့ မနှိပ်စက်ပါနဲ့။ အဆိပ်တောက်ဖြစ်စေတဲ့ လူတွေနဲ့တွေ့ဆုံပြီးတဲ့အခါ ကိုယ့်ကိုယ့်ကိုယ် ပျော်ရွှင်မှုနဲ့မထိုက်တန်ဘူးလို့ ကောက်ချက်မချလိုက်ပါနဲ့။ လူမှန် ၊ နေရာမှန်ဖို့ အချိန်ဆိုတာ လိုသေးတယ်။ ရတုန်းရခိုက်အချိန်လေးမှာ ပျော်ရွှင်နိုင်အောင် ကြိုးစားပါ။ အပျော်ရွှင်ဆုံး လူသားတွေဖြစ်ပါစေလို့ ဆုတောင်းပေးရင်း…

761 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.