ခွေးလေးတွေကိုလူတွေရဲ့ အကောင်းဆုံးသူငယ်ချင်း လို့ခေါ်ရတဲ့အကြောင်းရင်းကိုသက်သေပြနေတဲ့ပုံရိပ်များ

ဒီနေ့ခေတ်ကြီးထဲမှာခွေးလေးတစ်ကောင်မမွေးထားတဲ့အိမ်ဆိုတာမရှိသလောက်ပါပဲ။ ဒါ့အပြင်ခွေးလေးတွေကိုလူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းလို့တောင်တင်စားလေ့ရှိကြပါတယ်။ ခွေးလေးတွေဟာစကားမပြောတတ်ပေမဲ့သခင်နဲ့အတူတူရှိနေပေးတယ်၊သံယောဇဉ်လည်းကြီးမားတယ်၊လူသားတွေထက်တောင်ပိုပြီးသစ္စာတရားကြီးမားတာပါ။ခွေးလေးတွေက သင်ပေးရင်လည်း အကုန်တတ်နေတာဆိုတော့သခင်တွေရဲ့ ချစ်ခင်မှုတွေလည်းအများကြီးရထားပါတယ်။ သခင်တွေအလိုကျလည်း ခွေးလိမ္မာလေးတွေဖြစ်အာင် တတ်နိုင်သလောက်ကြိုးစားကြပါတယ်။ ခွေးလေးတွေနဲ့ ပတ်သက်ပြီးပြောပြရင်ကုန်မှာမဟုတ်တော့ပါဘူး။အခု ခွေးလေးတွေကိုလူတွေရဲ့ အကောင်းဆုံးသူငယ်ချင်းလို့ခေါ်ရတဲ့အကြောင်းရင်းတွေကိုသက်သေပြနေတဲ့ပုံလေးတစ်ချို့ ကိုမျှဝေပေးလိုက်ပါတယ်။

၁။သခင်မရှိတဲ့အချိန်ဧည့်သည်လာပေမဲ့ သူတို့က ဧည့်ခံပေးထားတယ်

၂။သခင်နေမကောင်းလို့အရေးပေါ်ခွဲစိတ်ပြီးဆေးရုံမှာရှိနေချိန်မှာလည်းခွေးလေးက ခဏလေးတောင်အနားကမခွာဘူး။

၃။သခင်တွေလုပ်ပေးသမျှလည်းငြိမ်ခံတတ်တဲ့ကောင်လေးတွေ

၎။လေယာဉ်မယ်တွေကခရီးသည်တွေကိုလုံခြုံရေးနဲ့ပတ်သက်ပြီးပြောနေတာကို နားထောင်နေတဲ့ခွေးလေး

၅။အသက်တစ်နှစ်တောင်မပြည့်သေးပေမဲ့ အိမ်အလုပ်တွေကိုကူညီပေးချင်နေပြီ

၆။ခရီးထွက်ရင်လည်းသခင်နဲ့အတူတူလိုက်ပါမယ့်ခွေးလေး

၇။ဆောင်းရာသီလည်းမမှုဘူး၊မီးလှုံနေတယ်ဆိုတဲ့ ခပ်ချေချေခွေးလေး

၈။သခင်ဖြစ်သူက လိုအပ်နေတယ်ထင်လို့ မြေဆီလွှာတွေတူးလာပေးတဲ့ခွေးလေး

သင်တို့ရဲ့ ခွေးလေးတွေကရော သခင်တွေအပေါ်ဘယ်လောက်သိတတ်ပြီး ဘယ်လောက်သံယောဇဉ်ကြီးမားကြလဲ?

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.