Lee Min Ho နဲ့ Suzy ပြန်တွဲနေကြပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့

ပရိသတ်တွေသိကြတဲ့အတိုင်းနာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်တဲ့ Lee Min Ho နဲ့ Suzy တို့ဟာ ၂၀၁၇၊နိုဝင်ဘာလတုန်းက တရားဝင်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

မကြာသေးခင်ရက်ပိုင်းကတော့ အင်တာနက်သုံးစွဲသူတစ်ယောက်က သူတို့စုံတွဲအတူရှိနေတာကိုမြင်တွေ့ခဲ့ပြီး ပြန်တွဲနေကြတယ်လို့ဖေ့ဘွတ်ခ်မှာ တခြားသူတွေကိုပြန်ရှယ်ခဲ့ပါတယ်။

နှစ်နှစ်ကျော်ကြာလက်တွဲခဲ့ကြပြီး ၂၀၁၇တုန်းကလမ်းခွဲကြောင်းကြေညာခဲ့ပေမဲ့ သူတို့က သူငယ်ချင်းတွေအဖြစ်ဆက်ပြီး ရှိနေကြပါသေးတယ်။အခုလောလောဆယ်မှာ Suzyက သူမရဲ့ ဆိုလိုအယ်လ်ဘမ်ထွက်ဖို့ ပြင်ဆင်နေတုန်းပါ။Lee Min Ho ကလည်း လူမှုရေးဝန်ထမ်းအဖြစ်စစ်တပ်တာဝန် ထမ်းဆောင်နေပြီး ၂၀၁၉ဖေဖော်ဝါရီမှာတာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ပြန်တွဲနေကြတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး Lee Min Ho ရဲ့ အေဂျင်စီဖြစ်တဲ့ MYM အင်တာတိန်းမန့်ကတော့ သတင်းထွက်လာတဲ့အချိန်မှာ အတည်ပြုဖို့စုံစမ်းမေးမြန်းနေခဲ့ပြီး ဖေဖော်ဝါရီ ၉ရက်နေ့၊ဒီနေ့မနက်မှာတော့ ဒီသတင်းဟာ မဟုတ်မှန်ကြောင်းအတည်ပြုခဲ့ပါတယ်။

MYMအင်တာတိန်းမန့်က “သူတို့နှစ်ယောက်ပြန်တွဲနေတယ်ဆိုတဲ့သတင်းဟာမဟုတ်ပါဘူး။ သူတို့တိတ်တဆိတ်ချိန်းတွေ့နေတယ်ဆိုတဲ့သတင်းဟာလည်း ကောလဟာလသတင်း သာဖြစ်တယ်”လို့ငြင်းဆိုခဲ့ပါတယ်။

Suzy ရဲ့ အေဂျင်စီဖြစ်တဲ့ JYPအင်တာတိန်းမန့်ကလည်း “သူတို့Suzy နဲ့စကားပြောပြီးပါပြီ။အခု သူတို့နှစ်ယောက်ပြန်တွဲနေတယ်ဆိုတဲ့သတင်းဟာ အမှားကြီးပါ”လို့အတည်ပြုပြောကြား ခဲ့ပါတယ်။

Source:Koreaboo

 

729 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.