ကိုယ့်ကိုပစ်သွားတဲ့သူကို လှလှပပလက်စားချေနည်း

   ကိုယ်ဟာ လူတစ်ယောက်ပေါ်မေတ္တာစစ်မေတ္တာ မှန်နဲ့ချစ်ပါလျက် ဂရုစိုက်ခဲ့ပါရဲ့နဲ့ ကိုယ့်အပေါ်သစ္စာမရှိပဲဖောက်ပြန်သွားတာမျိုး၊ ကိုယ့်ကို ခဏတာလိုသုံးလို အသုံးချခဲ့တာမျိုး၊ ကိုယ့်အပေါ် တစ်စက်ကလေးမှမကောင်းခဲ့ပဲ ကိုယ့်ဆီက မေတ္တာတွေရော အချစ်တွေရော ရသမျှ အကုန်ယူပြီး မှ ကိုယ့်ရင်ကိုခွဲပြီး ရက်ရက်စက်စက် ပစ်သွားတဲ့ နာကြည်းစရာလူမျိုးတွေနဲ့ကြုံကောင်းကြုံဖူးနိုင်ပါလိမ့်မယ်။ ဆိုတော့ ကိုယ့်ဘ၀တစ်ကွေ့မှာကြုံတွေ့ခဲ့ရတဲ့ဒီလို မပြည့်ဝတဲ့သူတွေကို ဘယ်လိုလှလှပပလေး လက်စားချေကြမလဲ ဆိုတာ…
(၁) ပြတ်ပြီးပြီးခြင်း တစ်လအတွင်းပဲ ၀မ်းနည်းပါ
ကိုယ့်အပေါ် မကောင်းနိုင်တဲ့သူတစ်ယောက်ဆုံးရှုံးသွားတာကို ၀မ်းသာပါ။ ကိုယ့်ဘက်ကချစ်လို့နာကျင်ခံစားရတယ်ဆိုပေမဲ့ အချိန်တော်တော်ကြာကြာ နာကျင်ခံစားနေပြီး စိတ်ဒုက္ခရောက်နေတာမျိုး မလုပ်ပဲ အများဆုံးပြတ်ပြီးပြီးချင်းတစ်လ အတွင်းမှာ ငိုတာတွေစိတ်ညစ်တာတွေစိတ်ဓာတ်ကျတာတွေလျော့ပြီး ကိုယ့်ဘ၀ကိုယ် ပုံမှန်အတိုင်းပြန်လည်လည်ပတ်နိုင်အောင် ကြိုးစားနေထိုင်ပါ။ ဒါဟာကိုယ်သူ့အပေါ် မှာစိတ်ပြတ်တယ်ဆိုတာကို ပထမဦးစွာသက်သေပြနိုင်ခဲ့တာဖြစ်ပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကိုယ် လက်ရှိထက်လူပိုသိအောင်လုပ်ပါ
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အသပ်ရပ်ဆုံး စမတ်အကျဆုံးပြောင်းလဲနေထိုင်ပြီး အရင်ကထက် အပြင်လောကမှာရော၊ Social mediaမှာပါလူပိုချစ်လာအောင်လူသိပိုများလာအောင်ကိုယ့် ရဲ့ကောင်းတဲ့ အရည်ချင်းတစ်ခုကြောင့်လူပိုသိလာအောင်နေထိုင်ပါ။ ဒါဟာကိုယ့်ဘ၀မှာသူလိုလူမျိုးမရှိရင်တောင် တစ်ခြားကိုယ့်အပေါ်ကောင်းတဲ့သူတွေ ဟောဒီလောက်ရှိနေတယ်ဆိုတာ ကို သိစေနိုင်ပါတယ်။
(၃) Facebook မှာ အမြဲမြင်သာအောင်နေပါ
ကလေးကလားဆန်တဲ့လုပ်ရပ်တစ်ခုလို့ထင်ရပင်မဲ့ဒီ အချက်ဟာ လက်စားချေတဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ကိုယ့်ကိုယ်ပစ်သွားတဲ့သူတစ်ယောက်ကိုစိတ်နာတဲ့စိတ်နဲ့Unfriend လုပ်လိုက်တာမျိုး၊ ကိုယ့်accကို De လိုက်တာမျိုး အာ့လို အရာတွေလုပ်စရာမလိုပါဘူး။ သူ့ဘက်က လုပ်တာမလုပ်တာသူ့အပိုင်းကိုယ့်ဘက်ကတော့ဘယ်တော့မှာစမလုပ်ပါနဲ့။Friendဖြစ်နေလေကောင်းလေပါ၊ ဒါမှကိုယ့်ရဲ့အောင်မြင်မှုတွေ ပျော်နေရတာတွေ သူမရှိတော့မှ ပို အဆင်ပြေနေတယ်ဆိုတာတွေကို ယုံကြည်မှုရှိရှိချပြနိုင်မှာပါ။
(၄) တစ်ခြားသူတွေပေါ်(ကိုယ့်ပေါ်ကောင်းတဲ့သူ)တွေအပေါ် မေတ္တာပိုပေးပါ
ကိုယ့်အပေါ်ဂရုစိုက်တဲ့ကိုယ့်မိသားစုကိုယ့်သူငယ်ချင်း လိုဟာမျိုး ၊တစ်ခြားကိုယ့်အပေါ်စိတ်ရင်းနဲ့ကောင်းတဲ့သူတွေအပေါ် အခုထက်ပိုပြီး မေတ္တာထားပေးပါ။ သူတို့အတွက် အချိန်တွေပိုပေးပြီး သူတို့ကို ပိုချစ်ပြပေးပါ။ ဒါဟာ ကိုယ့်ကို ပစ်သွားသူအမြင်မှာ အော်သူလိုကြင်နာတက်တဲ့သူကောင်းမွန်တဲ့သူကို ပစ်ခဲ့မိရလားဆိုတဲ့စိတ် တစ်ခုဝင်နိုင်ပါတယ်။
(၅) စိတ်ကိုညင်းဆဲပါ
သူနဲ့မျက်နှာချင်းဆုံတိုင်းအကြည့်ချင်းလွဲတာမျိုး ကြောက်နေတာမျိုး မုန်းနေတာမျိုး မလုပ်ပြပဲ ကိုယ်ဟာသိပ်ကို ပျော်ရွှင်နေရကြောင်း၊ ဒါဟာသူပစ်ခဲ့တဲ့ကျေးဇူးတွေကြောင့် ဖြစ်ကြောင်း မြင်သာအောင်နေထိုင်ပါ။ သူဟာ ရှက်တဲ့စိတ်နဲ့ အပြင်ပန်း မှာတော့ဘာမှ မဖြစ်သလို ဟန်ဆောင် နေပင်မဲ့ စိတ်ထဲမှာတော့ သူ့အပြစ်ကို သူခံစားမိပြီးကြိတ်ဝမ်းနည်းမိနေမှာ အမှန်ပါ။

ဆိုတော့ ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်အတွက် လက်စားချေချင်ရင် အပေါ်ကအချက်လေးတွေလို ကိုယ့်ဘ၀လည်းတိုးတက်ပြောင်းလဲလာပြီးမကောင်းတဲ့သူရဲ့စိတ်ကိုလည်းညင်းပန်းလို့ရတဲ့နည်းလေးတွေကို အသုံးပြုနိုင်ကြပါစေလို့မျှော်လင့်ရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.