လူမုန်းများတယ်ဆိုတာကောင်းတဲ့အရာရယ်မှ မဟုတ်တာ ပဲ။ နေရာတကာမှာ တစ်ယောက်နဲ့တစ်ယောက် ပညာအရည်အချင်း ချင်း အတွေးခေါ်ခြင်းတူတယ်ဆိုရင်တောင် လူချစ်လူခင်ပေါတဲ့သူက နေရာပိုရစမြဲပါ။ ဆိုတော့ ကိုယ့်ကို လူတွေစိတ်ဝင်စားလာအောင် မချစ်ချစ်အောင် မခင်ခင် အောင်လုပ်ဖို့ထက် ကိုယ့်အပေါ်မုန်းနေတဲ့သူ တွေနည်းသွားအောင် လူမုန်းနည်းပြီး မေတ္တာများများရလာအောင် လုပ်ဖို့ပို အရေးကြီးပါတယ်။ ဆိုတော့ ကိုယ့်ကို မုန်းနေတဲ့သူတွေကို ကိုယ့်ဘက်ပါလာအောင်ဘယ်လိုနည်းတွေသုံးကြမလဲ….
(၁) ကိုယ့်ဘက်ကစတင်မိတ်ဖွဲ့ပါ
ပထမဆုံးကိုယ့်ကိုယ်ကြိတ်ပြီး ကြည့်မရ အမြင်ကတ်နေတဲ့သူတွေကို ကိုယ့်ဘက်ကစမိတ်ဖွဲ့ရတာအောက်ကျသလိုလို၊ ရှုံးသလိုလို နဲ့စိတ်ထဲမှာ မချေမတင်နဲ့ခံစားနေရမှာမျိုးဖြစ်နိုင်ပါတယ်။ ဒါပင်မဲ့ကိုယ့် မုန်းနေတဲ့သူတွေရှိတယ်ဆိုတာ ကိုယ့်အတွက် အကောင်းတဲ့ အရိပ်တစ်ခုဖြစ်တာကြောင့် ကိုယ်တိုင်ကအောက်ကျခံမှသာ အဆင်ပြေမှာပါ။ ကိုယ်ကဘယ်သူပါ ဆိုပြီး ချိုသာ ပျူငှာစွာနဲ့သူတို့ကကိုယ့်ကိုယ် မကြည်ရင်တောင် ကိုယ့်ဘက်ကတော့ တာဝန်ဝတ္တရားမပျက် မေးထူးခေါ်ပြောတာမျိုးပြုလုပ်ပါ။
(၂) သူ့အကြိုက်ကိုသိထားပါ
ကိုယ့်ဘက်ကို လူတစ်ယောက်ရဲ့စိတ်ရောက်လာဖို့ဆိုတာသိပ်တော့မလွယ်ကူလောက်ပါဘူး။ အဲ့ထဲမှာမှ ကိုယ့်ကိုယ်ကြည့်မရဘူး ဆိုတဲ့သူကိုယ့်ဘက်ပါလာအောင်လုပ်ရတာပိုတောင်မလွယ်ပါဘူး။ ဒါကြောင့်ကိုယ့်ဘက်ကနေသူ့အကြိုက်ပုံစံတွေကိုသိအောင်လုပ်ထားပြီး ဘယ်လိုစကားမျိုးပြောရင် သူကြိုက်မယ် ဘယ်လိုအပြုမူမျိုးကိုသူနှစ်သက်တယ်၊ဘယ်လို လူတွေကို ခင်တယ်ဆိုတာကို သိထားရင်ကိုယ့်ဘက်က သူနဲ့ရင်းနှီးဖို့လွယ်ကူလာပါလိမ့်မယ်။
(၃) အားနည်းချက်ကို ရှာဖွေပါ
သူ့ရဲ့အားနည်းချက်ကို ရှာဖွေတယ်ဆိုတာ သူ့ကိုထိုးနှက်ဖို့မဟုတ်ပဲ ကိုယ့်ကို မေတ္တာထားလာအောင် သူအားနည်းချက်တွေကို ကူညီဖေးမနိုင်ဖို့ဖြစ်ပါတယ်။ ကိုယ့်ကို လူတစ်ယောက်ဟာ ဘယ်လောက်ပဲမုန်းနေမုန်းနေ သူအရေးလိုတဲ့ အချိန် သူအားနည်းနေတဲ့အချိန် ကိုယ့်ဘက်ကစိတ်ရင်းမှန်ကိုထုတ်ပြပြီး ကူညီနိုင်မယ်ဆိုရင် ကိုယ့်စိတ်ရင်းကိုနားလည်ကာ မေတ္တာပြန်ထားနိုင်ပါတယ်။
(၄) လေးစားကြောင်းပြပါ
သူတို့ဘက်ကကိုယ့်ကို ဘယ်လောက်ပဲ အမြင်ကတ်ကတ် ဘယ်လောက်ပဲ မကောင်းကြောင်းပြောပြော ကိုယ့်ဘက်ကသူတို့ကို ရန်တွေ့တာမျိုး မလုပ်ပဲ မေတ္တာမပျက် လေးစားမပျက်ပြုမူပြောဆိုနေထိုင်ပါ။ ဒါမှသူတို့စိတ်ထဲမှာ သူတို့ဘက်က တစ်ဖက်သက်ကြီး အမြင်ကတ်နေတာမှန်ရဲ့လားဆိုတဲ့ သံသယအတွေးတွေဝင်လာပါလိမ့်မယ်။
(၅) အမြင်လွဲနေကြောင်းပြပါ
သူတို့ကိုယ့်အပေါ် အမြင်ကတ်တယ် ကြည့်မရဘူး ဆိုတာမျိုးတွေ ဟာဘာအကြောင်းကြောင့်လဲ ကိုယ့်အပေါ်ဘယ်လိုအကြောင်းအရာမျိုးတွေ တစ်ဖက်သတ်ကြီး အမြင်ကတ်နေတာလည်းဆိုတာသိအောင်ကြိုးစားပါ။ကိုယ့်ဘက်က သူတို့ကိုယ့်အပေါ် အထင်လွဲနေတဲ့ ကိစ္စတွေမှားနေတယ်ဆိုတာသိသာအောင်နေထိုင်ပြပါ။ ဒါမှသူတို့ဘက်က ကိုယ့်ရဲ့အခြေနေမှန်ကိုနားလည်ပြီး သူတို့တစ်ဖက်သတ် အထင်လွဲပြီး အမြင်ကတ်ခဲ့တယ်မုန်းခဲ့တယ်ဆိုတာနားလည်သွားပါလိမ့်မယ်။
ဘယ်နေရာရောက်ရောက် လူမုန်းနည်းပြီး လူချစ်လူခင်ပေါကာ ပွဲလယ်တင့်ကြပါစေလို့ဆုတောင်းရင်း…
ကိုယ့်ကိုမုန်းနေသူတစ်ယောက်ဆီက မေတ္တာရလာအောင်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။