မိန်းကလေးတိုင်းဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ချိုင်းသား အသားရေကို ညစ်မဲခြင်းကင်းပြီးဖြူစင်ချင်ကြပါတယ်။ ဒါကြောင့်အခုလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ချိုင်းကိုပေါင်းတင်တာတွေ waxing လုပ်တာတွေစသဖြင့် ကိုယ့်ချိုင်းသား အသားရည်ကောင်းမွန်ဖို့ကြိုးစားတက်ကြပါတယ်။ ဆိုတော့ ဆိုင်မှာ အာ့လိုပေါင်းတင်ပေးတာမျိုးတွေ မလုပ်ချင်ဘူး၊ အမြဲမလုပ်နိုင်ဘူး ဆိုတဲ့ပျိုမေတွေ အတွက်မဲနေတဲ့ ချိုင်းသား အသားရည်ဖြူလာအောင်(သို့) ချိုင်းသားအသားရည်မမဲအောင်ဘယ်လိုလုပ်သင့်သလဲဆိုတာ…
(၁) အချိန်မှန်မှန်သန့်ရှင်းပေးပါ
တစ်ခါနှုတ်ပြီး တစ်ခါပြန်ပေါက်လာတဲ့သဘာဝရှိတဲ့ ချိုင်းသားကအမွှေးမျှင်တွေကို ထွက်လာရင်ထွက်လာသလို အချိန်မှန်မှန်ရှင်းလင်းပေးပါ။ တစ်ချို့ ကနှုတ်ကြတယ်။ တစ်ချို့ကရိတ်ကြတယ်။ စသည်ဖြင့်ကိုယ်နဲ့အဆင်ပြေတဲ့ပုံစံသုံးပြီး အချိန်မှန်မှန်သန့်ရှင်းပေးပါ။
(၂) အမွှေးဆီကိုရွေးသုံးပါ
ချိုင်းကို မွှေးအောင်သုတ်လိမ်းတဲ့ Roll-On လိုဟာမျိုးကိုအသုံးပြုတဲ့ အခါ အနံ့ အရမ်းပြင်းတာမျိုးမသုံးပါနဲ့။ အနံ့ပြင်းပြင်းပါတဲ့ Roll-on တွေဟာ ချိုင်းကြားအသားရည်ကို ညစ်မဲစေတာကြောင့်
ကြာရင် ချိုင်းကြားအသားရည်မှာ အမဲကွက်လိုပုံစံမျိုးဖြစ်လာစေပါတယ်။
(၃) ထုံးရည်ကြည်လိမ်းပါ
ထုံးဘူးထဲကို ရေလေးနဲ့ရောပြီး ထွက်လာတဲ့ အရည်လေးတွေကို ချိုင်းကြား အသားရည်ကို အနည်းဆုံးတစ်ပတ်တစ်ခါသုတ်လိမ်းပေးပါ။ ချိုင်းကြားအသားရည်ကို ထုံးရည်ကြည်လိမ်းပေးခြင်းဟာ
ချိုင်းကြား ကအညစ်ကြေးတွေချေးတွေကို ပျောက်ကင်းစေတဲ့အပြင် ချိုင်းကြားက ချွေးနံ့ဆိုးတွေကိုပါ ကင်းဝေးစေပါတယ်။
(၄) သံပုရာသီးစိတ်နဲ့ပွက်ပါ
ဒါကတော့ ချိုင်းကြားအသားရည်မဲနေတဲ့သူတွေ အတွက် သင့်တော်တဲ့နည်းလမ်းတစ်ခုပါ။ ချိုင်းကြားမဲတဲ့သူတွေဟာ ရေမချိုးခင် မိနစ် ၂၀ အလိုလောက်မှာ သံပုရာသီး ခြမ်းနဲ့ချိုင်းသားကို ပွတ်တိုက်ထားပေးပါက တစ်လလောက်ကြာရင်သိသိသာသာ ချိုင်းမဲတာပျောက်သွားတာတွေ့မြင်ရပါလိမ့်မယ်။
(၅) ပျားရည်သုတ်လိမ်းပါ
ပျားရည်ဟာ အရသာချိုမြရုံတင်မကပဲ လူတွေအတွက် ကျန်းမာရေးချိုမြိန်မှုကောင်းခြင်းတွေကို ပေးစွမ်းနိုင်တယ်ဆိုလည်း မမှားပါဘူး။ ပျားရည်တစ်စွန်းစာလောက်ကို တစ်ပတ်တစ်ခါလောက် ချိုင်းကြားအသားရည်ကို ၁၅မိနစ်လောက်သုတ်လိမ်း ပြီး နှပ်ထားခြင်းဖြင့် ရေချိုးပြီး ချိန်မှာ ချိုင်းကြား အသားရည်ဟာ နဂို ထက် ပိုမိုနူးညံ့လာမှာကိုခံစားရစေနိုင်ပါတယ်။ကြာရင် ချိုင်းကြား မဲမှု အမဲကွက်စွဲမှုတွေကို ပါသက်သာပျောက်ကင်းစေပါတယ်။
မိန်းကလေးတိုင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိလှပလာနိုင်ကြပါစေလို့ဆုတောင်းရင်း…
သဘာဝအတိုင်းချိုင်းသားသန့်ရှင်းစေဖို့

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။