အမြဲတမ်း အပတ်တိုင်း ပုံလေးတွေရွေးချယ်ခိုင်းပြီး ကိုယ့်ရဲ့ Personality လေးတွေ အကြမ်းဖျင်းပြောပြပေးသွားတာကို စာဖတ်သူတို့လည်း သဘောကျမယ်ထင်ပါတယ်။ ယုံသည်ရှိ ၊ မယုံသည်ရှိ အပျော်သဘောနှင့်သာ စမ်းသပ်ကြပါလို့။ အခုဖော်ပြပါပုံထဲမှာလည်း တုံးအဆုံးလူလို့ သင်ထင်တဲ့လူကိုရွေးကြည့်လိုက်ပါ။ သင်ရွေးချယ်လိုက်တဲ့ပုံကနေ ဘာတွေဖော်ပြသွားမလဲ ကြည့်ရအောင် !
(၁)
နံပါတ်တစ်ကို သင်ရွေးချယ်လိုက်တယ်ဆို သင်ဟာ လွယ်လွယ်နဲ့ အလျော့ပေးတတ်သူဖြစ်ပါတယ်။ ကိုယ်ပိုင်နည်းလမ်းနဲ့ ပြုမူဆောင်ရွက်ဖို့ နည်းလမ်းရှာရာမှာ အခက်တွေ့နေတတ်တယ်။ သူများပေးတဲ့ နည်းလမ်းကိုသာကောင်းမယ်ထင်ရင် လုပ်လိုက်တာများပါတယ်။ တုံ့ပြန်ငြင်းဆန်တာမျိုး
သင့်ဘက်က လုပ်ခဲပြီး အချိန်တော်တော်များများ တိတ်တဆိတ်သာနေနေတတ်တယ်။
(၂)
နံပါတ်နှစ်ဟာ ဆုံးဖြတ်ချက်တွေကို ကတိုက်ကရိုက်ချတတ်တယ်။ အခြေအနေတစ်ခုကို သေချာမသုံးသပ်နိုင်ဘူး။ ဆုံးဖြတ်ချက်ကို လောပြီး ချမိလို့ အမှားမှား အယွင်းယွင်းတွေဖြစ်တတ်တယ်။ ထိုအချိန်မှာ လူအများစုက သင့်ကို အထက်စီးဆန်တယ်၊ ကိုယ့်စိတ်သဘောတစ်ခုတည်းကိုပဲကြည့်တယ်လို့ ထင်သွားတတ်တယ်။
(၃) စိတ်လိုက် မာန်ပါလုပ်တတ်တဲ့လူမျိုးပါ။ ဘယ်တော့မှအရှုံးမပေးပဲ ကိုယ့်ကိုယ်ကိုယ်ရော၊ အခြားလူတွေကိုပါ တိုက်ခိုက်နေတတ်တယ်။ တိုက်ခိုက်တယ်ဆိုပေမယ့် ကိစ္စတိုင်းတော့မဟုတ်ပါဘူး။ အမှန်တရားဘက်က ရပ်တည်တတ်တာပါ။ မှန်မယ်ထင်ရင် ဘယ်သူ့ကိုမှမကြောက်ပဲ ပြောရဲ ၊
ဆိုရဲတဲ့လူမျိုးပေါ့။
(၄) သင်ဟာ သောင်းကျန်းတတ်တယ်။ ကိုယ်မှန်တယ်ထင်ရင် စွတ်လုပ်တယ်။ ကိုယ်ယုံကြည်ရာလမ်းကို ဘယ်သူတွေတားဆီးပါစေ ရအောင်လျှောက်လှမ်းဖို့ကြိုးစားတယ်။ သင်ယုံကြည်ထားတဲ့အရာဟာ အမှန်တရားဆိုတာကို လက်ဆုပ်လက်ကိုင်ပြဖို့ ကြိုးစားတတ်တယ်။