ကိုယ့်ကိုကြည့်မရတဲ့လူ (သို့) မုန်းတဲ့လူရှိလာတဲ့အခါ

ကိုယ့်ကိုမုန်းတဲ့လူ ၊ ကိုယ့်ဘက်က မုန်းတဲ့လူဆိုတာ ဘဝမှာ နေရင်းထိုင်ရင်းနဲ့ ရှိနေမှာပါပဲ။ ဘာလို့လဲ… တစ်ယောက်နဲ့တစ်ယောက်က စရိုက်ချင်း၊ အပြုမူချင်း မတူညီတဲ့အခါ ဘယ်လောက်သင့်မြတ်အောင်အောင် ပေါင်းပေါင်းအဆင်မပြေဘူး။ အခုချိန်မှာ တည့်နေပေမယ့် နောက်တစ်ခါ သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ စကားများ ၊ ရန်ဖြစ်ချင်လည်းဖြစ်မှာပဲ။

အဲ့တော့ အရာရာတိုင်းမှာ ကိုယ့်စိတ်သဘောထားကိုပဲ ရှေ့တန်းတင်လို့ မဖြစ်နိုင်ဘူး။ လူအဖွဲ့အစည်းနဲ့ လိုက်လျောညီထွေနေထိုင်နိုင်ဖို့ သူများခံစားချက်ကိုလည်း နားလည်ပေးနိုင်အောင် ကြိုးစားမှဖြစ်ပါမယ်။ လူတစ်ယောက်က အသလွတ်ကြီး ကိုယ့်ကိုမုန်းမှာတော့မဟုတ်ဘူး။ အကြောင်းရင်းတစ်ခုတော့ရှိမှာပဲ။ သူ့ဘက်က ကိုယ်နဲ့ပတ်သတ်ပြီး အမြင်မကြည်တဲ့ပုံစံမျိုးလုပ်ရင် သတ္တိရှိရင်တော့ ပေါ်တင်မေးလိုက်ပေါ့ ။ ဘာတွေများမကျေနပ်ဖြစ်နေလဲလို့ ။ ဒါဆို သူ့ဘက်က သင်နဲ့ပတ်သတ်ပြီး ဘာမကျေနပ်လဲ သိရမယ်။ နောက်ပြီး ဒီလိုဒဲ့မေးလိုက်ရင် သူလည်းရှိန်သွားလိမ့်မယ်။

တစ်ခါတစ်လေ ကိုယ့်ရဲ့မထင်မှတ်ထားတဲ့ အပြုမူ ၊ စကားတွေက သူတို့အတွက် စိတ်အနှောင့်ယှက်ဖြစ်စရာ၊ မုန်းစရာကောင်းနေလိမ့်မယ်။ ဒါဟာကိုယ့်အကြောင်း ကောင်းကောင်းမသိသေးလို့လည်းဖြစ်မှာပါ။ စကားပြောဆင်ခြင်သင့်တာတွေလည်းရှိတာပေါ့။ ကိုယ့်ရဲ့စိတ်ရင်းမှန်ကို သူတို့သိဖို့လိုတယ်။ ဖြစ်တတ်ပါတယ်.. သူ့ကြည့်ရတာ အပေါက်ဆိုးမယ့်ပုံပဲနော်လို့ ထင်မိတဲ့လူက တကယ်တမ်းပေါင်းကြည့်တဲ့အခါ သဘောကောင်းနေတာကိုလည်းတွေ့ရတယ်။ ကိုယ်ကောင်းမယ်ထင်လို့ ပေါင်းသင်းမိတဲ့လူက ကိုယ့်ကို အဆိုးတွေချည်းပေး၊ အပေါ်ယံကပဲဆက်ဆံနေတာမျိုးတွေလည်း တွေ့ရတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ တကယ်လို့ သင့်မှာ မုန်းနေသူ ၊ ကြည့်မရတဲ့လူရှိနေရင်လည်း သူ့ကိုစိတ်ထဲထားပြီး တစ်ချိန်လုံးတွေး အမုန်းတွေပွားနေမယ့်အစား ကိုယ့်အတွက်အကျိုးရှိတာကို လုပ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။

443 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.