ကိုယ်တွေတွေးထင်ထားတဲ့ အာဖရိကနိုင်ငံဟာ တကယ့်လက်တွေ့မှာတော့ …

လူတော်တော်များများဟာ အာဖရိကကိုသွားရင်း လူမျိုးစုတွေ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ပြည့်နေမယ့်လမ်းတွေ၊ ဖရိုဖရဲဖြစ်နေမယ့် အိမ်တွေပဲရှိလိမ့်မယ်လို့ တွေးထင်တတ်ကြတယ်။ အခုဖော်ပြပေးမယ်အကြောင်းရာမှာတော့ တကယ့်အပြင်မှာ လက်တွေ့မြင်ရတဲ့ အာဖရိကမြင်ကွင်းတွေပဲဖြစ်ပါတယ်။
ဒီပုံတွေကိုမြင်ပြီးသွားရင် အာဖရိကဟာအရမ်းကိုလှပပြီး ထူးခြားမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို သင်ယုံသွားပါလိမ့်မယ်။

အာဖရိကဟာ သိပ်ပြီးတိုးတက်သေးတဲ့နိုင်ငံမဟုတ်ဘူးလို့ တော်တော်များများက
တွေးထင်မိကြတယ်။တကယ်တော့ သူတို့ဟာ အလယ်ခေတ်လောက်မှာပဲ ရပ်နေတာမဟုတ်ပါဘူး။
အာဖရိကလူမျိုး ၉ဝရာခိုင်နှုန်းလောက်မှာ ဆဲလ်ဖုန်းကိုယ်စီရှိပြီး ပရိုဂရမ်ရေးဆွဲသူတွေလည်းရှိကာ ကိုယ်ပိုင် applications နဲ့ gadgets တွေလည်း ဖန်တီးကြတယ်။ ဥပမာ local developers တွေက မြို့ ဝေးမှ ရွာသားတွေအတွက် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အသိပညာတွေနဲ့ သဘာဝဘေး
အန္တရာယ်တွေကျရောက်လာရင် ရှောင်ရှားနိုင်ဖို့ အသိပေးနိုင်မယ့် serviceတွေတီထွင်တယ်။ အာဖရိကမှာ ထုတ်ကုန်လုပ်ငန်းကတော့ တိုးတက်တယ်။

အာဖရိကမှာဆို လူမည်းတွေလောက်ပဲနေထိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်ကြတယ်။ အမှန်က အဲ့ဒီမှာ ယဉ်ကျေးမှုပေါင်းများစွာနဲ့ အသားရောင်ကွဲပြားတဲ့ လူမျိုးပေါင်းစုံနေထိုင်ပါတယ်။ ဥရောပနဲ့ အာရှမှ နိုင်ငံရေး ဖိစီးနှိပ်စက်မှုကြောင့် ရွေ့ ပြောင်းလာကြတဲ့လူတွေလည်းရှိတယ်။

များစွာသော TV shows ၊ ရုပ်ရှင် နဲ့ ကာတွန်းတွေမှာဆို အာဖရိကဆိုတာနဲ့ တောရိုင်းတိရစ္ဆာန်တွေလျှောက်သွားပြီး လူတွေကိုလိုက်တိုက်ခိုက်တယ်လို့ပဲပြသထားကြတယ်။ အပြင်လက်တွေ့မှာက ဆောင်းရာသီရောက်ပြီဆို အန္တရာယ်ရှိ မြွေတွေ၊ ပိုးမွှားတွေဟာ သူတို့ဘာသာ ဆောင်းခိုပြီးနေထိုင်ကြပါတယ်။ တောရိုင်းတိရစ္ဆာန်တွေဟာလည်း သူတို့ဘာသာ တစ်သီးသန့်နေထိုင်တာပါ။ လူတွေကို လိုက်တိုက်ခိုက်တယ်ဆိုတာ တော်တော်လေးရှားတဲ့အဖြစ်ပါ။ လူတွေသာ သတ်မှတ်ထားတဲ့စည်းကမ်းမလိုက်နာပဲ ချိုးဖောက်ပြီးတောရိုင်း တိရစ္ဆာန်တွေနဲ့ ထိတွေ့ဖို့ ကြိုးစားကြတယ်လို့ သိရတယ်။

အာဖရိကဟာ ပြစ်မှုကျုးလွန်မှုတွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံလို့ အများစုက ယုံကြည်ထားကြတယ်။ တကယ်တော့ အာဖရိကဟာ ဖက်ရှင်ကျပြီး အနောက်တိုင်း ခရီးသွားတွေကြားမှာတော့ ရေပန်းစားနေတဲ့နိုင်ငံဆိုလည်းမမှားဘူး။ တောင်အာဖရိကကိုပဲ တစ်နှစ်ကိုလာရောက်လည်ပတ်သူတွေ ၁.၅ မီလီလျံရှိတယ်လို့သိရတယ်။ ဒီလောက်များရတာကလည်း လာရောက်လည်ပတ်သူတွေအပေါ်ပေးတဲ့ ဝန်ဆောင်မှုက သိပ်ကောင်းပြီး ဧည့်ဝတ်ကျေတယ်ဆိုပဲ။ သဘာဝတရားနဲ့ နီးစပ်မှုရှိပြီး ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေကိုလည်း လေ့လာခွင့်ရလို့ဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာ ယဉ်ကျေးမှုအမွေနှစ်ရှိပြီးသားပါ။ အာဖရိကရဲ့လူ့ဘောင်အဖွဲ့အစည်းကြောင်းတွေးလိုက်ရင် တိုးတက်မှုမရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းဆိုတာ မရှိလောက်ဘူးလို့ တွေးထင်တတ်ကြတယ်။ အာဖရိကကို ယဉ်ကျေးမှုဆိုင်ရာ အစပျိုးရာအရပ်လို့တောင် သတ်မှတ်ထားတာပါ။ သူတို့
ဆီမှာ ရှေးခေတ်အဆောက်အုံကြီးတွေနဲ့ အခြား ယဉ်ကျေးမှုမော်ကွန်းတိုင်ကြီးတွေ ရှိတယ်။ ဒါတွေမပျက်စီး မယိုယွင်းသွားအောင် သေချာထိန်းသိမ်းထားကြောင်းလည်းသိရတယ်။ ဥပမာ Kenya မှာဆို ဗိသုကာအဆောက်အုံပေါင်း ၂ဝဝကျော်တောင်ရှိပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ပြတိုက်တွေကိုလည်း အာဖရိကနိုင်ငံအများစုမှ အစိုးရကထောက်ပံ့ပေးထားပါတယ်။

အာဖရိကကို ခရီးသွားဖို့ပြင်တိုင်း ဆင်းရဲနွမ်းပါးအခြေအနေကိုမြင်တွေ့ရမယ်လို့ ထင်တတ်ကြတယ်။ ဆင်းရဲနွမ်းပါးမှုထက် သူများနိုင်ငံတွေနဲ့ တန်းတူ ဇိမ်ကျစွာနေနိုင်တဲ့ ဟော်တယ်တွေ၊ လည်ပတ်စရာနေရာတွေများစွာရှိလာပါပြီ။ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ လှပပြီး အဆင့်တန်းမြင့်မားတဲ့ ဟော်တယ်တွေဆောက်လုပ်ဖို့လည်း ရင်းနှီးမြုပ်နှံ့မှုတွေအကြီးကျယ်ဖြစ်ထွန်းနေတာပါ။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.