Song Joong Ki ရဲ့ အကြင်နာပေးတာခံရပြီးနောက်မှာ Hater တွေရဲ့ တိုက်ခိုက်မှုကိုအလူးအလဲခံခဲ့ရကြောင်း ဖွင့်ဟလာတဲ့ ကောင်မလေး

ဒါပေမယ့်လည်းတန်လွန်းပါတယ်လို့ဆိုပါတယ်။

ဆောင်ဂျန်ကွမ်အရှုပ်တော်ပုံ၊ Running Man စတဲ့ ရုပ်ရှင်တွေ reality shows တွေနဲ့ ဆောင်ဂျွန်ကီရဲ့ နာမည်ကျော်ကြားစအချိန်မှာဖြစ်ခဲ့တာပါ။ နာမည်ရခါစ ဆောင်ဂျွန်ကီကလေးဟာ Fans Meeting လို ပွဲတစ်ပွဲလုပ်ခဲ့ပါတယ်။အဲဒီိ့ပွဲကို အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်အဖြစ် ဟာသသရုပ်ဆောင် Shin Bora က တက်ရောက်ဖျော်ဖြေခဲ့ပါတယ်တဲ့။ အဲဒီ့မှာဖျော်ဖြေနေရင်းနဲ့ ဇာတ်ကွက်တစ်ခုမှာ Bora က Joong Ki ကို ဝမ်တစ်သောင်းထုတ်ပေးတဲ့အခန်းမှာအပြန်အလှန်အနေနဲ့ ဂျွန်ကီက ဘိုရာ့ ပါးပြင်ကိုအနမ်းပေးခဲ့တာပါ။ အဖြစ်အပျက်ကအရမ်းမြန်လွန်းလို့ ဘိုရာရော ပရိသတ်တွေပါ ရုတ်တရက်တအားကိုကြက်သေသေသွားခဲ့ကြပါတယ်။ အဲ့ဒီ့အဖြစ်အပျက်အပြီးမှာတော့ ဆောင်ဂျွန်ကီရဲ့ ပရိသတ်ကောင်မလေးတွေ အုပ်စုဖွဲ့ပြီး ဒုက္ခပေးတာကို ကြုံရင်ကြုံသလိုခံရတော့တာပါပဲလို့ သူမက မီဒီယာတွေကိုဖွင့်ဟလာပါတယ်။ တအားတော့ မကြာလိုက်ပါဘူးတဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အဲဒီ့အဖြစ်အပျက်ကိုသူတို့တွေမေ့သွားကြပုံပေါ်ပါတယ်။ ဒါပေမယ့်လည်း ဒါကတန်တယ်လေလို့သူမက ပြောခဲ့ပါသေးတယ်။

လောလောဆယ်လတ်တလောအခုအချိန်မှာဆိုရင်တော့ဖြင့် ဆောင်ဂျွန်ကီနဲ့ သူ့ပူပူနွေးနွေးချစ်ဇနီးလေး ဆောင်းဟေဂျိုတို့ဟာ လက်ထပ်ထားတာမကြာသေးတဲ့အလျောက် သူတို့ကိုရီးယားရိုးရာအတိုင်း ဒယ်ဂျွှန်းက ဆောင်ဂျွန်ကီရဲ့မိဘတွေနေအိမ်မှာလိုက်နေထိုင်လျက်ရှိကြောင်းသိရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်စလုံးအနုပညာအလုပ်တွေကိုခဏနားထားကြတာပါ။ အရင်လကတော့ Dior Fashion Show ကို တူမောင်နှံစုံတွဲလိုက်တက်ရောက်ခဲ့ကြပါသေးတယ်။

175 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.