ပါတီပွဲ၊ဒင်နာပွဲ၊ရှိုးပွဲတွေသွားဖို့ ဂါဝန်လန်းလန်းတွေဝတ်ချင်ပေမဲ့ ဘယ်လိုဂါဝန်က ကိုယ်နဲ့လိုက်မလဲမသိရွေးချယ်ရခက်တတ်ပါတယ်။တစ်ခါတစ်လေ ဆိုင်မှာစမ်းဝတ်ကြည့်ပြီး ကိုယ်နဲ့လိုက်တယ်လို့ထင်ရပေမဲ့ သူများတွေအမြင်မှာ ကြည့်လို့မကောင်းတာတွေရှိတတ်ပါတယ်။ အဓိကက ကိုယ့်ရဲ့ အချိုးအစားကိုယ်သိပြီး ဂါဝန်ရွေးချယ်ဝယ်ယူတတ်ဖို့ပဲလိုတာပါ။ဒါဆို သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ပန်းသီးပုံစံလား? သစ်တော်သီးပုံစံလား ?သဲနာရီပုံစံလား? ထောင့်မှန်စတုဂံလိုတစ်ဖြောင့်တည်းလား? သေချာဆန်းစစ်ကြည့်ဖို့လိုပါတယ်။
အရေးကြီးတာတစ်ခုကတော့ သင့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုပုံစံပဲဖြစ်ဖြစ် တန်ဖိုးထားပါ။သင့်ရဲ့ ခန္ဓာကိုယ်ကိုချစ်ခင်ပါ။ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီတဲ့ဂါဝန်ကတော့ ရှိကိုရှိပါတယ်။အဲ့ဒါကြောင့်ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုဆိုတာကိုသေချာ နားလည်အောင်လုပ်ပြီးချစ်ခင်ပါ။သင့်ရဲ့ ခန္ဓာကိုယ်ကဘယ်လိုပုံစံဖြစ်ဖြစ် ချစ်ခင်တန်ဖိုးထားတဲ့စိတ်ရှိတယ်ဆိုရင် သင်က အမြဲကြည့်ကောင်းနေပါလိမ့်မယ်။
ဆန်းစစ်ပြီးရင်တော့ ဘယ်လိုဂါဝန်မျိုးကိုရွေးချယ်သင့်သလဲဆိုတာ ကြည့်လိုက်ရအောင်။
၁) ပန်းသီးပုံစံခန္ဓာကိုယ်အချိုးအစားဆိုရင်…ဒီလိုအောက်ပိုင်းနည်းနည်းလေးကားတဲ့ပုံစံ ဂါဝန်လေးရွေးချယ်ပေးသင့်ပါတယ်။
၂)သစ်တော်သီးပုံစံခန္ဓာကိုယ်အချိုးအစားဆိုရင်တော့…
၃)သဲနာရီပုံစံဆိုရင်…
၎)ထောင့်မှန်စတုဂံပုံဆိုရင်…
၅)ခန္ဓာကိုယ်တပြေးတည်း၀၀လေးဖြစ်နေရင်…
ကိုယ်နဲ့လိုက်ဖက်ညီတဲ့ဂါဝန်လေးတွေဝတ်ပြီး အမြဲလှပတဲ့ပျိုမေလေးတွေဖြစ်ပါစေ…