Julian Zigerli ပြောတာက ဒါက ထုတ်ကုန်ပစ္စည်းတံဆိပ် သက်သက်မဟုတ်ပါဘူး။ ပျော်စရာကောင်းတဲ့ အရာလေးတွေပါ။ မြို့ပြကြီးတွေရဲ့ မော်ဒန်ကျတဲ့နည်းပညာတွေ လွှမ်းမိုးသက်ဝင် ထားပါတယ်။ ပြီးတော့ ရှိုးတစ်ခုလို့လည်း ပြောလို့ရပါတယ်။
Zurich အခြေစိုက်ဒီဇိုင်နာက ၂၀၁၄ နွေရာသီအတွက် သူ့ရဲ့ collection စာအုပ်ကို ချပြလိုက်တဲ့အခါ အခုလိုတွေ့လိုက်ရတာဖြစ်ပြီး ဒါဟာ မြင်နေကျတွေနဲ့ လုံးဝကွဲထွက်သွားပါတယ်။ ဒါကြောင့် ငြီးငွေ့စရာအကြောင်းတော့ လုံးဝမရှိပါဘူး။
ဒါကို “At The End of the World to the Left” လို့ နာမည်တပ်ခဲ့ပြီး အ၀တ်အစားကအစ ခြေအိတ်ပါ အပါ ရေဆေးတွေ ရောစပ်ပက်ဖျန်းထားတာမျိုးနဲ့ တူပါတယ်။ ကြည့်ရတာ မျက်စိနောက်စရာ ဖြစ်နေနိုင်တယ် ။ သေချာတာပေါ့။ ဒါပေမယ့် အခုဒီဇိုင်းထဲက ရှပ် ဒါမှမဟုတ် ဂျက်ကတ်ကို အောက်က ဂျင်းပင်န်တစ်ထည် ၊ သဘာဝအရောင် တစ်ထည်နဲ့ တွဲဝတ်လိုက်ရင်တော့ ဒီ့ထက်မြန်မြန် မြင်သားကျသွားနိုင်ပါတယ်။
ဒီ ဒီဇိုင်းတွေကို တီထွင်သူကတော့ အထင်ကြီးစရာကောင်းလောက်အောင်ပဲ အသက် ၂၀သာ ရှိသေးတဲ့ Julian Zigerli ပဲ ဖြစ်ပါတယ်။
Ref:complex