ကိုယ်မွေးတဲ့လအလိုက် လက်တွဲဖော်မင်းသားကိုရှာကြမယ်

ဒီတစ်ခါတော့ ကိုယ်မွေးတဲ့လအလိုက် ဘယ်မင်းသားကကိုယ့်လက်တွဲဖော်ဖြစ်ဖို့သင့်တော်လဲဆိုတာဖော်ပြပေးသွားမှာပါ။

Here you go girls!!!!!! Thank me later.

 

ဇန်နဝါရီ

ဇန်နဝါရီလမှာမွေးတဲ့သူလေးတွေရဲ့ အသင့်တော်ဆုံးဖူးစာရှင်ကတော့ Strong Woman Do Bong Soon ထဲက CEO လေး Ahn Min Hyuk ပါ။ ဇန်နဝါရီလမှာမွေးတဲ့သူတွေက အများအားဖြင့် ရည်မှန်းချက်ကြီးမားပြီး နွဲ့ဆိုးဆိုးတတ်ကြတာမို့ သူတို့ဆိုးသမျှကို စိတ်ရှည်သည်းခံပြီး သူတို့ကို ပါရမီဖြည့်ပေးမယ့် စိတ်ရောလူပါပံ့ပိုးပေးမယ့်သူမျိုးလိုအပ်ပါတယ်။ အန်မင်ယော့ဟာဆိုရင် ဒိုဘုံဆွန်းက သူ့ထက်ပိုအစွမ်းထက်တယ်ဆိုတဲ့အဖြစ်မှန်ကို လက်ခံဖို့မတွန့်ဆုတ်သလို ဘုံဘုံ့ကိုလည်း အစွမ်းတွေကိုစနစ်တကျအသုံးချတတ်အောင်လေ့ကျင့်ပံ့ပိုးပေးတာမို့ ဇန်နဝါရီဖွားလေးတွေအတွက် မင်မင်လေးလိုလူမျိုးက အသင့်တော်ဆုံးပါပဲနော်။

 

ဖေဖော်ဝါရီ

ဖေဖော်ဝါရီဖွားတွေရဲ့ ဖူးစာရှင်ကတော့ ဦးလေးကြီး Kim Shin ပါတဲ့။ (မနာလိုလိုက်တာနော်)ဖေဖော်ဝါရီဖွားတွေက လူတစ်ယောက်ကိုသူ့ဖြစ်တည်မှုအတိုင်းတိုင်းလေးပဲချစ်တတ်ကြပြီးပြောင်းလဲပေးချင်စိတ်မရှိသလို ကိုယ့်ကိုလည်း ကိုယ့်အတိုင်းပဲလာချစ်ပေးတာကိုလိုလားကြပါတယ်တဲ့။Goblin ဇာတ်လမ်းတွဲထဲကဦးလေးကြီးဟာဆိုရင် Ji Eun Tak လေးကို သူ့ပုံမှန်စိတ်ထား၊သူ့ဘဝလေးအတိုင်းပဲ ခွင့်လွှတ်နားလည်သည်းခံပြီး တအားကိုကြင်နာဂရုစိုက်ပေးတာမို့ ဖေဖော်ဝါရီဖွားလေးတွေနဲ့ကွက်တိပါပဲ။

 

မတ်လ

မတ်လမှာမွေးသူလေးတွေအတွက် အသင့်တော်ဆုံးသူကတော့ Heo Joon Jae ပါ။ ဘာလို့ဆို မတ်လမှာမွေးတဲ့ကောင်မလေးတွေက စိတ်ဓာတ်အရမ်းကျတတ်ပြီး စိတ်အပြောင်းအလဲများတာမို့ သူတို့ကိုအမြဲတစေအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးနေမယ့်သူမျိုးလိုအပ်ပါတယ်။ Legend of The Blue Sea ထဲက ဟောဂျွန်းဂျယ်က ရေသူမလေးရဲ့မသိနားမလည်ခြင်းတွေကိုစိတ်ရှည်ရှည်နဲ့ မိဘညီအစ်ကိုမောင်နှမလို ဆွေမျိုးသားချင်းလို သင်ကြားပြသပေးပြီး ချစ်ခင်ယုယပေးတယ်ဆိုတော့ မတ်လဖွားလေးတွေရေ စိတ်ကူးမလွဲနဲ့ ဂျွန်းဂျယ်ကိုသာရအောင်ယူပါလေ။

 

ဧပရယ်

ဧပရယ်လမှာမွေးတဲ့သူတွေက စိတ်ခံစားချက်ကိုဦးစားပေးပြီး အစွဲအလမ်းကြီးတယ်၊တစ်ခုခုဆိုအရူးအမူးဖြစ်တတ်တယ်။ဒီတော့ သူတို့ကိုသူတို့နဲ့ထပ်တူ သည်းသည်းလှုပ်ချစ်ပေးပြီး ပျော်အောင်ထားမယ့်သူနဲ့သင့်တော်တာပေါ့။ အဲဒီိ့လိုလူမျိုးကတော့ My Secret Romance ထဲက Cha Jin Wook ပါပဲ။ ဘယ်လိုတွေတောင်အရူးအမူးဖြစ်လိုက်သလဲဆိုတာ ယူတို့ My Secret Romance ကားကြည့်ဖူးကြတယ်ဟုတ်။ မကြည့်ဖူးလဲကြည့်ကြည့်ဖို့ညွှန်းပါတယ်။ဘေးနားမှာစောင်တစ်ထည်တော့ချထားပါလေ။တအားတွေ ရိုလွန်းလို့အားတွေကျပြီး စောင်ကိုက်နေရမှာမို့ပါ။ 😛

 

မေလ

မေလမှာမွေးဖွားတဲ့သူတွေက အသစ်အဆန်းတွေကိုခံစားကြည့်ချင်စိတ်ပြင်းထန်ပါတယ်။အသစ်အသစ်တွေကိုအမြဲလိုလိုသင်ယူချင်စိတ်ဖြစ်နေတတ်တာပါ။ဒီတော့ သူတို့လိုအပ်တဲ့သူမျိုးက သူတို့ထက် အသက်ကြီးနိုင်သမျှကြီးလေကောင်းလေပဲ.. အဲဒါမှ ဘဝမှာအကြာကြီးနေဖူးတော့အတွေ့အကြုံတွေအများကြီးပြောပြနိုင်မှာပေါ့။ တစ်ခုခုဆို ကောင်းရာကောင်းကြောင်းညွှန်ပြပေးနိုင်မယ့် ဆုံးမပဲ့ပြင်ပေးနိုင်မယ့်သူမျိုးကိုအလိုရှိကြတာပါ။ သူတို့အတွက်ကတော့ My Love From Another Star ထဲက Do Min Joon ပါတဲ့။

 

ဂျွန်

ဂျွန်လရဲ့မွေးနေ့ရှင်တွေကတော့ ဟာသညဏ်ရင့်သန်ပြီး ကာကွယ်ပေးနိုင်တဲ့သူမျိုးကိုနှစ်သက်ကြတာပါ။လိုအပ်တဲ့အချိန်မှာအရှေ့ကမားမားမတ်မတ်ကာကွယ်ပေးပြီး စိတ်ညစ်တဲ့အချိန်မှာ ဟာသတွေနဲ့ရယ်မောအောင်လုပ်ပေးရပါမယ်။ ဒါကြောင့် သူတို့ချစ်တဲ့သူကတော့ The K2 ထဲက Kim Je Ha လို့ဆိုပါတယ်။

 

ဂျူလိုင်

ဂျူလိုင်မှာမွေးတဲ့ မေဂျူလိုင်လေးတွေကတော့ တည်ငြိမ်ရင့်ကျက်ပြီးဖြောင့်မတ်မှန်ကန်တဲ့သူ ဘယ်သောအခါမှ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ သူတို့ကို မလိမ်မညာမယ့်သူမျိုး အလုံးစုံယုံကြည်စိတ်ချလို့ရပြီိး ဆုံးဖြတ်ချက်ခိုင်မာသူမျိုးကို ကြွေကြတာပါ။ သူတို့အတွက်ကတော့ Descendant Of The Sun ထဲက တပ်မှူး Yoo Si Jin ပဲဖြစ်ပါတယ်။

 

သြဂုတ်လ

သြဂုတ်လမှာမွေးသူတွေကတော့ စိတ်အပြောင်းအလဲများပြီး စိုးရိမ်ပူပန်တတ်တဲ့စိတ်အခံရှိသူဖြစ်တဲ့အလျောက် စိတ်ကိုတည်ငြိမ်အေးချမ်းစေမယ့် သူ့အကြောင်းတွေးလိုက်တာနဲ့ကြည်ကြည်နူးနူးနဲ့ပြုံးမိရမယ့်သူမျိုးကိုတွယ်တာတတ်ကြတာပါ။ အဲ့ဒီိ့လိုလူမျိုးကတော့ Temperature Of Love ထဲက On Jung Seon ပါပဲ။

 

စက်တင်ဘာ

စက်တင်ဘာလမှာမွေးသူလေးတွေကတော့ သူတို့နဲ့အမြဲတမ်းအတူရှိနေပြီိး အတွေ့အကြုံသစ်တွေကိုတက်တက်ကြွကြွနဲ့ အတူရင်ဆိုင်နိုင်မယ့်သူမျိုးတွေနဲ့သင့်တော်ပါတယ်။ ဘယ်သူရှိမလဲ Playful Monkey ထဲက Son Oh Gong ပဲပေါ့။

 

အောက်တိုဘာ

အောက်တိုဘာလရဲ့မွေးနေ့ရှင်လေးတွေက သိပ်ပြီးအရယ်သန်ကြပါတယ်။ဒါကြောင့် သူတို့ကို 24/7 ရယ်အောင်လုပ်ပေးနိုင်မယ့်သူမျိုးတွေနဲ့ အသင့်တော်ဆုံးပါပဲ။ ဒီလိုလူမျိုးဆိုတာက ဝေးဝေးတွေးစရာမလိုပါဘူး။ Hwarang ထဲက Suk Han Sung ပဲဖြစ်ပါတယ်။

 

နိုဝင်ဘာ

နိုဝင်ဘာလမှာမွေးဖွားသူတွေက စိတ်ဓာတ်ခိုင်မာပြီိးယုံကြည်ချက်ပြင်းထန်ကြပါတယ်။ကိုယ့်ကိုယ်ကိုယ်လေးစားမှုလည်းအရမ်းရှိပါတယ်။ဒါကြောင့်သူတို့ကို ဘာပဲဖြစ်ဖြစ်ယုံကြည်ပေးပြီး လေးစားမှုထားပေးတဲ့ယောက်ျားမျိုးကိုပဲအလိုရှိပါတယ်။ အဲဒါကတော့ While You Were Sleeping ထဲက Jung Jae Chan ပဲဖြစ်ပါတယ်။

 

ဒီိဇင်ဘာ

ဆောင်းရာသီိ ဒီဇင်ဘာမှာမွေးသူတွေက အေးချမ်းတဲ့စိတ်နေစိတ်ထားရှိပါတယ်။ ဒါကြောင့် ကိုယ့်ကို ရိုးရိုးလေးပဲချစ်ပေးတဲ့ အချစ်မှာအချစ်ပဲရှိတယ်လို့နားလည်ပေးထားတဲ့သူတွေနဲ့အသင့်တော်ဆုံးလို့ဆိုရပါမယ်။ ဒီဇင်ဘာကောင်မလေးတွေရဲ့ ချစ်သူကတော့ Fight My Way ထဲက Ko Dong Man ပါ။

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.