နာမည်ကျော်တရုတ်မင်းသား Luhan နဲ့ မင်းသမီး Guan Xiaotong တို့လက်ထပ်ဖို့ပြင်ဆင်နေကြပြီလား?

နာမည်ကျော်တရုတ်မင်းသားအဆိုတော်တစ်ယောက်ဖြစ်တဲ့ Luhan နဲ့တရုတ်မင်းသမီး Guan Xiaotong တို့ဟာနှစ်ယောက်သားလက်တွဲနေကြတယ်လို့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက တရားဝင်ကြေညာခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ သတင်းကြောင့် ၀မ်းသာကြတဲ့သူတွေ ရှိသလို မင်းသား Luhan ရဲ့ မိန်းကလေးပရိသတ်အများစုကတော့စိတ်မကောင်းဖြစ်ခဲ့ကြတယ် လို့လည်းသိရပါတယ်။လက်တွဲနေကြတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာလည်း တရုတ်မင်းသမီးရဲ့ အမေဖြစ်သူက Luhan နဲ့သဘောမတူဘူး လို့ပြောတဲ့ သတင်းတွေထွက်ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ၆ရက်နေ့ကတော့သူတို့စုံတွဲကိုသတို့သမီးဝတ်စုံရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ တွေ့လိုက်တယ်လို့ပြည်ပမီဒီယာတစ်ခုကဖော်ပြခဲ့ပါတယ်။ ရှန်ဟိုင်းမြို့က သတို့သမီးဝတ်စုံ ဆိုင်မှာမြင်တွေ့ခဲ့တာဖြစ်ပါတယ်။ ချစ်သူတွေဖြစ်နေပြီလို့ကြေညာပြီးမကြာခင်ကလည်း
Luhan ကို လက်ထပ်လက်စွပ်ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာမြင်တွေ့ခဲ့ရတယ် လို့သိရပါတယ်။ အဲ့ဒါကြောင့်သူတို့နှစ်ယောက်ဟာ သိပ်မကြာခင်အချိန်အတွင်းမှာလက်ထပ်ကြတော့မယ် လို့ကောလဟာလတွေထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမီဒီယာကလည်း သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကလည်းမကြာခင်ဖြစ်လာတော့မယ်ထင်တယ် လို့အရိပ်အမြွက်ရေးသားခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်ချို့ပရိသတ်တွေကတော့ တရုတ်မင်းသမီး Guan Xiaotong ဟာ နောက်ထပ်ရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်လမ်းအတွက် သတို့သမီးဝတ်စုံဆိုင်ကိုရောက်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးနေတဲ့ဝန်ထမ်းတစ်ယောက်ကိုလည်းအဲ့ဒီနေရာမှာမြင်တွေ့ခဲ့ရတယ်လို့
ဒီသတင်းနဲ့ပတ်သက်ပြီးဖော်ပြရှင်းလင်းခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေအားလုံးကစောင့်မျှော်သိချင်နေကြတယ်လို့သိရပါတယ်။

Source:Allkop

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.