ပရိသတ်တိုင်းမြင်ဖူးချင်မယ့် ဟောလိဝုဒ်စူပါစတားတွေရဲ့ ပထမဆုံး အစမ်းပြပွဲပုံရိပ်များ

အားလုံးကတော့ နာမည်မကြီးခင်မှာ သာမန်ဘဝလေးကိုပဲ ပိုင်ဆိုင်ထားခဲ့တာပါပဲ။ ကျော်ကြားရမယ့်ကံပါလာတော့ အချိန်တန် ထအောင်မြင်တယ်။ သူတို့တွေ ဒီလိုအောင်မြင်လာတာ ကံကြောင့်ချည်းပဲလို့ ဘယ်ဟုတ်မလဲ.. ထက်သန်တဲ့စိတ်အားနဲ့ ရည်မှန်းချက်တွေ၊ စိတ်ပင်းပန်မှုတွေ၊ ဒုက္ခတွေအများကြီးကြုံခဲ့ရတာပေါ့။ အောင်မြင်တဲ့အခါ ကြိုးစားခဲ့ရတဲ့အချိန်တွေဟာ သူတို့အတွက်တော့ ရွှေရောင်အမှတ်တရလေးတွေပါပဲ။ နာမည်ကြီးအဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ပထမဆုံးအစမ်းပြိုင်ပွဲက ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း မြင်ဖူးချင်နေမယ်ထင်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Miley Cyrus


Hannah Montana ဇာတ်ကားလေးနဲ့နာမည်ကြီးလာခဲ့တဲ့ Miley Cyrus ဟာ အခုချိန်ထိကို ပရိသတ်တွေရင်ထဲက အချစ်တွေကိုသိမ်းပိုက်ထားနိုင်ဆဲပါပဲ။ အဆိုမှာရော ၊ သရုပ်ဆောင်မှာပါ ပိုင်နိုင် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်တဲ့သူမဟာ ဟောလိဝုဒ်နာမည်ကြီးစာရင်းထဲ နေရာယူထားနိုင်ဆဲပါပဲ။

Ariana Grande

Ariana လည်း အောင်မြင်မှုအသီးပွင့်ကိုခံစားနိုင်ဖို့ အခက်ခဲတွေအများကြီးရင်ဆိုင်ကျော်ဖြတ်လာခဲ့ရပါတယ်။ သူမအသံကို အကောင်းဆုံးအသုံးချပြီး ပရိသတ်တွေ နှလုံးသားထဲကိုတော့ အခုချိန်မှာ သူမထွင်းဖောက်နိုင်ခဲ့ပြီလေ။

Raven Symone

Cosby Show မှာ Olivia Kendall အဖြစ် သူမကိုစသိခဲ့ကြတာဖြစ်ပါတယ်။ မွေးတည်းက ပင်ကိုယ်ပါရမီပါလာသူလေးမို့ ကလေးသရုပ်ဆောင်သူမကို ချစ်မြတ်နိုးကြသူတွေ မနည်ဘူး။ တစ်ဖက်မှာ
မြင်နေရပုံက အစမ်းပြပွဲမှာ သူမပထမဆုံး dialogue ပြောနေတာဖြစ်ပါတယ်။

Scarlett Johansson


Scarlett ဟာ အရင်က သာမန်မိန်းကလေးတစ်ယောက်ပါ။ အနုပညာအသိုင်းဝိုင်းထဲက မဟုတ်ဘူး။ ပင်ကိုယ်အထုံဝါဿနာပါသူမို့သာ ဒီလောကထဲ သူမဘာသာ ခြေစုံပစ်ဝင်ခဲ့တာ။ ၁၉၉၅ခုနှစ်က Jumanji ဇာတ်ကားမှာ Judy ဇာတ်ရုပ်အဖြစ် ပထမဆုံး ဝင်ပြိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ထိုဇာတ်ရုပ်နေရာမှာ Kristen Dunst ကို ထည့်သွင်းလိုက်ပါတယ်။ ဘာလို့ဆို အဲ့ဒီတုန်းက သူမဟာ ကမ္ဘာကသိနေပြီဖြစ်တဲ့ ကလေးသရုပ်ဆောင်ဖြစ်နေလို့ပါတဲ့။

Selena Gomez

Wizards Of The Waverly Place ဇာတ်ကားမှာ Alex Russo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဆီလီနာကို ပရိသတ်တွေပထမဆုံး သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ ထိုဇာတ်ကားထွက်တုန်းက ၂ဝဝ၇ခုနှစ် အောက်တိုဘာလတုန်းက သူမအသက် ၁၅နှစ်သာရှိပါသေးတယ်။ သူမရဲ့ကြိုးစားရုန်းကန်မှုတွေကို ဘယ်တော့မှမေ့လိမ့်မယ်မထင်ပါဘူး။

Demi Lovato


Americal Sitcom Sonny မှာ ပထမဆုံး သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ကျွမ်းကျင်ပိုင်ဆိုင်နိုင်စွာ သရုပ်ဆောင်မှုနဲ့ အဆိုကောင်းမှုဟာ ပရိသတ်ရဲ့သွေးသားထဲထိ စိမ့်ဝင်နိုင်တယ်။ သူမဖျော်ဖြေမှုတိုင်း ပရိသတ်တွေအုံ့ခဲနေတာပါပဲ။

Rachel McAdams

၂ဝဝ၂ခုနှစ် “The Hot Chick” မှာ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂ဝဝ၄ ခုနှစ်က “The Notebook” ရုပ်ရှင်မှာတော့ ပိုပြီး လူသိများ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.