အချိန်မှန် လူမှန်တွေ့နိုင်ဖို့လိုတယ်။ တစ်ချို့ သောလူတွေက ကိုယ့်ဘဝထဲ ခဏတစ်ဖြုတ်သာဝင်ရောက်လာပြီး ထင်တိုင်းတွေကြဲသွားကြတယ်။ အစကတော့ ချစ်ပါတယ် တဖွဖွပြောပြီး နောက်ဆုံး သူတို့ပဲထားသွားကြတဲ့လူတွေလည်းမနည်းဘူး။ ဒီလိုလူတွေနဲ့ ခဏခဏ တွေ့ဆုံလာရတဲ့အခါ
ထပ်ချစ်ရမှာကိုကြောက်နေတာ မမှားပါဘူး။ ဒါပေမယ့် တကယ့်လူမှန်နဲ့တွေ့ဆုံတဲ့အခါ လွှဲချော်သွားမှာကိုတော့ စိုးရိမ်မိပါတယ်လေ။ ဘယ်လိုလူစားမျိုးကသင့်အတွက် မှန်ကန်တဲ့လူတစ်ယောက်ဖြစ်မလဲ.. ဒိတ်တောင် မလုပ်သင့်တဲ့လူမျိုးက ဘယ်လိုဖြစ်မလဲ.. ဖတ်ကြည့်ရအောင် !
တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိတဲ့ယောက်ျား
ဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းနေပါစေ.. တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိတဲ့ယောက်ျားတစ်ယောက်ကို ဘယ်လိုပေါင်းသင်းမလဲ..ချစ်နေတုန်းတော့ အပြစ်မမြင်နိုင်ပေမယ့် အတူပေါင်းသင်းနေထိုင်တော့မယ်ဆို ဒါတွေက ပြောစရာဖြစ်လာပြီနော်… ချစ်တာ သေချာရဲ့လား?
တစ်ကိုယ်ကောင်း သမား
သမီးရည်းစား ဆက်ဆံရေးဟာ ယုံကြည်မှု ၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ကြိုးချည်မျှင်လေးတစ်ခုပါ။ အချိန်ကာလပေါင်းစွာရင်းပြီးမှ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီအတောတွင်းမှာ နှစ်ယောက်သားအပေးယူမျှပြီး နားလည်မှုရှိမှသာ အဆင်ပြေမယ်။ တစ်ယောက်တည်းကပဲ တစ်ချိန်လုံး တစ်ကိုယ်ကောင်းဆန်နေရင် ဘယ်လိုမိန်းကလေးမျိုးက ဆက်ပြီးသည်းခံနိုင်မလဲ?
ဂရုစိုက်မှုမရှိ ၊ တာဝန်ယူမှုမရှိ
သင်ဟာ အသက် (၂ဝ)ဝန်းကျင် မိန်းကလေးဆို ဒီလိုယောက်ျားမျိုးကို ဝေးဝေးကရှောင်တာ အကောင်းဆုံးပါ။ သင်ကသာ ဘဝရည်မှန်းချက်တွေ၊ ရှေ့အနာဂတ်တွေကြိုတင်စီစဉ်နေပေမယ့် သူကတော့ ချစ်တာတစ်ခုကလွဲပြီး သင်နဲပတ်သတ်တာ ဘာမှစိတ်ဝင်မစား၊ တာဝန်ယူခြင်းလည်းမရှိရင်
ရှေ့ ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး။
ဟန်ဆောင်ကောင်း
သင့်ကိုအရမ်းတွေ ဂရုစိုက်ပြ၊ ယုံကြည်အောင် သူနေပြလိမ့်မယ်။ သင့်အတွက် ဘာမဆို သူလုပ်ပေးနိုင်တဲ့ပုံစံမျိုးနဲ့ သူဟန်ဆောင်လိမ့်မယ်။ယုံကြည်အောင် အများကြီးလုပ်ယူပြီးမှ နောက်ကွယ်ဖောက်ပြန်တာမျိုးပေါ့။
လူပျင်း
အိမ်မှာပဲ အချိန်ကုန်၊ အကျိုးရှိတာ လုပ်နေလားဆိုတော့လည်းမဟုတ်…။ ရုပ်ရှင်ကြည့် ၊ ဂိမ်းဆော့ပြီး လူတွေနဲ့ထိတွေ့ဆက်ဆံမှုလည်းမရှိတော့ ယောက်ျားမျိုး လက်တွဲဖို့ လုံးလုံးမစဉ်းစားပါနဲ့။ သင်ကသာ သူ့အတွက် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင် ဘေးကကူညီဖန်တီးပေးနေပေမယ့် သူကတော့ ပျင်းရိနေဆဲဆို သေချာစဉ်းစားပါတော့။
ဒေါသထွက်လွယ်တဲ့ ယောက်ျား
တစ်ခုခုဆို နည်းနည်းလေး အတိမ်းစောင်းမခံတဲ့ယောက်ျားမျိုးပေါ့။ ဒေါသထွက်လွယ်၊ စိတ်ဆက်လွယ်တဲ့ယောက်ျားမျိုးကို အစတည်းကရှောင်တာအကောင်းဆုံးပါ။ ပြီးရင် လက်တွေပါလာပြီး အနိုင်ကျင့် ၊ မနှိပ်စက်နိုင်ဘူးလို့ ပြောလို့မရဘူး။
တဏှာရူး
တစ်ချိန်လုံး တဏှာရူးဖို့လောက်ပဲတွေးနေပြီး အခြားဘာမှစိတ်မဝင်စား ၊ တိုးတက်ရာ တိုးတက်ကြောင်းပြောလည်း ဂရုမစိုက် ။ သူလုပ်ချင်တာလုပ်ပြီးရင် ပြန်တောင်လှည့်မကြည့်တဲ့ယောကျာ်းမျိုး။ လိုရင်တစ်မျိုး ၊ မလိုရင် တစ်မျိုး။ ချစ်နေရုံနဲ့မပြီးတာမို့ သေချာစဉ်းစားသုံးသပ်ပါ။