ချစ်ခင်ရသူကိုဆုံးရှုံးလိုက်ရလို့ဝမ်းနည်းပူဆွေးနေတဲ့သူတစ်ယောက်ကိုဘယ်လိုအားပေးနှစ်သိမ့်ပေးမလဲ?

မိသားစုထဲကဖြစ်စေ၊အသိမိတ်ဆွေထဲကပဲဖြစ်စေချစ်ခင်ရသူတစ်ယောက်ယောက်ကိုဆုံးရှုံုးလိုက်ရတဲ့သူတစ်ယောက်ကိုအားပေးနှစ်သိမ့်ပေးဖို့ဆိုတာလက်တွေ့မလွယ်ပါဘူး။ကိုယ်တိုင်ကြုံတွေ့ခံစားဖူးတဲ့သူမှသာ ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကိုနားလည် ကိုယ်ချင်းစာပေးနိုင် ပါတယ်။ဘေးနားကအားပေးနှစ်သိမ့်ပေးတဲ့သူတွေကတော့ ဘာပြောရမှန်းမသိကြသလို၊ ပူဆွေးဝမ်းနည်းနေတဲ့သူကိုနောက်ထပ်ဒဏ်ရာပေးသလိုမဖြစ်စေဖို့ စကားပြောဆိုတတ်ဖို့လည်း လိုအပ်ပါတယ်။အခုခေတ်ကာလ လူတစ်ချို့ဟာ စကားကိုပြောသ့င်တဲ့နေရာ၊ မပြောသင့်တဲ့နေရာ ဆိုတာလည်း မခွဲခြားတတ်ပဲ စိတ်သက်သာရာရမယ်ထင်ပြီး မပြောသင့်တာတွေ ပြောလေ့ရှိပါတယ်။အဲ့ဒါကြောင့် ၀မ်းနည်းပူဆွေးနေတဲ့သူတစ်ယောက်ကို အားပေးနှစ်သိမ့်ပေးရမယ့် စကားတွေ၊မပြောသင့်တဲ့စကားတွေကို ဗဟုသုတအနေနဲ့ပြောပြပေးလိုက်ပါတယ်။

ဝမ်းနည်းပူဆွေးနေတဲ့သူတစ်ယောက်ကိုအားပေးနှစ်သိမ့်ပေးချင်တယ်ဆိုရင် ဒီစကားလေး တွေပြောပေးပါ။သူ့အတွက် အနည်းငယ်စိတ်သက်တောင့်သက်သာရှိနိုင်ပါတယ်။

၁)မင်းရဲ့ ဆုံးရှုံးမှုအတွက် ငါစိတ်မကောင်းပါဘူး

စိတ်မကောင်းပါဘူးဆိုတဲ့စကားက ဘာမှမပြောတာထက်စာရင် အနည်းအကျဉ်းစိတ်ဖြေသာရာရပါတယ်။

၂)ငါကူညီနိုင်တာရှိရင်သိပါရစေ

၃)ငါမင်းအတွက်ဘာများလုပ်ပေးနိုင်မလဲ?

၎)ငိုချလိုက်ပါ။နာကျင်ပေမဲ့လည်း အဆင်ပြေသွားမှာပါ။

၅)ငါလည်း (သေဆုံးသွားသူ)ကို သတိရပါတယ်။

၆)ငါဘာပြောသင့်လဲဆိုတာ မသိဘူး။(ရိုးသားမှုက အကောင်းဆုံးပါပဲ)ဘာမှမပြောတာထက်စာရင် ဒီစကားလေးက ပိုပြီးအဆင်ပြေပါတယ်။

၇)မင်းစကားပြောချင်တဲ့အချိန် ငါ့ဆီဆက်သွယ်နိုင်ပါတယ်။

လူဆိုတာသေမျိုးပါပဲ။ဒါပေမဲ့လည်း ချစ်ခင်ခဲ့ကြတဲ့သံယောဇဉ်တွေကြောင့်အလွယ်တကူတရား နဲ့ဖြေလိုက်လို့မရပါဘူး။အချိန်တဖြည်းဖြည်းကြာသွားမှသာ နေသားကျသွားမှာပါ။ ဒါကိုလူတိုင်းသိပါတယ်။ဒါပေမဲ့ဝမ်းနည်းပူဆွေးနေတဲ့အချိန်မှာ ဒီစကားတွေ သွားပြောနေလို့မရပါဘူး။ပိုပြီးဝမ်းနည်းရုံသာရှိပါတယ်။

မပြောသင့်တဲ့စကားတွေက…

၁)သေချိန်တန်လို့သေသွားရတာပဲ…ဒါကလူတိုင်းသိပါတယ်။ဒါပေမဲ့ ၀မ်းနည်းနေတဲ့သူတစ်ယောက်ကို ဒီလောက်ထိပြောဖို့မလိုအပ်ပါဘူး။

၂)မင်းဘယ်လိုခံစားနေရလဲ?

လုံးဝမမေးသင့်တဲ့မေးခွန်းတစ်ခုပါ။ဒီအချိန်ဟာသူဘယ်လိုခံစားနေရမလဲဆိုတာကိုတောင် သူ့ကိုယ်သူမေးခွန်းပြန်မထုတ်နိုင်ပါဘူး။

၃)မင်း ဒီနေ့ပိုပြီးစိတ်သက်တောင့်သက်သာဖြစ်ရဲ့ လား?

၎)သူ ဝေဒနာကိုဒီထက်ပိုပြီးမခံစားရတော့ပါဘူး။ ရောဂါဝေဒနာကြောင့်သေဆုံးသွားတဲ့သူဖြစ်နေရင်တောင် ဒီလိုစကားတွေမပြောသင့်ပါဘူး။

၅)သေဆုံးသွားသူက သားသမီးဖြစ်နေရင် မင်းမှာ နောက်ထပ်ကလေးတွေ အများကြီးရနိုင်ပါသေး တယ်ဆိုတာမျိုးသွားမပြောမိပါစေနဲ့။ကလေးထပ်ရနိုင်ပေမဲ့လည်း ဆုံးရှုံးသွားတဲ့အတွက်ဝမ်းနည်းကြေကွဲနေတဲ့အချိန်မှာ ဒီစကားနဲ့ဖြေသိမ့်မှုမဖြစ်စေပါဘူး။

၆)မင်းမှာ အခုအချိန်တွေပိုရှိနေပြီ။

ဝေဒနာခံစားနေရတဲ့သူတစ်ယောက်ကိုအမြဲပြုစုစောင့်ရှောက်ပေးနေရလို့ ကိုယ့်အတွက်တောင်အချိန်မပေးနိုင်ဖြစ်တတ်ပါတယ်။ဒါကိုဘေးလူကသိရင်တောင် ဒီလိုစကားမျိုးကိုမပြောသင့်ပါဘူး။လူတစ်ယောက်သေဆုံးသွားတာပျော်စရာကိစ္စမှမဟုတ်ပဲ။

ပြောသင့်တဲ့စကားနဲ့မပြောသင့်တဲ့စကားကိုသေချာမှတ်သားထားပြီး ဆွေမျိုးသားချင်းဆုံးရှုံးလိုက်ရလို့ ၀မ်းနည်းပူဆွေးနေတဲ့သူတစ်ယောက် ကိုသေချာနှစ်သိမ့်ပေးနိုင်ပါစေ။

 

336 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.