ဒါကတော့ မိန်းကလေးတွေအတွက်ဦးတည်ပြီးရေးထားတာပေမယ့် ယောက်ျားလေးတွေအတွက်အသုံးဝင်မယ့်နည်းတွေလည်းပါမယ်လို့ထင်ပါတယ်။ ဒ်ီနည်းတွေကိုသုံးဖို့ရာ ကိုယ်က Crush နဲ့ Social Media တွေပေါ်ပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် မိတ်ဆွေအဆင့်လောက်တော့ရှိနေရပါမယ်။မေးထူးခေါ်ပြောအဆင့်လောက်ဆိုလည်းအဆင်ပြေပါတယ်။ အဓိကကတော့ သင်လုပ်ကိုင်သွားလာနေတာကိုသူမြင်နိုင်ရပါမယ်။ သူ့သူငယ်ချင်းအချို့နဲ့လည်းရင်းနှီိးရပါမယ်။ ဒါပေမယ့် သူနဲ့တအားရင်းနှီးတဲ့ BFF တွေတော့မဖြစ်ရပါဘူး။ ကိုယ့် BFF ရဲ့ ပက်သက်ရာပက်သက်ကြောင်းတွေက မစားကောင်းတဲ့အသီးထဲမှာပါတယ်လေ။ အိုခေ.. ရယ်ဒီိဖြစ်ရင်စကြမယ်။
သူ့အကြိုက်နဲ့ကွက်တိကျအောင်ပြုပြင်ပါ
သူကဘယ်လိုပုံစံလေးကြိုက်လောက်လဲ… စာတအားဖတ်တဲ့ကောင်မလေးတွေကိုကြိုက်တာလား၊မှန်ကြောင်လေးတွေကြိုက်တာလား၊အကိတ်မှကြိုက်တာလား။ထက်မြက်တဲ့မိန်းမဆိုတာဘာညာတွေကိုကြွေတာလား၊ဒါမှမဟုတ် ကိုကို့သဘောဆိုတဲ့အိစိအိစိလေးတွေကိုမှ ချစ်တာလား စသဖြင့်စုံစမ်းပါ။ သူ့အကြိုက်နဲ့ကိုက်ညီအောင်ပြုပြင်ပါ။ ဒါပေမယ့်တအားကြီိးမသိသာပါစေနဲ့ သူ့အကြိုက်ကကိုယ့်အကြိုက်နဲ့အရမ်းတွေကွာနေရင်တော့ပြုပြင်ဖို့မကြိုးစားပါနဲ့၊ကိုယ်တစ်သက်လုံးနေဖို့မဖြစ်နိုင်တဲ့ပုံစံကြီးကိုတော့ စိတ်ဆင်းရဲခံပြီးမပြောင်းသင့်ပါဘူး။ယောက်ျားမရှားပါဘူး။
ကိုယ့်ကိုယ်ကိုယ် Personal Branding လုပ်ပါ
ဒါက သူ့အကြိုက်အတိုင်းကိုယ်မနေနိုင်ရင် ကိုယ်နေတဲ့ပုံစံအတိုင်းသူချစ်လာအောင် လုပ်ယူတာပါ။ ဒီိတစ်ခုက ပိုပြီးတရားနည်းလမ်းကျပါတယ်။ မတော်လို့သူကိုယ့်ကိုပြန်ချစ်လာတောင် ဘာမှကြိုးစားပြောင်းလဲနေစရာမလိုတော့ဘူးပေါ့။ ကိုယ့်ရဲ့အားသာချက်ကိုရှာပါ။ ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာရောပေါ့။ သင်ကအရပ်ရှည်လား.. ဂျင်ဘောင်းဘီနဲ့တီရှပ်လှလှလေးတွေထည်လဲဝတ်ပြပါ၊သင်က စိတ်ဓာတ်ခိုင်မာသူလား၊တအားကြင်နာတတ်သူလား၊သူမြင်အောင် မသိမသာပြပါ။ ဒီနေရာမှာ ဆရာကျဖို့လိုပါတယ်။ သင့်ကိုယ်သင် Personal Branding လုပ်နေတယ်ဆိုတာကို သူသတိထားမိသွားတာနဲ့တစ်ပြိုင်နက်သင့်အကြံအစည်ကြီးကရေစုန်မျောပါပြီ။ ဒီတော့ သတိကြီးကြီးထားပါ။ ဒီအဆင့်မှာသူသင့်ကို မျက်နှာသာပေးလာပြီိဘာညာဆိုရင်တော့အခြေအနေကောင်းတယ်လို့ဆိုရပါမယ်။ မပေးသေးဘူးဆိုရင်လည်း အားမလျှော့ပါနဲ့ နောက်ဆုံးအဆင့်ကျန်ပါသေးတယ်။
သူ့သူငယ်ချင်းတစ်ယောက်နဲ့ ရင်းရင်းနှီိးနှီးနေပြပါ
သင်သာ Personal Branding လုပ်တာဆရာကျရင် သူကပြန်မကြိုက်တောင် လာကြိုက်မယ့်သူတော်တော်များများရှိနေမှာပါ။အဲဒီ့မှာ သူနဲ့အသိအကျွမ်းရှိတဲ့တစ်ယောက်ယောက်နဲ့ နည်းနည်းရင်းရင်းနှီးနှီိးနေပြပါ။ နည်းနည်းဆိုတာက တအားနင်းတွေ ဒိတ်ခိုင်းတာမဟုတ်ပါဘူးနော်။ ရည်းစားမဖြစ်ခင်အနေအထားမှာ ရပ်ထားခိုင်းတာပါ။ သူဘယ်လိုဂရုစိုက်ခံချင်မလဲနားလည်မှုလိုချင်မလဲဆိုတာမျိုးကို မှန်းပြီး သင့်ဘေးကလူကို အနည်းငယ်လျှေြာ့ပီးလုပ်ပေးပါ။နောက်ပိုင်း သူနဲ့တွဲလို့မှ သူ့ကိုပိုနားလည်မပေးနိုင်ရင်စကားနာထိုးစရာရသွားမယ်လေ။
ဒီအဆင့်သုံးဆင့်လုံးရဲ့အသက်ကတော့ သင်သူ့ကိုကြိုက်နေမှန်းသူလုံးဝမသိပါစေနဲ့။သူ့ဘက်ကရိပ်မိသွားတာနဲ့ Game Over ပါ။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ယောက်ျားလေးတစ်ယောက်ကိုကြိုက်လို့ဆိုပြီး ကိုယ့်ဘက်ကချည်းပဲကြိုးစားနေရတာကအလုပ်မဟုတ်ပါဘူး။ကိုယ့်ကိုမချစ်တဲ့သူကလည်းဘယ်လိုနေနေချစ်လာမှာကိုမဟုတ်ပါဘူး။ ကိုယ်ကနည်းနည်းကြိုက်တဲ့အရိပ်အယောင်ပြလို့မှသူ့ဘက်ကမလှုပ်ရှားလာရင် အဲဒီိ့လူကသင်နဲ့မတန်ပါဘူး။ နောက်တစ်ချက်က ရည်းစားရှိတဲ့လူကို မျက်စောင်းတောင်လှည့်မထိုးပါနဲ့။ကောင်းကောင်းကြီးဝဋ်လည်မှာသတိပြုပါ။ Crush ရဲ့ နှလုံးသားကိုအထာကျကျသိမ်းပိုက်နိုင်ကြပါစေ။