သမီးလေးနာမည်ပေးပြီးပြီလို့ အင်စတာဂရမ်ကနေ ပရိသတ်တွေကိုပြောပြခဲ့တဲ့ Kylie Jenner

နာမည်ကျော် Kylie အလှကုန်ပစ္စည်းရဲ့ မူပိုင်ရှင်ဖြစ်တဲ့ Kylie Jenner ဟာ ဖေဖော်ဝါရီ ၁ရက်နေ့က ချစ်စရာသမီးလေးမွေးဖွားခဲ့ပါတယ်။သမီးလေးမွေးဖွား ပြီး သူမရဲ့ အင်စတာဂရမ်မှာ ချစ်စရာသမီးလေးမွေးဖွားတဲ့အကြောင်းနဲ့ပရိသတ်တွေကို ကိုယ်ဝန်စရှိကတည်းက မီဒီယာနဲ့အဆက်အသွယ်ပြတ်နေခဲ့လို့တောင်းပန်တဲ့အကြောင်း စာလေးရေးပြီးတင်ခဲ့တယ် လို့သိရပါတယ်။

Kylie Jenner မွေးဖွားတဲ့အချိန်မှာလည်း ဖေဖေဖြစ်တော့မယ့် Travis Scott ကလည်း Kylie Jenner ရဲ့ မိသားစုတွေနဲ့အတူ တစ်ချိန်လုံးအပြင်မှာစောင့်နေခဲ့တာပါတဲ့။ သူလည်းစိတ်လှုပ်ရှားနေတာပေါ့။

ချစ်စရာသမီးလေးမွေးဖွားပြီးဒီနေ့ ဖေဖော်ဝါရီ ၇ရက်နေ့မှာတော့ Kylie Jenner ဟာ သူ့လက်ကလေးကိုသမီးဖြစ်သူကိုင်ထားတဲ့ပုံလေးနဲ့သမီးလေးကိုနာမည်ပေးပြီးပြီ
ဆိုတဲ့အကြောင်းပရိသတ်တွေကိုပြောပြခဲ့ပါတယ်။


သမီးလေးရဲ့ နာမည်ကို Stormi Webster လို့ပေးထားပါတယ်တဲ့။Travis Scott ရဲ့ နာမည်အရင်းက Jacques Webster လို့သိရပြီး သမီးလေးကို Stormi Webster
လို့ပေးခဲ့တာဖြစ်ပါတယ်။

68 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.