ကြောက်လည်းကြောက်တယ်… မဝင်ပဲနဲ့လည်းမနေနိုင်တဲ့ လူတွေ.. သရဲအိမ်ထဲမှာ ဘယ်လောက်တောင်ကြောက်လန့်နေမလဲဆိုတာကို ရိုက်ကူးထားတာပုံရိပ်တွေဖြစ်ပါတယ်။ သူများကြည့်ပြီး ခွီမနေနဲ့ဦး.. ကိုယ့်အလှည့်ကျ ပြန်အရိုက်ခံနေရမယ်.. xD သူတို့အတွက်တော့ ထိုအချိန်မှာ အရမ်းကြောက်ဖို့ကောင်းနေမှာ မှန်ပေမယ့် ဒီပုံတွေပြန်ကြည့်တဲ့အခါ ကာယံကာရှင်တွေကိုယ်တိုင်လည်း
ရယ်ပြုံးနိုင်မယ်ထင်ပါတယ်။ သရဲအိမ်ထဲမှာ လျှို့ ဝှက်ကင်မရာတပ်ထားပြီး လူတွေရဲ့ချစ်စရာကောင်းတဲ့ မျက်နှာထားလေးတွေကို ပိုင်ရှင်က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘယ်လိုပုံလေးတွေဖြစ်မလဲ..
ဒါဘယ်လို ယောဂလေ့ကျင့်ခန်းလဲ ?
တစ်မိသားစုလုံး ဟိုဆွဲ ဒီဆွဲ xD
ကြောက်ပေမယ့် ပြူးနိုင်သေးတယ်…. o_o
ဟုတ်ပြီ.. အော်ထား
ဘာများမြင်လိုက်လို့လဲ…
ကြောက်နေတာလား… လူသတ်နေတာလား
အတွဲလိုက်လေး… အော်မယ်
ကိုယ်လွတ်ရုန်းချင်ပေမယ့် ချစ်သူမှဆွဲထားသောအခါ
အဝါရောင်လေးက ဘယ်သူလဲ..ဘယ်ကလဲကွယ်… 😀
မိန်းမသားတစ်ယောက်လုံး ရှေ့ကမားမားမတ်မတ်ကာကွယ်မယ်..
အာ့ဘာဖြစ် ? -_-
တစ်ယောက်တည်း ထားခဲ့ဖို့မစဉ်းစားပါနဲ့ :/
သူရဲကောင်း ဘိုးဘိုး
သူတို့နောက်တစ်ခါ ထပ်မလာလောက်တော့ဘူး… 🙁
ဒီပုံရိပ်တွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လည်း ဒီလိုအခြေအနေရောက်ရင် ဒီလိုဖြစ်နေမယ်လို့ထင်ပါတယ်။ စာဖတ်သူတို့ရော သရဲအိမ်ထဲဝင်ဖူးလား..ဘယ်လိုခံစားရလဲ… ကိုယ်ပိုင်အတွေ့အကြုံလေးတွေကို ပြန်အမှတ်ရစေတဲ့အနေနဲ့ ကွန့်မန်မှာမျှဝေခဲ့ပါဦး… 😉