ဆီလီနာ ဂိုးမက်ကို ဂျက်စတင်ဘာကြောင့် ရူးသွပ်ရတယ်ဆိုတဲ့ အကြောင်းရင်း

ဆီလီနာရဲ့ဘရာမပါပုံရိပ်တွေ အရင်တုန်းက ခဏခဏ တက်လာတာ ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါ။ ဒါကို သူတို့ဆီမှာ ဖက်ရှင်ကျတယ်လို့ သတ်မှတ်ကြတယ်။ ဖက်ရှင်အမြင်ဆိုတာထက် Personal comfort ဖြစ်တယ်လို့ ပိုမြင်ပါတယ်။ ဘရာဝတ်ထားခြင်းရဲ့အကျိုးရလဒ်ကို မိန်းကလေးတွေပဲ သိနိုင်မယ်လေ။ ရာသီဥတုပူအိုက်လာရင် အတွင်းက တင်းကြပ်လာတဲ့ခံစားချက်ဟာ လူကိုတစ်နေ့လုံး မွန်းစေတယ်။ အရင်က ဆီလီနာနဲ့ ဂျက်စတင်ပြတ်ပြီး အခုပြန်တွဲနေပြီဆိုတော့ ဘာကြောင့် ဂျက်စတင်ဟာ သူမဘဝထဲကို ပြန်ဝင်ချင်ရတာဖြစ်မလဲ? ဆီလီနာရဲ့ကျန်းမာရေးအခြေအနေအရ ကျန်ရှိသေးတဲ့လက်ကျန်အချိန်လေးမှာ တကယ်ချစ်ရတဲ့သူနဲ့ အချိန်အတူကုန်ဆုံးသွားချင်တာလည်းဖြစ်နိုင်သလို ဖော်ပြပါ ဆီလီနာရဲ့ဘရာမပါပုံရိပ်တွေဟာ ဂျက်စတင်ကို ရူးသွပ်စေတယ်ဆိုတာလည်း သက်သေပြနေပါတယ်တဲ့။

မိန်းကလေးတွေကတော့ ပြောကြတယ်.. ဆီလီနာ အရမ်းကံကောင်းတယ်တဲ့။မိန်းကလေးဖြစ်ပြီး အပြင်ထွက်လည်း လွတ်လပ်စွာ ဘရာမဝတ်နိုင်တာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ…

ကမ္ဘာကျော် အဆိုတော်မို့လို့များလား.. ဘရာမပါတာတောင် ဆွဲဆောင်မှုရှိပြီး အားပေးနေကြတဲ့ ပရိသတ်တွေကရှိနေမြဲပဲ…

ဆီလီနာဟာ ဘရာမဝတ်ပဲ နေတဲ့အချိန်တွေများပါတယ်… ဒီလိုနေရခြင်းက သူမကို သက်တောင့်သက်သာဖြစ်စေတယ်

သဘာဝကျကျ ဆွဲဆောင်မှုရှိခြင်း တစ်မျိုးပါပဲ..

ပွဲတွေသွားလည်း ဘရာမပါပဲ တက်နိုင်တဲ့ ဆီလီနာလေး

သူမရဲ့မိတ်ကပ်ပါးပါးခြယ်လိမ်းခြင်းနဲ့ ဘရာမပါတဲ့စတိုင်လ်က ပရိသတ်တွေကြားရေပန်းအစားဆုံး ဖက်ရှင်တစ်ခုပါပဲ

လေ့လာမှုများအရ ဘရာမဝတ်ဆင်ခြင်းဟာ ပခုံးနာကျင်ခြင်းကို လျော့ကျစေပြီးတကယ်တော့ ဘရာဝတ်ထားရင် ရင်သားကိုတောင် ပိုတွဲကျစေတယ်လို့သိရတယ်။ ဒီလောက်ဆို ဂျက်စတင် ဘာလို့ ဆီလီနာကို ရူးသွပ်ရလဲဆိုတာ သိရဖို့ လုံလောက်ပြီထင်ပါတယ်…

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.