အရက်သမားပေါင်း အမျိုးမျိုးရှိရာဝယ်.. သင်ဟာ ဘယ်လိုအရက်သမားဖြစ်မလဲကွယ်…

သောက်ရတာ ပျော်ဖို့ကောင်းတယ်။ ဝမ်းနည်းလည်းသောက်၊ ပျော်လည်းသောက်၊ စိတ်ညစ်လည်းသောက်… ဘာဖြစ်ဖြစ်သောက်။ သောက်နေရရင် သေချာတာတစ်ခုကတော့ ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ မတွေးချင်တဲ့ကိစ္စတွေအားလုံးနဲ့ ဝေးသွားစေတယ်လို့ ခံစားရတယ်ဟုတ် ?
လူတွေက မူးလာရင် တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ မူးရင် ငိုတဲ့သူ၊ ပျော်တဲ့သူ ၊ စကားများလွန်းတဲ့သူနဲ့ အမျိုးကိုစုံလို့ပါပဲ။ သင်ကော မူးရင် ဘယ်လိုဖြစ်တတ်လဲ.. အများအားဖြင့် တွေ့ရတတ်တဲ့ အရက်သမား အမျိုးစားလေးတွေကို ဝေမျှပေးလိုက်တယ်.. ဖတ်ကြည့်, ကြည့်ပါဦး

တည်ငြိမ်သူ


တစ်ချို့ က မူးရင် အသံတိတ်သွားပြီး အေးဆေးနေတယ်။ တစ်ယောက်တည်းဆိုမူးနေရင် ခုံပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတတ်ပြီး ဘေးနားမှာ လူတစ်ယောက်ရှိရင်လည်း အေးဆေးပဲထိုင်ပြီး စကားပြောနေတတ်တယ်။ အပြောများတဲ့ကိစ္စကတော့ ဘဝအကြောင်းပေါ့။ အရက်မူးပြီဆို စကားပြောတေကသွက်ပြီး ပိုတည်ငြိမ်လာတယ်။

ပညာရှိ

အရက်မူးပြီဆို ပညာရှိဆန်လာတဲ့ သူငယ်ချင်းတွေ အနည်းကျဉ်းတော့ရှိမယ်ထင်တယ်။ သူတို့လည်း မသိဘူး.. မူးနေရင် ဘာတွေပြောမှန်း… ။ဘဝအကြောင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး စိတ်ညစ်စရာတွေအကြောင်း သူတို့ဆွေးနွေးခန်းဖွင့်မယ်။ စကားပြောရတာကို သူတို့
ကြိုက်တာမို့ မူးလာပြီဆို အသေငြင်းသလားမမေးနဲ့… စကားပြောနေရင်း ထထငြင်းတတ်တာ ဒီလူတွေရဲ့စိတ်တိုချင်စရာကောင်းတဲ့အချက်ပဲ… :/

အဆိုတော်


အရည်လေးမဝင်ခင်မှာတော့ အေးဆေးပဲ။ အရက်မူးလာပြီဆို တွေ့ရာ ပုလင်း(သို့) ခွက်ကိုဆွဲပြီး မိုက်ခ်လုပ်ကာ သီချင်းတွေအော်ဆိုတော့တာပဲ။ သီချင်းဆိုရတာကိုပျော်မွေ့တဲ့ ဓာတ်ခံက နောက်ကွယ်မှာကိန်းအောင်းနေတော့ အရက်လည်းမူးရော အဲ့ဒါတွေအားလုံးပွင့်ထွက်လာတယ်ဆိုပါတော့။
တစ်ခုရှိတာက ဒီလိုလူမျိုးတွေနဲ့ အရက်သောက်ရတာ ပျော်စရာတော့ကောင်းတယ်။

အငိုသမား


အများစု တွေ့ရတတ်တဲ့လူမျိုးတွေ… :3 မူးတာနဲ့ ငိုတာပဲ။ အစတည်းက စိတ်ညစ်စရာရှိလို့ သောက်ပြီးငိုတာမျိုးဆို မပြောဘူး။ ပျော်လို့သောက်လည်း အရည်ဝင်သွားတာနဲ့ ငိုတာပဲ.. ဘာဖြစ်လဲတော့မသိဘူး။ စိတ်ခံစားချက်လွယ်တဲ့ လူမျိုးမို့ထင်ပါတယ်။ ငိုရင်လည်း အေးဆေးမငို ၊ ဘေးနားကလူတွေ
မချော့ပဲ မနေနိုင်အောင် မျိုးစုံမျက်ရည်ကျပြတယ်။ ဒါလည်း ချစ်ဖို့ကောင်းတာပါပဲလေ… ။

အဒွန့်တစ်လိုင်း


မူးရင် ကခုန်ကြတဲ့လူတော့များမယ်ထင်တယ်။ ကလပ်တွေမှာ အရက်မူးရင် ဒီလူတွေနဲ့ ကွက်တိပဲ။ မူးပြီဆိုတာနဲ့ တီးလုံးသံကြားရင် ထကတော့တာပါပဲ။ ဂီတဟာ လူရဲ့စိတ်ကိုမြူးကြွစေတယ်ဆိုတာမှန်ပေမယ့် ဒီလူတွေကိုတော့အထိန်းကွပ်မဲ့စေတယ်။ ကောင်းပါတယ်… စိတ်လွတ်လက်လွတ် ကခုန်လိုက်တာက စိတ်ထွက်ပေါက်ပေးလိုက်ခြင်းတစ်မျိုးပါပဲ။

သွေးဆူသူများ


ဒီလိုလူမျိုးတွေက အဆိုးဆုံးပဲ။ အရက်မူးရင် သွေးဆူတာ။ သွေးဆူပြီး မျက်စိထဲ ကြည့်မရတဲ့လူဆို ပြဿနာတွေသွားရှာရော။ တစ်ဖက်က ရန်မလိုတဲ့သူဆို ကိစ္စမရှိဘူး။ တစ်ဖက်ကလည်း ထစ်ခနဲရှိ ဝုန်းတဲ့သူဆို ပွဲက ကောင်းပြီပဲ။ ပြီးရင် ရဲစခန်းရောက် ၊ အချုပ်ခန်းထဲမှာအိပ်… ။ ဒီထက်ပိုဆိုးရင်ရုံးရောက်တဲ့ထိ ဖြစ်မယ်။

အချစ်ကြမ်းသူ


အချစ်တွေ ပြည့်လျှံနေသူ (သို့) အချစ်ဇိုးလေးပေါ့။ xD မူးရင်တွေ့ကရာလူတိုင်းချစ်တဲ့အကြောင်းတွေ လိုက်ပြောတတ်တယ်။ သူငယ်ချင်းတွေကို သူဘယ်လောက်ချစ်ကြောင်း ၊ ဘယ်လောက်ခင်တွယ်ကြောင်းပြောပြီး ပိုအချစ်ကြမ်းလာရင် အာဘွားတွေပါ ပေးလိမ့်မယ်။ ဒီလူတွေကတော့ ဗွေမယူပါနဲ့။ ချစ်တတ်တာကို… ဒါမျိုးလက်ခံသင့်သည်။

အိပ်ပျော်သွားသူ


အရမ်းပလပ်ကျွတ်သွားရင် ဘာမှမသိတော့ဘူး။ ဘာမှလည်းမပြောတော့ဘူး။ ဘယ်သူ့ကိုမှလည်း ရန်မရှာတော့ဘူး။ မငိုဘူး..သီချင်းမဆိုဘူး။ သူက အနှစ်ချုပ်ပဲ။ အိပ်သွားတာ.. -_- နှိုးလည်း မနိုးတော့ဘူး။အပြင်မှာသွားသောက်တဲ့အခါသူအိပ်ပျော်နေတဲ့နေရာမှာ ထားခဲ့လို့လည်းမဖြစ်ဘူး။ ဘေးနားက ထိန်းပေးစရာတော့မလိုပေမယ့် အိပ်ပျော်နေတဲ့သူကို သယ်ရတဲ့ကိစ္စကတော့ အလုပ်ပိုစေတယ်။

ကဲ…စာဖတ်သူတို့ရော ဘယ်ပုံဘယ်နည်းနဲ့မူးကြလဲ..ကိုယ့်ရဲ့အတွေ့အကြုံလေး
တွေ ကွန်မန့်မှာ သူငယ်ချင်းတွေနဲ့အတူ မျှဝေခဲ့ပါဦး…. 😉

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.