ကားထဲမှာဆေးလိပ်နံ့တွေမွှန်ထူနေတာကို ဒီလိုနည်းလမ်းတွေနဲ့ဖယ်ရှားနိုင်

ဆေးလိပ်သောက်တတ်တဲ့သူဆိုတာ တစ်နေ့ကို အနည်းဆုံး၁ဘူးကုန်အောင်တော့ သောက်လေ့ရှိကြပါတယ်။ ဆေးလိပ်သောက်နေတဲ့လူအနားကပ်မိရင်တောင် ဆေးလိပ်နံ့က မွှန်နေလို့နှာခေါင်းပိတ်ပြီးသွားနေရတဲ့အဖြစ်တွေလည်းရှိပါတယ်။

ကားထဲမှာသောက်ရင်ပိုဆိုး။ဆေးလိပ်အနံ့တွေက ကားထဲမှာစွဲကျန်ရစ်ခဲ့တာပါ။ဆေးလိပ်က ကိုယ်ကြိုက်လို့သောက်တယ်ဆိုပေမဲ့ တခြားသူတွေအတွက်၊ပတ်ဝန်းကျင်အတွက် အနှောင့်အယှက် မဖြစ်ဖို့လည်းလိုပါတယ်။အခုသင့်ရဲ့ ကားထဲမှာဆေးလိပ်နံ့တွေစွဲနေတယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ပျောက်အောင်လုပ်ရမလဲဆိုတာပြောပြပေးသွားပါမယ်။

၁။ကော်ဖီမှုန့်

ကားထဲမှာဆေးလိပ်နံ့တွေအစား ကော်ဖီနံ့လေးမွှေးပျံ့နေအောင်လုပ်ထားပါ။ကော်ဖီအနံ့ကလည်း စူးရှတာကြောင့်ဆေးလိပ်ငွေ့ကိုဖုံးထားနိုင်ပါတယ်။ပထမဆုံးကားတံခါးတွေပိတ်ပြီး ကော်ဖီမှုန့် ထည့်ထားတဲ့ခွက်လေးကိုထည့်ထားလိုက်ပါ။နာရီအနည်းငယ်အတွင်းဆေးလိပ်နံ့တွေပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

၂။ရှာလကာရည်

ရှာလကာရည်သုံးပြီးဆေးလိပ်နံ့ဖျောက်တာက ဟိုးရှေးရှေးကတည်းကလက်ဆင့်ကမ်းလာတဲ့ နည်းတစ်ခုပါ။ကားတွေမှာ ကော်ဖီခွက်ဘာညာထည့်လို့ရတဲ့လက်ကိုင်တန်းလေးတွေရှိတတ် ပါတယ်။ သင်လုပ်ရမှာက ကော်ဖီခွက်အလွတ်ထဲမှာအဖြူရောင်ရှာလကာရည်ထည့်ထားပြီး တစ်ညလုံးကားထဲမှာထားရုံပါပဲ။ဆေးလိပ်နံ့တွေအပြင် တခြားအနံ့တွေကိုလည်းပျောက်စေပါတယ်။

၃။သစ်ကြံ့ပိုးခေါက်

ကားထဲမှာဆေးလိပ်နံ့၊အောက်သိုးသိုးနံ့စသဖြင့်ဆိုးရွားတဲ့အနံ့တွေထွက်နေတယ်ဆိုရင်ဖယ်ရှားနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုကတော့ သစ်ကြံ့ပိုးခေါက်အချောင်းလေးတွေပါ။ အမှုန့်လည်းရှိပါတယ်။ သစ်ကြံ့ပိုးခေါက်ကိုရေနွေးပွက်ပွက်ဆူချိန်မှာလောင်းထည့်ပြီး ခွက်ကြီးတစ်ခုထဲထည့်ပါ။ပြီးရင်အဲ့ဒီခွက်ကိုကားထဲထည့်ထားရုံပါပဲ။နာရီအနည်းငယ်ကြာရင် အနံ့တွေပျောက်သွားတာတွေ့ပါလိမ့်မယ်။

၎။လိမ္မော်ခွံ၊ရှောက်သီးခွံ

Citrus အက်စစ်ဓာတ်ပါတဲ့လိမ္မော်ခွံ၊ရှောက်သီးခွံတွေထားပြီးတော့လည်း သင့်ကားထဲက ဆေးလိပ်နံ့ကို ဖျောက်နိုင်ပါတယ်။လိမ္မော်ခွံတွေကိုခွက်တစ်ခုထဲမှာစုထည့်ထားပါ။ ပြီးရင်ကားထဲမှာထည့်ထားမယ်ဆိုင် အနံ့ဆိုးတွေစုပ်ယူပြီးလတ်ဆတ်ပြီး မွှေးပျံ့တဲ့အနံ့သင်းသင်းလေးကိုတောင်ရနိုင်ပါတယ်။

၅။မီးသွေး

ကားထဲကဆေးလိပ်နံ့တွေကိုပျောက်ကင်းစေမယ့်နောက်ထပ်နည်းလမ်းတစ်ခုကတော့ကားထဲမှာမီးသွေးအိတ်လေးထားတာပါ။မီးသွေးက အနံ့ဆိုးတွေကိုစုပ်ယူနိုင်တဲ့အတွက် အလွယ်တကူဝယ်ယူရရှိနိုင်တဲ့မီးသွေးထုပ်အသေးလေးတွေကိုကားထဲမှာထည့်ထားနိုင်ပါတယ်။

၆။သတင်းစာ

ဒီနည်းလမ်းကတော့ တော်တော်လေးကိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတစ်ခုပါပဲ။ ထိရောက်မှု လည်းရှိပါတယ်။တကယ်လို့များသင့်ကားထဲက သင်သောက်လို့ဖြစ်စေ၊ တခြားသူတွေ သောက်သွားလို့ဆေးလိပ်နံ့တွေစွဲကျန်ခဲ့တာဖြစ်စေ အနံ့တွေဖျောက်ချင်တယ်ဆိုရင် သတင်းစာစက္ကူတွေကိုလုံးခြေပြီးကားထဲမှာထည့်ထားရုံပါပဲ။တညလုံးထားထားလိုက်မယ်ဆိုရင် သတင်းစာစက္ကူကဆေးလိပ်နံ့ကိုစုပ်ယူပြီးအနံ့ပျောက်ကင်းစေတယ်လို့သိရပါတယ်။

 

409 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.