အရုပ်ဆိုးလှတဲ့ကော်ဖီအစွန်းအထင်းကွက်တွေကို ဘယ်လိုသန့်စင်ဖယ်ရှားကြမလဲ?

အကျီအဖြူဖြစ်စေ၊တခြားအကျီတွေအပေါ်မှာဖြစ်စေ ကော်ဖီတွေမှောက်ကျပြီးစွန်းထင်းသွားခဲ့ရင် တော်တော်လေးနှမြောမိမှာ အသေအချာပါပဲ။အဖြူရောင်ကလည်းစွန်းထင်းလွယ်လို့ သေချာဂရုတစိုက်သွားလာပေမဲ့မတော်တဆကော်ဖီတွေစွန်းထင်းသွားခဲ့ရင် ဖယ်ရှားနိုင်အောင် နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

၁။ကော်ဖီတွေအကျီပေါ်ပေသွားပြီ၊စွန်းသွားပြီဆိုတာနဲ့ မြန်မြန်လေးတစ်ရှူး၊ အ၀တ်စနဲ့သုတ်လိုက်ပါ။အဲ့ဒါမှ အရည်တွေပျံ့နှံ့ပြီးအကွက်အကြီးကြီးဖြစ်သွားတာ ကိုတားဆီးနိုင်မှာပါ။

၂။ကော်ဖီတွေစွန်းထင်းသွားတဲ့အကျီကိုယူပြီး ရေခဲရေထဲမှာ ၅မိနစ်လောက်စိမ်ထားပါ။ စိမ်ထားပြီးကော်ဖီအစွန်းကွက်ကိုဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။အစွန်းကွက်ပျောက်သွားတဲ့အထိ ရေခဲရေထဲမှာစိမ်ထားပြီးပွတ်ပေးလို့ရပါတယ်။ကော်ဖီတွေစွန်းတာကြာနေပြီဆိုရင်တော့ ဖယ်ရှားရတာလည်းကြာပါလိမ့်မယ်။ခဏခဏလုပ်ပေးဖို့လိုပါတယ်။ခဏလေးပဲရှိသေးတယ်ဆိုရင်တော့ အလွယ်တကူနဲ့ဖယ်ရှားလို့ရနိုင်ပါတယ်။

၃။ကော်ဖီအစွန်းကွက်မပျောက်သေးဘူးဆိုရင် ရေစိုနေတုန်း အ၀တ်လျှော်ဆပ်ပြာရည်အနည်းငယ် ကိုယူပြီးအစွန်းကွက်မှာပွတ်လိုက်ပါ။ဆပ်ပြာရည်နဲ့ပွတ်ပြီးရင်ရေမဆေးပဲ ၅မိနစ်လောက် ဒီတိုင်းထားထားပါ။ပြီးရင်တော့ ဘရပ်ရှ်ကိုမသုံးပဲလက်ချောင်းတွေနဲ့သာ ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။နောက်ဆုံးရေအေးနဲ့ဆေးချလိုက်ပါ။

၎။ကော်ဖီအစွန်းအကွက် ဆပ်ပြာရည်နဲ့လည်းမပျောက်သေးဘူးဆိုရင် ရှာလကာရည်နဲ့ရောစပ် သုံးပေးဖို့လိုပါတယ်။ဆပ်ပြာမှုန့်အနည်းငယ်ကို အဖြူရောင်ရှာလကာရည်နဲ့ဆတူရောစပ်ပြီးပျစ်ပျစ် လေးဖြစ်အောင် လုပ်ပါ။ရလာတဲ့အရည်ကို အစွန်းကွက်ပေါ်မှာပွတ်တိုက်လိမ်းလိုက် ပါ။ပြီးရင်သွားပွတ်တံ အဟောင်းကိုယူပြီးညင်သာစွာအစွန်းကွက်ကိုဖယ်ရှားလိုက်ပါ။ ခဏနေရင်တော့ရေဆေးချလို့ရပါပြီ။

၅။နောက်ဆုံးအပေါ်ကနည်းလမ်းတွေနဲ့ကော်ဖီအစွန်းကွက်ကိုချွတ်မရဘူးဆိုရင် Stain Stick ဆိုတဲ့အစွန်းအထင်းတွေဖယ်ရှားပေးတဲ့အတောင့်ကိုသုံးပါ။Stain Stick လေးနဲ့ အစွန်းကွက်ပေါ် မှာသုတ်လိမ်းပေးထားပြီး ၅မိနစ်လောက်ထားပါ။Stain Stick ၀ယ်တဲ့အခါမှာလည်း အကျီသားကို ထိခိုက်မှုမရှိစေတဲ့အရာကိုရွေးချယ်ဝယ်ယူဖို့ သတိပေးချင်ပါတယ်။၅မိနစ်ဖြစ်စေ၊ ၁၀မိနစ်ဖြစ်စေ ထားပြီးတဲ့ နောက် ဆပ်ပြာရည်နဲ့ပုံမှန်အ၀တ်လျှော်သလိုပဲစိမ်ပြီး လျှော်ဖွပ်ပေးပါ။အစွန်းကွက်တွေ ပျောက်ပြီဆိုတာသေချာမှ အ၀တ်အခြောက်ခံစက်ထဲကိုထည့်ပါ။အပူပေးတာက အစွန်းကွက်တွေဖြစ်တဲ့နေရာကိုပုံမှန်အနေအထားရောက်အောင်ကူညီပေးနိုင်ပါတယ်။

 

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.